နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘူဒါပတ်စ်မှာ ဟန်ဂေရီနဲ့ ကစားတိုင်း ရုန်းကန်ခဲ့ရတဲ့ ပြင်သစ် – ယူရို ၂၀၂၀ ပွဲပြီးသုံးသပ်ချက်

ဟန်ဂေရီ ၁ – ၁ ပြင်သစ်

(ဖီအိုလာ ၄၅+၂’) (အန်တိုနီဂရစ်ဇ်မန်း ၆၆’)

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဟန်ဂေရီနဲ့ ပြင်သစ်တို့ရဲ့ ပွဲစဉ်မှာတော့ အိမ်ရှင် အသင်းရဲ့ မထင်မှတ်ထားတဲ့ တုန့်ပြန်မှုတွေကြောင့် ပြင်သစ်တို့ သရေတစ်မှတ် ရဖို့တောင် နောက်ကနေ လိုက်ကစားခဲ့ရပါတယ်။ ဒါ့ကြောင့် ယူရို ၂၀၂၀ ရဲ့ မရဏ အုပ်စု(F)ရဲ့ အကောင်းဆုံး အသင်းအဖြစ် သတ်မှတ်ခံထားရတဲ့ ပြင်သစ်တို့ စောစောစီးစီး ရှုံးထွက်တက်နိုင်မယ့် အခွင့်အရေးနဲ့ လွဲချော်သွားခဲ့ပါတယ်။ ပြင်သစ်တို့ အုပ်စု တက်ဖို့ သေချာသလောက် ရှိနေပေမယ့် ချန်ပီယံလမ်းကြောင်း အတွက် ဆိုရင်တော့ ပေါ်တူဂီနဲ့ ကစားရမယ့် အုပ်စု နောက်ဆုံး ပွဲစဉ်ဟာ အရေးကြီးသွားခဲ့ပါတယ်။

ဒီနေ့ပွဲမှာ ဟန်ဂေရီ နည်းပြ မာကို ရော့ဆီ အနေနဲ့ လိုဗရန်ချစ် နေရာမှာ နီဂိုကို အသုံးပြုခဲ့တာ ကလွဲရင် ပေါ်တူဂီနဲ့ ပွဲတုန်းက လူစာရင်း အတိုင်းပဲ ပွဲထွက်လာခဲ့ပြီး ပြင်သစ် ကလည်း ဟာနန်ဒက်စ် နေရာမှာ ဒီဂနေး ပါဝင်လာတာ ကလွဲရင် အဓိက လူစာရင်းနဲ့ပဲ အိမ်ရှင် အသင်းကို ရင်ဆိုင်လာခဲ့ပါတယ်။ ဒီနေ့ပွဲမှာလည်း ဟန်ဂေရီတို့ ပွတ်ရှ်ကတ်စ် ကွင်းရဲ့ အိမ်ကွင်းပရိသတ် ၆၀၀၀၀ ရှေ့မှောက်မှာ ပေါ်တူဂီနဲ့ ပွဲတုန်းက အတိုင်း ပြင်သစ်ကို မာမာထန်ထန် တုန့်ပြန် ကစားသွားခဲ့ပါတယ်။ ပြင်သစ် ကတော့ ပြိုင်ပွဲရဲ့ ရေပန်းအစားဆုံး ဖြစ်နေပေမယ့် လက်ရှိအထိတော့ တည်ငြိမ်တဲ့ ခြေစွမ်းကို မမြင်ရသေးသလို တိုက်စစ်မှူးတွေလည်း ဂိုးသွင်းဖို့ တော်တော်လေး ရုန်းကန်နေရတာပါ။ အန်ဘာပေးနဲ့ ဂရစ်ဇ်မန်းတို့ ပြီးခဲ့တဲ့ ပွဲကထက် ခြေစွမ်း ပိုကောင်းလာပေမယ့် ဘင်ဇီမာရဲ့ ဖြန်းတီးမှုတွေနဲ့ အူစမန်နီ ဒမ်ဘီလီရဲ့ ဒဏ်ရာ ပြသနာက ပြင်သစ် အနေနဲ့ အနိုင်ရဖို့ အထိ လုံလောက်တဲ့ အခြေအနေမှာ မရှိခဲ့တာ ဖြစ်ပါတယ်။ ဟန်ဂေရီ အတွက် ဦးဆောင်ဂိုး ကိုတော့ ပထမပိုင်းပြီးလို့ နာကျင် အချိန်ပို ၂ မိနစ်မှာ ဖီအိုလာက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ပြင်သစ် နောက်တန်းက ဘင်ဂျမင် ပါဗက်ရဲ့ ပေါ့ဆမှုက တစ်ဆင့် ဖီအိုလာ လွတ်ထွက်သွားပြီး ဂိုးသမား လိုရစ်နဲ့ တစ်ဦးချင်း အတွေ့မှာ ညာဘက်ထောင့်ထဲကိုပဲ အမှားအယွင်းမရှိ ကန်သွင်းပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ဒုတိယပိုင်းမှာ ပြင်သစ်တို့ ဒမ်ဘီလီ၊ တိုလစ်ဆို၊ ဂျရူး၊ လီမား တို့ထည့်ပြီး တိုက်စစ် မြှင့်ခဲ့ပေမယ့် ပွဲချိန် ၆၆ မိနစ်မှာ ဂရစ်ဇ်မန်းရဲ့ တစ်ကိုယ်တော် စွမ်းဆောင်ရည်နဲ့ သွင်းယူပေးလို့ ချေပဂိုး ရခဲ့တာ ကလွဲရင် အနိုင်ဂိုးတွေတော့ သွင်းယူနိုင်ခဲ့ခြင်း မရှိပါဘူး။ ပွဲဦးထွက် ဂျာမနီကို အနိုင်ရပြီး ၃ မှတ်ရထားပေမယ့် အခုပွဲမှာ ရမှတ် ဆုံးရှုံးခဲ့ရတဲ့ ဒက်စ်ရွှမ့်တို့ ကမ္ဘာ့ချန်ပီယံ တို့ကတော့ ၂ ပွဲကစား၊ ၁ ပွဲနိုင်၊ ၁ ပွဲသရေ ရမှတ် ၄ မှတ်နဲ့ အုပ်စု ပထမနေရာမှာ ရပ်တည်နိုင်ဆဲ ဖြစ်ပေမယ့် ရှုံးထွက်အဆင့် တိုက်ရိုက် တက်ရောက်နိုင်ဖို့ ဆိုရင်တော့ အုပ်စု နောက်ဆုံးပွဲမှာ ရလဒ်ကောင်းဖို့ လိုအပ်သွားခဲ့ပါပြီ။ အိမ်ရှင် ဟန်ဂေရီ ကတော့ ဂျာမနီနဲ့ အုပ်စု နောက်ဆုံး ပွဲစဉ်မှာ အနိုင်ရမှပဲ ယူရို ၂၀၂၀ ရဲ့ အုပ်စု အဆင့်ကို ကျော်ဖြတ်နိုင်တော့မှာ ဖြစ်ပါတယ်။

အိမ်ရှင် ဟန်ဂေရီ ကတော့ ဂျာမနီနဲ့ အုပ်စု နောက်ဆုံး ပွဲစဉ်မှာ အနိုင်ရမှပဲ ယူရို ၂၀၂၀ ရဲ့ အုပ်စု အဆင့်ကို ကျော်ဖြတ်နိုင်တော့မှာ ဖြစ်ပါတယ်။
ရှုံးထွက်အဆင့် တက်ရောက်နိုင်ရေး အတွက် နောက်ဆုံးပွဲမှာ ဂျာမနီကို အနိုင်ကစားရမယ့် ဟန်ဂေရီ

 

ကြယ်ပွင့် ကစားသမား – လက်ဇ်လို ကလန်ဟိုင်စလာ

(စာရေးသူ စိတ်ကြိုက်ကစားသမား – အန်တိုနီ ဂရစ်ဇ်မန်း)

ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆု ကိုတော့ ဟန်ဂေရီ ကွင်းလယ် ကစားသမား လက်ဇ်လို ကလန်ဟိုင်စလာ က ရရှိသွားခဲ့ပြီး ပွဲစဉ်တစ်လျှောက်လုံး အသင်းရဲ့ ခံစစ်ကို အကောင်းဆုံး ထိန်းကျောင်းနိုင်ခဲ့သလို တိုက်စစ် အသွင်ပြောင်းတဲ့ နေရာ မှာလည်း အရေးပါခဲ့သူ ဖြစ်လို့ ရွေးချယ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။ ဒီပွဲအတွက် စာရေးသူ စိတ်ကြိုက်ကစားသမား ဆိုရင်တော့ အန်တိုနီ ဂရစ်ဇ်မန်းကိုပဲ ရွေးချယ်မိမှာပါ။ ပြင်သစ် အတွက် ခက်ခဲနေတဲ့ ကြားက သရေတစ်မှတ် အတတ်နိုင်ဆုံး ယူပေးခဲ့တဲ့ အပြင် အခွင့်အရေး ဖန်တီးမှု ၃ ကြိမ် အထိ ပြုလုပ်ပေးခဲ့သူ ဖြစ်ပါတယ်။ အန်ဘာပေး ကတော့ တစ်ပွဲလုံးမှာ ဂိုးကန်သွင်းခွင့် ၆ ကြိမ်အထိ ရရှိခဲ့သလို အခွင့်အရေး ဖန်တီးမှု ၂ ကြိမ် ပြုလုပ်ပေးခဲ့ပေမယ့် ဘန်ဇီမာ လိုပဲ အခွင့်အရေး တော်တော်များများကို ဖြုန်းတီးပစ်ခဲ့လို့ ချီးကျူးချင်ပေမယ့် ဝေဖန်ခံရဖို့ပဲ ပိုပြီး ထိုက်တန်ခဲ့တယ်လို့ ဆိုရမှာပါ။

 

ပွဲပြီးအချက်အလက်များ

  • ပြင်သစ် တိုက်စစ်မှူး အန်တိုနီ ဂရစ်ဇ်မန်းဟာ ပြင်သစ် လက်ရွေးစင် အသင်းအတွက် ပွဲ ၅၀ ဆက်တိုက် ကစားခွင့်ရတဲ့ ကစားသမား ဖြစ်လာပါတယ်။
  • အခုပွဲမှာ သွင်းဂိုး ၁ ဂိုးထပ်ရခဲ့တဲ့ ဂရစ်ဇ်မန်း အနေနဲ့ ယူရိုပြိုင်ပွဲ သမိုင်းတစ်လျှောက် တတိယမြောက် ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။ (ခရစ္စတီယာနိုရော်နယ်ဒို ၁၂ ဂိုး၊ မစ်ချယ်ပလာတီနီ ၉ ဂိုး၊ အလန်ရှီးယား ၇ ဂိုး၊ အန်တိုနီဂရစ်ဇ်မန်း ၇ ဂိုး၊ သီဟာရီ အွန်နရီ ၆ ဂိုး)
  • ပြင်သစ်တို့ တိုက်စစ်မှူး ဂရစ်ဇ်မန်း ဂိုးသွင်းတဲ့ ပွဲတိုင်း မရှုံးခဲ့တဲ့ အခု ဟန်ဂေရီ ပွဲနဲ့ပါ ဆိုရင် ၃၄ ပွဲအထိ ရှိခဲ့ပါပြီ။ (ပွဲ ၃၀ နိုင်၊ ၄ ပွဲ သရေ)
  • ပါရီမြို့ဖွား ဟန်ဂေရီ ကစားသမား လိုရစ် နီဂို ဟာ ၂၀၁၀ ဥရောပ ချန်ပီယံရှစ် ယူ-၁၉ ပြိုင်ပွဲမှာ ဂရစ်ဇ်မန်းနဲ့ အတူ ပြင်သစ် အတွက် ချန်ပီယံဆု ရယူပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။
  • ဟန်ဂေရီကို သရေကျခဲ့တဲ့ ပြင်သစ်တို့ ပြီးခဲ့တဲ့ ၅ ပွဲဆက် ပေးဂိုးမရှိ နိုင်ပွဲရထားတဲ့ စံချိန်ကောင်းလည်း ပျက်သွားခဲ့ပါတယ်။
  • ပြင်သစ် တို့ နောက်ဆုံး ကစားခဲ့တဲ့ ယူရိုပြိုင်ပွဲ အုပ်စု ပွဲစဉ် ၇ ပွဲမှာ ၄ အထိ အနိုင်ရထားခဲ့ပါတယ်။

 

လာမယ့်ပွဲစဉ်များ

လာမယ့် တစ်ပတ် ဇွန်လ ၂၃ ရက်နေ့မှာတော့ ဟန်ဂေရီတို့ ဂျာမနီနဲ့ အုပ်စု နောက်ဆုံး ပွဲစဉ် ကစားရမှာ ဖြစ်ပြီး ပြင်သစ် ကတော့ ပေါ်တူဂီနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်