နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဖိအား များနေတဲ့ ခရိုအေးရှားကို စိတ်ဓာတ် တက်နေတဲ့ ချက်တို့ ထပ်ပြီး ခက်ခဲစေဦးမှာလား – ယူရို ၂၀၂၀ ပွဲကြို သုံးသပ်ချက်

ခရိုအေးရှား – ချက်

ယူရို ၂၀၂၀ အုပ်စု(D) ဒုတိယပွဲစဉ်တွေ မနက်ဖြန် ညမှာ ဆက်လက်ကစားဖို့ ရှိနေပြီး ခရိုအေးရှားနဲ့ ချက်တို့ရဲ့ ထိပ်တိုက် တွေ့ဆုံမှုကလည်း စိတ်ဝင်စားရာပါပဲ။ ပြီးခဲ့တဲ့ အဖွင့်ပွဲမှာ အိမ်ရှင် စကော့တလန်ကို အနိုင်ကစားထားခဲ့တဲ့ ချက်တို့ အင်္ဂလန်ကို ရှုံးပြီး ဖိအားဝင်နေတဲ့ ခရိုအေးရှားကို ထပ်ပြီး ခက်ခဲစေမလား။ ဒါမှမဟုတ် ခရိုအေးရှား ကပဲ အရင်လို ပုံစံကောင်းတစ်ခုနဲ့အတူ ချက်ကို ပြန်လည် ရင်ဆိုင် သွားနိုင်မလား ဆိုတာ စောင့်ကြည့်ရဖို့ ရှိနေပါတယ်။

ပြီးခဲ့တဲ့ အင်္ဂလန်နဲ့ ပွဲမှာ နည်းပြ ဇလတ်ကိုဒါးလစ်ရဲ့ တိုက်စစ်ကစားပုံ ဗျူဟာ အပြောင်းအလဲ တချို့ကြောင့် ခရိုအေးရှားတို့ မရှုံးသင့်ပဲ ရှုံးထားခဲ့ပါတယ်။ တောင်ပံအားသန်တဲ့ ကစားသမားနဲ့ အထောင်တိုက်စစ် အားသန်တဲ့ ကစားသမားကို နေရာချိန်း ကစားခိုင်းခဲ့တဲ့ ဒါးလစ်ရဲ့ ဗျူဟာက ရီဘစ်ရော၊ ကရာမာရစ်ကိုပါ ပုံမှန် ခြေစွမ်း ပျောက်ဆုံး စေခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်  ဒါးလစ် အနေနဲ့ အထောင်တိုက်စစ် အတွက် ပက်ကိုဗစ် သို့မဟုတ် ကရာမာရစ်ကို သုံးပြီး ၄-၁-၄-၁ အစား ၄-၂-၃-၁ ကစားကွက်ကို ပြောင်းလဲ အသုံးပြုလာမယ့် သဘောရှိပါတယ်။ ဒီကစားကွက်ကြောင့် ကွင်းလယ်က မိုဒရစ်နဲ့ ကိုဗာချစ်တို့ လွတ်လွတ်လပ်လပ် ကစားနိုင်မှာ ဖြစ်သလို တိုက်စစ်ကိုလည်း အင်္ဂလန်နဲ့ ပွဲတုန်း ကထက် ပိုပြီး ထိထိရောက်ရောက် ပံပိုးပေးလို့ ရနိုင်မှာ ဖြစ်ပါတယ်။ တစ်ချက်ရှိတာက ခရိုအေးရှားမှာ အရေးကြုံရင် အားကိုးလို့ရနိုင်ပြီး ပွဲအဖြေ ပြောင်းလဲနိုင်မယ့် ကစားသမား ရှားပါးနေတာ ဖြစ်ပါတယ်။ နောက်ပြီး ခံစစ်မှာ လိုဗရန်ကို ပွဲထွက်ခိုင်းမယ့် သဘောရှိနေလို့ အသက် ၃၀ ကျော် ခံစစ်မှူး နှစ်ဦးကပဲ ချက်တိုက်စစ်မှူး ပက်ထရစ်ရှစ်ခ်ကို အတွေ့အကြုံနဲ့ ထိန်းချုပ်နိုင်မလား။ ရှစ်ခ်ကပဲ အလုပ်ရှုပ်စေမလား စောင့်ကြည့်ရဦးမှာပါ။ ခရိုအေးရှားတို့ အခုပွဲကို မဖြစ်မနေ အနိုင်ကစားမှာ ယူရို ၂၀၂၀ ရှုံးထွက်တက်ရေး  မျှော်လင့်နိုင်မှာ ဖြစ်ပြီး သရေကျခဲ့ရင်တော့ ပိုပြီးခက်ခဲသထက် ခက်ခဲသွားမယ့် သဘောရှိပါတယ်။

ခရိုအေးရှားတို့ အခုပွဲကို မဖြစ်မနေ အနိုင်ကစားမှာ ယူရို ၂၀၂၀ ရှုံးထွက်တက်ရေး မျှော်လင့်နိုင်မှာ ဖြစ်ပြီး သရေကျခဲ့ရင်တော့ ပိုပြီးခက်ခဲသထက် ခက်ခဲသွားမယ့် သဘောရှိပါတယ်။
ယူရို ၂၀၁၆ အုပ်စုပွဲစဉ်မှာ ခရိုအေးရှားကို ၂-၂ နဲ့ သရေကစားထားတဲ့ ချက်

ချက်ကတော့ အထွေအထူး ပြောစရာမလို။ တစ်သင်းလုံးမှာမှ နာမည်ကြီး ကစားသမား ၃ ဦးပဲ ပါပေမယ့် အသင်းလိုက် စုစည်းမှု ကောင်းကောင်းနဲ့ ကစားနေတဲ့ အသင်း ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ကစားသမား နှစ်ဦး ဖြစ်တဲ့ ဆိုချက်ခ်နဲ့ ဆိုဖယ်လ်ကို အမာခံထားပြီး ပက်ထရစ်ရှစ်ခ်ရဲ့ တောက်ပမှုနဲ့ အတူ ယူရို ၂၀၂၀ ပွဲဦးထွက်မှာ အိမ်ရှင် စကော့တလန်ကို အနိုင်ကစားထားလို့ ရှုံးထွက်တက်ဖို့ အခြေအနေ ကောင်းနေတဲ့ အသင်း ဖြစ်ပါတယ်။ ခရိုအေးရှား ကို လက်တလော အကောင်းဆုံး ရင်ဆိုင်နိုင်တဲ့ အခြေအနေမှာ ရှိနေပြီး နည်းပြ ရှီဟာဗီ ကလည်း ခရိုအေးရှား ဟာ အသင်းကောင်း တစ်သင်း ဖြစ်ပေမယ့် ချက်အနေနဲ့ သရေရလဒ် အတွက် မဟုတ်ပါဘူးလို့ ပွဲကြိုသတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားထားပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ချက်တို့ ခံစစ်ကို လုံးဝ ပိတ်ဆို့ပြီး တန်ပြန် တိုက်စစ်နဲ့ ခရိုအေးရှားကို ရင်ဆိုင်မှာ မဟုတ်တာ သေချာပါတယ်။ ချက်တို့ စိတ်ဓာတ်မြင့်နေတာ ကောင်းပေမယ့် ယုံကြည်မှုလွန်ကဲ ရင်တော့ အမှားတွေများသွားနိုင်ပြီး အဆိပ်ရှိတဲ့ ခရိုအေးရှားတို့ အကြိုက် ဖြစ်သွားနိုင်တာကိုတော့ သတိထားဖို့ လိုအပ်ပါလိမ့်မယ်။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

သမိုင်းတစ်လျှောက် ၃ ကြိမ်သာ ထိပ်တိုက်တွေ့ဆုံခဲ့ပြီး ခရိုအေးရှားက ချက်ကို ၁ ပွဲ နိုင်၊ ၂ ပွဲသရေ ကစားထားခဲ့ပါတယ်။ အဲ့ဒီ တွေ့ဆုံမှု ၃ ကြိမ် မှာ နှစ်သင်းပေါင်း သွင်းဂိုး ၁၂ ဂိုး အထိ ရှိခဲ့တာကို ကြည့်ခြင်းအားဖြင့် အပြန်အလှန် ရှိခဲ့တာ သိနိုင်ပါတယ်။ ယူရို ၂၀၁၆ အုပ်စု အဆင့်မှာ  နောက်ဆုံး တွေ့ဆုံထားခဲ့ပြီး အပြန်အလှန် သွင်းဂိုး တွေနဲ့ အတူ ၂-၂ ဆိုတဲ့ ရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ လက်တလော နောက်ဆုံး ကစားထားတဲ့ ၅ ပွဲ ရလဒ်ကို နှိုင်းယှဉ် ကြည့်မယ် ဆိုရင်လည်း နှစ်သင်းစလုံး ၂ ပွဲနိုင်၊ ၂ ပွဲရှုံး၊ ၁ ပွဲ သရေ ရလဒ်တွေ ပိုင်ဆိုင်ထားကြပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်များ

??
ခရိုအေးရှား vs ချက်သမ္မတနိုင်ငံ 1X2 ချက်သမ္မတနိုင်ငံ @ 3.25
ဇွန် လ ၁၇ ရက်, ည ၁၀:၃၀ နာရီ (GMT + ၆:၃၀)

1X2ရဲ့ ပေါက်ကြေးအရ ခရိုအေးရှားကို ၂.၁၅ ဆ၊ ချက်ကိုတော့ ၃.၅၀ ဆနဲ့ သရေအတွက် ၃.၃၀ ဆ ဆိုပြီး ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ အစဉ်အလာရ ဒီနှစ်သင်းက ထိပ်တိုက်တွေ့ဆုံခဲ့တာ နည်းပေမယ့် ခရိုအေးရှားက ပိုသာခဲ့တယ်လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ၅ နှစ်က နောက်ဆုံး တွေ့ဆုံမှုမှာတောင် ခရိုအေးရှားတို့ ချက်ကို အနိုင်ရဖို့ မစွမ်းဆောင်နိုင်ခဲ့ဘူး။ လက်ရှိ အခြေအနေအရလည်း ခရိုအေးရှားထက် ချက်တို့ ခြေစွမ်း ပိုတည်ငြိမ်နေပြီး အသင်းလိုက် ကစားပုံလည်း ပိုကောင်းနေတဲ့အပြင် စိတ်ဓာတ်ပိုင်းအရလည်း အမြင်ဆုံးမှာ ရှိနေပါတယ်။ ဒါ့ကြောင့် အနိုင်ရလဒ် အတွက်ဆို ချက်ကိုပဲ မျှော်လင့်ထားကြရအောင်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်