နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပွတ်ရှ်ကတ်စ်မှာ ခက်ခက်ခဲခဲ ကစားပြီး စံချိန်သစ်တွေ ထပ်တင်နိုင်ခဲ့တဲ့ ရော်နယ်ဒိုနဲ့ အဖိုးတန် ၃ မှတ် ရသွားတဲ့ ပေါ်တူဂီ – ယူရို ၂၀၂၀ ပွဲပြီးသုံးသပ်ချက်

ဟန်ဂေရီ ၀ – ၃ ပေါ်တူဂီ

(ဂွာရဲရိုး ၈၄’၊ ရော်နယ်ဒို ၈၇’(ပင်နယ်တီ)၊ ၉၀+၂)

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ မရဏအုပ်စု (F)ရဲ့ အဖွင့်ပွဲစဉ်မှာတော့ ပွတ်ရှ်ကတ်စ် အရီးနားမှာ ပေါ်တူဂီတို့ ဟန်ဂေရီကို ခက်ခက်ခဲခဲ ကစားခဲ့ရပေမယ့် ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ သွင်းဂိုး ၂ ဂိုး အပါအဝင် ၀-၃ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒီနေ့ပွဲမှာ ၂ ဂိုးသွင်းခဲ့တဲ့ ရော်နယ်ဒိုဟာ ယူအီးအက်ဖ်အေ ယူရိုပြိုင်ပွဲ သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်လာခဲ့တဲ့ အပြင် သူ့ရဲ့ အသင်း ပေါ်တူဂီ ဟာလည်း ယူရို ၂၀၂၀ ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ဖို့ သေချာသလောက် ရှိသွားခဲ့ပါတယ်။ 

လက်ရှိ ယူရို ၂၀၂၀ ရဲ့ အခက်ခဲဆုံးနဲ့ အကြပ်ဆုံး အုပ်စု ဖြစ်တဲ့ အုပ်စု(F)မှာ ပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ၊ ကမ္ဘာ့ဖလား လက်ရှိ ချန်ပီယံ၊ ပြိုင်ပွဲသမိုင်းတစ်လျှောက် အအောင်မြင်ဆုံး အသင်းနဲ့ ခြေစွမ်း မာကျောပြီး အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခွင့်ရတဲ့ အသင်းတို့ ထိပ်တိုက် တွေ့ဆုံနေတာ ဖြစ်လို့ အဖွင့်ပွဲစဉ် ၂ ပွဲစလုံးကို ပရိသတ်တွေ စိတ်ဝင်တစား စောင့်ကြည့်ခဲ့ ကြပါတယ်။ ပေါ်တူဂီတို့ အုပ်စုတွင်း အားအနည်းဆုံး ဟန်ဂေရီနဲ့ စတင် ကစားရပေမယ့် တခြားပွဲတွေနဲ့ မတူပဲ ကွင်းလုံးပြည့် လာရောက် အားပေးတဲ့ အိမ်ရှင် ပရိသတ် ၅၀၀၀၀ ကျော် ရှေ့မှောက်မှာ ယှဉ်ပြိုင်ခဲ့ရတာ ဖြစ်လို့ ထင်သလောက် မလွယ်ကူခဲ့ပါဘူး။ ဒါ့အပြင် ကစားပုံ တော်တော်လေး မာကျောပြီး အော်ဘန်၊ ဂူလက်ရှီ၊ ဆာလာအီ၊ ဇလာအီ တို့လို ကစားသမားကောင်းတွေ ပါနေတဲ့ဟန်ဂေရီကို ခက်ခက်ခဲခဲ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ အဖွင့်ပွဲမှာ အနိုင်ရတဲ့ အသင်းဟာ နောက်တစ်ဆင့်တက်ဖို့ သေချာသလောက် ရှိနေတဲ့ အချက်ကြောင့် ပေါ်တူဂီ နည်းပြ ဖာနန်ဒို ဆန်းတို့စ် အနေနဲ့ လူစုံတက်စုံနဲ့ ပွဲထွက်စေခဲ့ပြီး ၃ မှတ် သေချာပေါက် ရနိုင်ဖို့ ပြင်ဆင်လာခဲ့တာ ဖြစ်ပါတယ်။ ခရစ္စတီယာနို ရော်နယ်ဒို၊ ဘရူနို ဖာနန်ဒက်စ်၊ ဘာနာဒိုဆေးလ်ဗား၊ ဒီယိုဂို ဂျိုတာ၊ ဂွာရဲရိုး၊ ရူဘင်ဒီးရာ့စ်၊ ရူအီ ပက်ထရီစီယို တို့ ပါဝင်လာတဲ့ ပေါ်တူဂီ အသင်းက ပွဲချိန်တော်တော်များများ လွှမ်းမိုးထားခဲ့ပေမယ့် အိမ်ရှင်အသင်းရဲ့ မာမာထန်ထန် တုံ့ပြန်မှုတွေ အပြင် ကွင်းလုံးပြည့် အိမ်ကွင်း ပရိသတ်ရဲ့ အားပေးမှုကလည်း ပွဲချိန် မိနစ် ၈၀ ကျော်အထိ ရော်နယ်ဒိုတို့ အုပ်စု ဂိုးရဖို့ အတွက် တော်တော်လေး ခက်ခဲနေခဲ့ရပါတယ်။ ဒါ့အပြင် ပွဲချိန် မိနစ် ၈၀ လောက်မှာ ဆဘိုလက်စ်ရဲ့ သွင်းဂိုးကြောင့် အိမ်ရှင်တို့ အောင်ပွဲခံဖို့ နီးစပ်ခဲ့ပေမယ့် လူကျွံဘော ဖြစ်နေလို့ စိတ်ပျက်ခဲ့ရပါတယ်။ အဲ့နောက် မှာတော့ မဖြစ်မနေ နိုင်ပွဲရဖို့ လိုအပ်နေတဲ့ ပေါ်တူဂီတို့ လူစားလဲမှုတချို့ ထပ်မံပြုလုပ်ခဲ့ပြီး ဖာနန်ဒို ဆန်းတို့စ်ရဲ့ ဆုံးဖြတ်ချက် မှန်ကန်ခဲ့တယ်လို့ ဆိုရပါမယ်။ အန်ဒရီဆေးလ်ဗား၊ ရီနာတို ဆန်းချက်စ်တို့ ဝင်လာပြီးတဲ့နောက် ကစားအား ပိုကောင်းလာပြီး ပေါ်တူဂီ တိုက်စစ်ကို ဟန်ဂေရီ နောက်ခံလူတွေ ထိန်းချုပ်ဖို့ ခက်ခဲသွားတာကြောင့် ရာဖာဆေးလ်ဗား၊ ဖာနန်ဒက်စ်၊ ရော်နယ်ဒိုတို့ အတွက် နေရာလွတ်တွေ အများကြီး ရှိလာခဲ့ပါတယ်။ ပွဲချိန် ၈၄ မိနစ်မှာ ရာဖာ ဆေးလ်ဗား ပြန်ချိုးပေးတဲ့ ဘောလုံး နောက်ခံလူနဲ့ထိလို့ ပြန်ထွက်လာတာကို ဂွာရဲရိုးက အမှတ်မထင် ကန်သွင်းရာမှာ အော်ဘန်နဲ့ ထပ်ထိပြီး လမ်းကြောင်းပြောင်း ဂိုးထဲဝင်သွားတာကြောင့် ပေါ်တူဂီတို့ ဂိုးရသွားခဲ့ပါတယ်။ အဲ့နောက် ရာဖာဆေးလ်ဗားရဲ့ ထိုးဖောက်မှုကနေ ပေါ်တူဂီတို့ ပင်နယ်တီ ထပ်ရသွားခဲ့ပြီး ထုံးစံအတိုင်း ရော်နယ်ဒိုကပဲ အတည်ငြိမ်ဆုံး အဆုံးသတ် ပေးခဲ့ပါတယ်။ ပေါ်တူဂီ တိုက်စစ်ကို တစ်ပွဲလုံး အကောင်းဆုံး ထိန်းချုပ်ကစားလာခဲ့ပြီးမှ မထင်မှတ်တဲ့ အနေအထားတွေ ကနေ ဂိုးတွေ တောက်လျှောက် ပေးခဲ့ရတာကြောင့် အိမ်ရှင် ပရိသတ်တွေ လုံးဝ တိတ်ဆိတ် သွားခဲ့ရပါတယ်။ ဒါ့အပြင် ရော်နယ်ဒိုရဲ့ နာကျင်အချိန်ပို သွင်းဂိုးကြောင့် ဟန်ဂေရီတို့ အသဲကွဲတာထက် ပိုပြီး ခံစားသွားခဲ့ရပါတယ်။

ယူရို ၂၀၂၀ အဖွင့်ပွဲမှာ ဟန်ဂေရီကို ၃-၀ နဲ့ အနိုင်ရခဲ့တာဟာ ပေါ်တူဂီ သမိုင်းတစ်လျှောက် ယူရို နောက်ဆုံး အဆင့် ပွဲစဉ်တွေမှာ ဂိုးအပြတ်ဆုံး နိုင်ပွဲ ဖြစ်ခဲ့ပါတယ်။
ယူရို ၂၀၂၀ ရှုံးထွက်တက်ဖို့ အခြေအနေ ကောင်းသွားခဲ့တဲ့ ရော်နယ်ဒို

တကယ်တော့ ဒီနေ့ပွဲမှာ ဟန်ဂေရီတို့ ဂိုးပြတ် ရှုံးခဲ့တယ် ဆိုပေမယ့် ကစားပုံ မညံ့ခဲ့ပါဘူး။ တစ်ဖက်က ပြိုင်ဘက်ဟာ လက်ရှိချန်ပီယံ ဖြစ်သလို အရန် လူစာရင်း တောင့်တင်းပြီး အဆုံးအဖြတ် ပေးနိုင်တဲ့ ကစားသမားတွေ ပါဝင်နေလို့သာ ဒီလောက်အထိ ဂိုးပြတ်ခဲ့ရတာပါ။ နောက်တစ်ချက်က ပေါ်တူဂီ နည်းပြရဲ့ လူစားလဲ မှန်ကန်မှု ဖြစ်ပြီး ဖာနန်ဒို ဆန်းတို့စ်ရဲ့ ဆုံးဖြတ်ချက်ဟာ ပွဲကို လုံးဝ အလှည့်အပြောင်း ဖြစ်သွားစေခဲ့တယ် ဆိုရင်လည်း မမှားပါဘူး။ ဒါ့အပြင် ဦးဆောင်ဂိုး သွင်းနိုင်ခဲ့ပြီးမှ လူကျွံနေလို့ အိမ်ရှင်အသင်း ဂိုးမရခဲ့တာ၊ ဂွဲရဲရိုးရဲ့ အမှတ်မထင် သွင်းဂိုးနဲ့ ရော်နယ်ဒိုရဲ့ စိတ်ချရတဲ့ ဂိုးသွင်း စွမ်းရည်တွေက ပေါ်တူဂီကို ယူရို ၂၀၂၀ မှာ အဖွင့်လှသွားစေခဲ့တဲ့ အချက်တွေ ဖြစ်ပါတယ်။
 

ကြယ်ပွင့် ကစားသမား – ခရစ္စတီယာနိုရော်နယ်ဒို

(စာရေးသူ စိတ်ကြိုက်ကစားသမား – ခရစ္စတီယာနိုရော်နယ်ဒို)

ဒီနေ့ပွဲရဲ့ ကြယ်ပွင့်ကစားသမားဆု ကတော့ အငြင်းပွားဖွယ်မရှိ၊ ချွင်းချက် မရှိ ရော်နယ်ဒို နဲ့ပဲ ထိုက်တန်ခဲ့ပါတယ်။ မှတ်တမ်းကောင်း၊ စံချိန်ကောင်းတွေ ပိုင်ဆိုင်ထားခဲ့ပြီးသား ရော်နယ်ဒိုဟာ ဘာကြောင့်ရသလဲ မေးခွန်းထုတ်စရာ မလိုပါဘူး။ ပွဲမကြည့်ဖြစ်လိုက်လို့ ဟိုက်လိုက် ပြန်ကြည့်ရင်ကို ရော်နယ်ဒို ဘယ်လောက်အထိ စွမ်းဆောင်ခဲ့သလဲ ဆိုတာ အဖြေပေါ်ပါတယ်။ ဒီနေ့ပွဲမှာ ပေါ်တူဂီ ဂိုးပြတ် အနိုင်ရခြင်း/ မရခြင်းထက် ရော်နယ်ဒို စံချိန်ချိုးနိုင်/မချိုးနိုင်ကို ပိုပြီး စိတ်ဝင်စားခဲ့ကြတဲ့ သူ့ရဲ့ ပရိသတ်တွေ အတွက် ၃၆ နှစ်သား တိုက်စစ်မှူးကြီးက နောက်ထပ် တစ်ကြိမ် ကျေနပ် ပျော်ရွှင်စေခဲ့တဲ့ ပွဲလည်း ဖြစ်ပါတယ်။ 
 

 

ပွဲပြီးအချက်အလက်များ

  • ခရစ္စတီယာနို ရော်နယ်ဟာ ယူရိုပြိုင်ပွဲ သမိုင်းတစ်လျှောက် ၁၁ ဂိုးသွင်းပြီး ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်လာပါတယ်။ ခြေစစ်ပွဲအဆင့် သွင်းဂိုးတွေပါ ထည့်ပြီး ရေတွက်မယ် ဆိုရင်တော့ ယူရိုပြိုင်ပွဲမှာ ၄၂ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါပြီ။
  • ပေါ်တူဂီ အတွက် ၁၀၆ ဂိုး သွင်းယူပေးထားတဲ့ ရော်နယ်ဒိုဟာ နိုင်ငံတကာပြိုင်ပွဲတွေမှာ ဂိုးအများဆုံး သွင်းထားတဲ့ အလီဒါယီရဲ့ စံချိန်ကို လိုက်မှီဖို့ ၃ ဂိုးပဲ လိုပါတော့တယ်။
  • ပေါ်တူဂီ အသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ ယူရိုပြိုင်ပွဲ ၅ ကြိမ် ပါဝင် ကစားခဲ့တဲ့ ပထမဦးဆုံး ကစားသမား ဖြစ်ခဲ့သလို ပြိုင်ပွဲ ၅ ကြိမ်စလုံးမှာ ဂိုးသွင်းယူနိုင်ခဲ့သူ ဖြစ်လာခဲ့ပါတယ်။ 
  • ရော်နယ်ဒိုဟာ ယူရိုပြိုင်ပွဲ နောက်ဆုံးအဆင့် ပွဲစဉ် ၂၂ ပွဲ ကစားထားပြီး ခြေစစ်ပွဲတွေပါ ထည့်ပြီး ရေတွက်ရင်တော့ ၅၆ ပွဲ ရှိလာခဲ့ပါပြီ။ ရော်နယ်ဒို အနေနဲ့ ဘူဖွန်ရဲ့ ယူရို ပြိုင်ပွဲ အများဆုံး ကစားထားတဲ့ အီတလီ ဂိုးသမားကြီး ဘူဖွန်ရဲ့ စံချိန်ကို လိုက်မှီဖို့ ၁ ပွဲသာ လိုအပ်ပါတယ်။
  • ယူရို ၂၀၂၀ အဖွင့်ပွဲမှာ ဟန်ဂေရီကို ၃-၀ နဲ့ အနိုင်ရခဲ့တာဟာ ပေါ်တူဂီ သမိုင်းတစ်လျှောက် ယူရို နောက်ဆုံး အဆင့် ပွဲစဉ်တွေမှာ ဂိုးအပြတ်ဆုံး နိုင်ပွဲ ဖြစ်ခဲ့ပါတယ်။ 
  • ပီပီ (၃၈ နှစ်နဲ့ ၁၀၇ရက်) ဟာ ယူရိုပြိုင်ပွဲမှာ ပေါ်တူဂီ အတွက် ပွဲထွက်ကစားခွင့်ရတဲ့ အသက်အကြီးဆုံး ကစားသမား ဖြစ်လာပါတယ်။
  • ဟန်ဂေရီတို့ အသင်းရဲ့ သမိုင်းမှာ ယူရို နောက်ဆုံးအဆင့် ပွဲစဉ် ၉ ပွဲ ကစားထားခဲ့ပြီး ၂ ပွဲသာ အနိုင်ရထားခဲ့ပါတယ်။
  • ပေါ်တူဂီတို့ ဟန်ဂေရီနဲ့ တွေ့ဆုံခဲ့တဲ့ ၁၄ ကြိမ်စလုံး ရှုံးပွဲမရှိအောင် ကစားနိုင်ခဲ့ပြီး ၁၀ ပွဲနိုင်၊ ၄ ပွဲသရေကျထားခဲ့ပါတယ်။
  • ပေါ်တူဂီရဲ့ ပွဲထွက် ၁၁ ဦးစာရင်းမှာ ယူရို ၂၀၁၆ ချန်ပီယံ ဖြစ်ခဲ့စဉ်က ကစားသမား ၆ ဦးအထိ ပြန်လည် ပါဝင်လာပါတယ်။  
  • ဂွာရဲရိုးရဲ့ အဖွင့်ဂိုးဟာ ပေါ်တူဂီ အတွက် ယူရိုပြိုင်ပွဲ သမိုင်းတစ်လျှောက် ဂိုး ၅၀ ပြည့် သွင်းဂိုး ဖြစ်လာပါတယ်။

 

လာမယ့်ပွဲစဉ်များ 

လာမယ့် တစ်ပတ် စနေနေ့မှာ ဟန်ဂေရီတို့ ပြင်သစ်ကို အိမ်ကွင်းမှာပဲ ဧည့်ခံကစားရဖို့ ရှိပြီး ပေါ်တူဂီ ကတော့ ဂျာမနီကို မြူးနစ်မြို့မှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်