နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နောက်တစ်ဆင့်တက်ဖို့ အမှားလုပ်ခွင့် မရှိတော့တဲ့ ရုရှား – ယူရို ၂၀၂၀ ပွဲကြိုသုံးသပ်ချက်

ဖင်လန်- ရုရှား

ယူရို ၂၀၂၀ အုပ်စု (B)ရဲ့ ဒုတိယ ပွဲစဉ်တွေ ဆက်လက် ယှဉ်ပြိုင်ကစားဖို့ ရှိနေပြီး အဖွင့်ပွဲမှာ ဒိန်းမတ်ကို အနိုင်ရခဲ့တဲ့ ဖင်လန်တို့ ရုရှားမြေကို သွားကစားရမှာ ဖြစ်ပါတယ်။ အဖွင့်ပွဲမှာ ကံတရားရဲ့ ဖေးမမှု အပြင် စိတ်ဓာတ်မာကျောမှုနဲ့ ဒိန်းမတ်ကို အနိုင်ရခဲ့တဲ့ ဖင်လန်တို့ အခုပွဲမှာတော့ သရေတစ်မှတ်တောင် မျှော်လင့်နိုင်မယ် မထင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဖင်လန်ဟာ ၁၉၉၅ ခုနှစ် နောက်ပိုင်း ရုရှားနဲ့ ၄ ကြိမ် တွေ့ဆုံထားခဲ့ရာမှာ ပွဲတိုင်း ဂိုးပြတ် ရှုံးခဲ့တဲ့ အစဉ်အလာဆိုး ရှိထားလို့ပါပဲ။

 
ဖင်လန်ဟာ ယူရို ၂၀၂၀ မှ ခြေစစ်ပွဲအောင်မြင်ပြီး ပထမဦးဆုံး အကြိမ် ဥရောပချန်ပီယံရှစ် ပြိုင်ပွဲကြီးကို ကစားခွင့် ရပေမယ့် ပွဲဦးထွက်ကတော့ မထင်မှတ်ပဲ လှပခဲ့တယ်လို့ ဆိုရပါမယ်။ ဒိန်းမတ်ရဲ့ အဓိက ကြယ်ပွင့် ခရစ္စတီယန် အဲရစ်ခ်ဆင် ကွင်းအတွင်း အမှတ်မထင် လဲကျခဲ့တဲ့ ဖြစ်ရပ်နဲ့ အတူ ဒိန်းမတ် အသင်းသားတွေ စိတ်ဓာတ် ကျဆင်းသွားခဲ့လို့ ဖင်လန်တို့ သက်သာသွားခဲ့တာ ဖြစ်ပါတယ်။ဂိုးသမား လူးကပ်စ် ဟွာဒက်ကီနဲ့ နောက်ခံလူတွေရဲ့ အမှားနည်းခဲ့တာလည်း ပါပါတယ်။ ဖင်လန်ဟာ စိတ်ဓာတ် မာကျောမှုနဲ့ ပြိုင်ဘက်တိုင်းကို မာမာထန်ထန် တုန့်ပြန်တတ်တဲ့အသင်းပေမယ့် တကယ်တမ်း အသင်းကောင်းတွေနဲ့တေ့တေ့ဆိုင်ဆိုင် ရင်ဆိုင်ရတဲ့အခါသိသိသာသာ အားနည်းသွားတတ်ကြောင်း ယူရို မတိုင်ခင် နောက်ဆုံး ကစားထားတဲ့ ပွဲစဉ်တွေ ပြန်ကြည့်ရင် သိနိုင်ပါတယ်။ ပြီးခဲ့တဲ့ ပွဲမှာ ကနယ်ဗာရဲ့ အသင်းက ၃-၅-၂ ကစားပုံက တော်တော်လေး အလုပ်ဖြစ်ခဲ့တာကြောင့် ရုရှားကိုလည်း ပွဲအတိုင်းပဲ ရင်ဆိုင်လာဖို့ များပါတယ်။ ထုံးစံအတိုင်း ရတဲ့ အခွင့်အရေး ရရင်ရသလို အမိအရ အသုံးချနိုင်ခြင်း အပြင် ကစားသမားတွေရဲ့ စိတ်ဓာတ် မာကျောခြင်း ဖင်လန်ရဲ့ အဓိကမောင်းနှင်အား ဖြစ်လာလို့ ရုရှားကို အရင်လိုတော့ ရုပ်ပျက်ဆင်းပျက် မရှုံးနိမ့်နိုင်တော့ပါဘူး။

ဖင်လန်ဟာယူရို၂၀၂၀မှခြေစစ်ပွဲအောင်မြင်ပြီးပထမဦးဆုံးအကြိမ်ဥရောပချန်ပီယံရှစ်ပြိုင်ပွဲကြီးကိုကစားခွင့်ရပေမယ့်ပွဲဦးထွက်ကတော့မထင်မှတ်ပဲလှပခဲ့တယ်လို့ဆိုရပါမယ်။
ယူရို ၂၀၂၀ အုပ်စုတက်ဖို့ အခြေအနေကောင်းနေတဲ့ ဖင်လန်

ရုရှားကတော့ ဖရိုဖရဲ ခြေစွမ်းနဲ့ ယူရို ၂၀၂၀ အဖွင့်ပွဲမှာ ဘယ်ဂျီယံကို ဂိုးပြတ် အရေးနိမ့်ထားလို့ အခုပွဲမှာ ငယ်နိုင်လို ဖြစ်ခဲ့တဲ့ ပြိုင်ဘက် ဖင်လန် ဆီကနေ အနိုင် ၃ မှတ် အရယူဖို့ မျှော်လင့်နေပါလိမ့်မယ်။ နောက်ပြီး ရုရှားဟာ ယူရိုပြိုင်ပွဲ နောက်ဆုံးအဆင့် ပွဲစဉ် ၆ ပွဲ ကစားထားခဲ့ပြီး လက်ရှိအချိန်ထိ တစ်ပွဲမှ မနိုင်သေးလို့ သူတို့အတွက် ပထမဦးဆုံး နိုင်ပွဲ ရနိုင်ချေရှိတဲ့ အခုပွဲကို ကျိန်းသေပေါက် အားထည့်ကစားပါလိမ့်မယ်။ ချာချီဆော့ဗ် ရဲ့အသင်းက ဂိုးသမား ရှုနင်ကစလို့ ယာကော့ဗ်၊ ဆီမီနော့ဗ်၊ ဂျူဘား တို့လို့ အသက် ၃၀ ကျော် ကစားသမားတွေကို အဓိက အားပြုနေရဆဲ ဖြစ်လို့ လျင်မြန်တဲ့ ပြိုင်ဘက် တိုက်စစ်မှူးတွေနဲ့ ရင်ဆိုင်ရတဲ့ အခါမှာ ပေးဆပ်မှု ကြီးမားခဲ့ရခြင်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ပွဲမှာ ခံစစ်က ဇီခီယာနဲ့ ဖာနန်ဒက်စ်တို့ ကစားပုံ မဆိုးခဲ့ပေမယ့် ယာကော့ဗ် နဲ့ ဆီမီနော့ဗ်တို့ရဲ့ စွမ်းဆောင်ရည်က စိတ်ပျက်စရာ ကောင်းခဲ့လို့ နည်းပြ ချယ်ချီဆော့ဗ် အနေနဲ့ အခုပွဲမှာ ၃-၄-၂-၁ ကစားကွက်ကို ပြောင်းလဲ အသုံးပြုလာမယ့် သဘောရှိပါတယ်။ ကွင်းလယ်နဲ့ တိုက်စစ်မှာတော့ ထုံးစံ အတိုင်း ဂျူဘား၊ ဂိုလိုဗင်၊ မီရန်ချက်ခ်၊ ကာရာဗေ့ဗ်၊ ယော့ဗ်နင် တို့ကိုပဲ ပွဲထွက်ကစားစေဖို့ များပါတယ်။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့သမိုင်းကြောင်း

၁၉၉၂ ခုနှစ် နောက်ပိုင်း ရုရှားနိုင်ငံ ဆိုပြီး သီးသန့် ဖြစ်တည်လာချိန် ကစလို့ ဖင်လန်နဲ့ တွေ့ဆုံ ကစားခဲ့တဲ့ ၄ ကြိမ် စလုံး ရုရှားတို့ အနိုင်ရထားခဲ့ပါတယ်။ရုရှားတို့ တစ်ပွဲကို အနည်းဆုံး ၃ ဂိုးသွင်းနိုင်ခဲ့ပြီး ၄ ပွဲမှာ စုစုပေါင်း သွင်းဂိုး ၁၅ ဂိုး၊ ပေးဂိုး ၁ ဂိုးပဲ ရှိခဲ့ပါတယ်။ ဂိုးအပြတ်ဆုံး နိုင်ပွဲ ကိုတော့ ယူရို ၉၆ ခြေစစ်ပွဲ ပထမအကျော့မှာ ရရှိခဲ့တာ ဖြစ်ပြီး ရုရှားတို့ ဖင်လန်မြေမှာ ၆ ဂိုးပြတ်နဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ တစ်လုံးတည်းသော ပေးဂိုး ကိုတော့ ယူရို ၉၆ ခြေစစ်ပွဲ ဒုတိယအကျော့ မော်စကိုမြေမှာ ပေးခဲ့ရတာ ဖြစ်ပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ဖင်လန် – ရုရှား 1X2ရုရှား @ ၁.၆၁ ဆ
ဇွန်လ ၁၆ ရက်, ည ၇:၃၀ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ပေါက်ကြေးအရဖင်လန် အတွက် ၆.၀၀ ဆနဲ့ရုရှား အတွက်၁.၆၁ ဆကြေးဖွင့်ပြီးသရေအတွက် ၃.၇၅ ဆကြေးဖွင့်ထားတာတွေ့ရပါတယ်။ဖင်လန်က အဖွင့်ပွဲမှာ ခံစစ်ကစားပုံ ကောင်းလို့ အပြင် ကံကောင်းလို့လည်း ဒိန်းမတ်ကို အနိုင်ရခဲ့တာ ဖြစ်တယ်။ အစဉ်အလာအရလည်း ရုရှားဟာ ဖင်လန်ကို ရာနှုန်းပြည့် အနိုင်ရထားသလို ဂိုးပြတ်လည်း သွင်းနိုင်ခဲ့တယ်။ နောက်တစ်ဆင့် တက်ဖို့ ဆိုရင် ရုရှား နိုင်ပွဲယူဖို့ မဖြစ်မနေ လိုအပ်နေပါပြီ။ ဒီပွဲမှာတော့ ဖိအားရှိနေတဲ့ ရုရှားကို ရွေးချယ်သင့်ပြီး နှစ်သင်းပေါင်း ၃ ဂိုးနဲ့ အထက်ကိုလည်း ထည့်စဉ်းစားသင့်ပါတယ်။ ခန့်မှန်းရလဒ် ၁-၂ ပါ။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှု

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်