နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လက်ရှိ ချန်ပီယံကို ယုံကြည်ခြင်းကသာ မှန်ကန်သော ဆုံးဖြတ်ချက်မည်၏ – ယူရို ၂၀၂၀ ပွဲကြိုသုံးသပ်ချက်

ဟန်ဂေရီ – ပေါ်တူဂီ

ယူရို ၂၀၂၀ ရဲ့ မရဏအုပ်စုလို့ သတ်မှတ်ခံထားရတဲ့ အုပ်စု(F) ပွဲစဉ်တွေ မနက်ဖြန်မှာ စတင်ကစားတော့မှာ ဖြစ်ပါတယ်။ ပြိုင်ပွဲရဲ့ လက်ရှိ ချန်ပီယံ ပေါ်တူဂီ ကတော့ ဟန်ဂေရီကို ဘူဒါပတ်စ်မြို့က ပွတ်ရှ်ကတ်စ် အရီးနားမှာ သွားရောက် ရင်ဆိုင်မှာ ဖြစ်ပြီး ကမ္ဘာ့ချန်ပီယံ ပြင်သစ် ကတော့ ဂျာမနီရဲ့ အလိုင်းရန့်ဇ် အရီးနားမှာ သွားရောက် ကစားရမှာ ဖြစ်ပါတယ်။ ဒီနှစ်ပွဲ ထဲကမှ ပေါ်တူဂီနဲ့ ဟန်ဂေရီတို့ရဲ့ တွေ့ဆုံမှုနဲ့ ပတ်သတ်ပြီး အရင်ဆုံး ပြောရမယ် ဆိုရင်…

ဟန်ဂေရီ ဟာ ယူရို ၂၀၂၀ ရဲ့ အုပ်စု(F) ပွဲစဉ် ၃ ပွဲနဲ့ ၁၆ သင်းအဆင့် ပွဲစဉ် ၁ပွဲကို ဘူဒါပတ်စ်မြို့က ပွတ်ရှ်ကတ်စ် အရီးနားမှာ အိမ်ရှင်အဖြစ် ကျင်းပခွင့်ရထားတဲ့ အသင်း ဖြစ်ပါတယ်။ အဖွင့်ပွဲစဉ်မှာ ယူရို လက်ရှိ ချန်ပီယံ ပေါ်တူဂီနဲ့ တွေ့ဆုံနေပြီး  ယူရို ပြိုင်ပွဲမှာ ၂ ကြိမ်ဆက် ပေါ်တူဂီနဲ့ တစ်အုပ်စုတည်း ကျရောက်နေခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ ယူရို ၂၀၂၀ ဟာ ဟန်ဂေရီ ဘောလုံးသမိုင်းတစ်လျှောက် တတိယအကြိမ် ကစားခွင့်ရခဲ့ခြင်း ဖြစ်ပြီး ၂ ကြိမ်ဆက် ခြေစစ်ပွဲ အောင်မြင်ခဲ့ခြင်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ယူရို ၂၀၁၆ မှာ ပေါ်တူဂီနဲ့ တစ်အုပ်စုတည်း ကျရောက်ခဲ့ပေမယ့် အုပ်စု ပထမနေရာ ကနေ ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့ပေမယ့် လက်ရှိ ယူရို ၂၀၂၀ မှာတော့ ပေါ်တူဂီ အပြင် ဂျာမနီ၊ ပြင်သစ်တို့လို ဒိတ်ဒိတ်ကြဲတွေနဲ့ မရဏအုပ်စုကို ဖြတ်သန်းရမှာ ဖြစ်လို့ ရှုံးထွက်တက်ရေး မျှော်လင့်ချက်က တော်တော်လေးကို ဝေဝါးနေပါတယ်။ ၁၉၆၄ ခုနှစ်က ယူရိုပြိုင်ပွဲမှာ တတိယရခဲ့တာဟာ ဟန်ဂေရီ အတွက် အမြင့်ဆုံး အောင်မြင်မှု ဖြစ်ပါတယ်။ လက်ရှိ ဟန်ဂေရီ အသင်းကို ဘရက်ရှား၊ ဆမ်ဒိုးရီးယားနဲ့ ဖရန့်ဖတ်တို့မှာ ကစာခဲ့ဖူးတဲ့ မာကိုရော့ဆီ ကိုင်တွယ်နေပြီး နောက်ခံကစားသမားဟောင်း ဖြစ်ပြီး အီတလီလူမျိုး နည်းပြ ဖြစ်တာကြောင့် ခံစစ်ကို ကျစ်လစ်အောင် စပယ်ရှယ် တည်ဆောက်ထားတာ တွေ့ရပါတယ်။ ၃-၅-၂ ကို အခြေခံတဲ့ ကစားကွက်ကို အသုံးပြုပြီး ဂိုးမှာ ဂူလက်ရှီ၊ ခံစစ်မှာ အော်ဘန်၊ ဆလာအီ၊ လိုဗရန်တစ်၊ ဟိုလန်ဒါ၊ အဒမ် ဆာလာအီ တို့လို အမာခံတွေနဲ့ ပေါ်တူဂီကို ရင်ဆိုင်လာဖို့ ရှိပေမယ့် လိုက်ပ်ဇစ် ကြယ်ပွင့် ဆဘိုလာဇီ ဒဏ်ရာကြောင့် လွဲချော်ခဲ့ခြင်းက ဟန်ဂေရီတို့ကို အားနည်းသွားစေနိုင်တဲ့ အခြေအနေမှာ ရှိပါတယ်။

ဟန်ဂေရီ ဟာ ယူရို ၂၀၂၀ ရဲ့ အုပ်စု(F) ပွဲစဉ် ၃ ပွဲနဲ့ ၁၆ သင်းအဆင့် ပွဲစဉ် ၁ပွဲကို ဘူဒါပတ်စ်မြို့က ပွတ်ရှ်ကတ်စ် အရီးနားမှာ အိမ်ရှင်အဖြစ် ကျင်းပခွင့်ရထားတဲ့ အသင်း ဖြစ်ပါတယ်။
လက်ရှိ အုပ်စု(F)ရဲ့ အားအနည်းဆုံး အသင်း အဖြစ် သတ်မှတ်ခံထားရတဲ့ ဟန်ဂေရီ

ပေါ်တူဂီ အကြောင်းကတော့ ရှည်ရှည်ဝေးဝေး ပြောဖို့မလို။ နာမည်ကျော် တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရော်နယ်ဒိုပဲ ဦးဆောင်လာမှာ ဖြစ်ပြီး ဘရူနိုဖာနန်ဒက်စ်၊ ဒီယိုဂို ဂျိုတာ၊ ရူဘင်ဒီးရာ့စ်၊ ဂွာယဲရိုး တို့လို ကစားသမားကောင်းတွေနဲ့ မရဏအုပ်စုမှာ မထင်မှတ်ပဲ အုပ်စု ပထမနေရာနဲ့ နောက်တစ်ဆင့် တက်နိုင်ချေရှိတယ်လို့ ခန့်မှန်းနေကြတဲ့ အသင်း ဖြစ်ပါတယ်။ ယူရို ၂၀၂၀ ဟာ ပေါ်တူဂီ အတွက် ၈ ကြိမ်မြောက် ကစားခွင့်ရတဲ့ ဥရောပပြိုင်ပွဲ ဖြစ်ပြီး ပြီးခဲ့တဲ့ ၇ ကြိမ်စလုံး အနိမ့်ဆုံး ကွာတားဖိုင်နယ် အဆင့် ရောက်ရှိထားခဲ့ပါတယ်။ ကွာတားဖိုင်နယ် ၂ ကြိမ်၊ ဆီမီးဖိုင်နယ် ၃ ကြိမ်၊ ဒုတိယ ၁ ကြိမ်နဲ့ နောက်ဆုံး ယူရို ၂၀၁၆ မှာ ချန်ပီယံဖြစ်ထားတဲ့ ပေါ်တူဂီ အတွက် အခုတစ်ခေါက် ပြိုင်ပွဲဟာ အခက်ခဲဆုံး ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ပေါ်တူဂီရဲ့ လူစာရင်းကို ပြန်ကြည့်လိုက်ရင် ပြီးခဲ့တဲ့ ယူရို ၂၀၁၆ ကထက် အများကြီး တောင့်တင်းလာခဲ့လို့ ဘာမဆို မျှော်လင့်ခွင့် ရှိနေပါတယ်။ မည်သို့ပင်ဆိုပါစေ ပြောင်းလဲလိုက်တဲ့ ပြိုင်ပွဲပုံစံသစ်အရ ပေါ်တူဂီ နောက်တစ်ဆင့် တက်ဖို့ မခက်ပေမယ့် အုပ်စု ပထမနေရာရဖို့ အရေးကြီးနေလို့ ပွဲဦးထွက်မှာ ဟန်ဂေရီကို မဖြစ်မနေ အနိုင်ကစားဖို့ လိုအပ်ပါလိမ့်မယ်။ ထုံးစံအတိုင်း ရော်နယ်ဒို အနေနဲ့ ကတော့ သူရည်ရွယ်ထားတဲ့ နိုင်ငံတကာ သွင်းဂိုး အများဆုံး ကစားသမား၊ ယူရိုပြိုင်ပွဲရဲ့ သွင်းဂိုးအများဆုံး ကစားသမား စံချိန်တွေကို ချိုးဖျက်နိုင်ဖို့ အပြင် သူပြောထားတဲ့ အတိုင်း ယူရို ပြိုင်ပွဲ ၂ ကြိမ်ဆက် ချန်ပီယံ ဖြစ်ရေး ကျိန်းသေပေါက် ပေါ်တူဂီ အတွက် ပေးဆပ် ကစားလာဖို့ ရှိနေပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

သမိုင်းတစ်လျှောက် ဟန်ဂေရီနဲ့ ပေါ်တူဂီတို့ ၁၃ ကြိမ် ထိပ်တိုက်တွေ့ဆုံခဲ့ပြီး ပေါ်တူဂီတို့ ၉ ပွဲနိုင် ၄ ပွဲသရေကျပြီး ရှုံးပွဲ လုံးဝမရှိခဲ့တာ တွေ့ရပါတယ်။ ထိပ်တိုက်တွေ့ဆုံထားတဲ့ ၁၃ ကြိမ်မှာ ပေါ်တူဂီတို့ သွင်းဂိုး ၃၀ အထိ ရရှိခဲ့သလို ပေးဂိုးကလည်း ၁၀ ဂိုးပဲ ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ယူရို ၂၀၁၆ မှာ ၃-၃ ရလဒ် ထွက်ပေါ်ခဲ့တာဟာ ၁၉၉၈ ခုနှစ် နောက်ပိုင်း ဟန်ဂေရီတို့ ပေါ်တူဂီကို အကောင်းဆုံး ယှဉ်ကစားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အဆင့် ထိပ်တိုက်တွေ့ဆုံမှု ၂ ကြိမ်မှာတော့ လစ္စဘွန်းမှာရော၊ ဘူဒါပတ်စ်မှာပါ ပေါ်တူဂီတို့ အနိုင်ရထားခဲ့ပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ဟန်ဂေရီ – ပေါ်တူဂီ အချိန်ပြည့် 1X2 ပေါ်တူဂီ @ 1.46
ဇွန်လ ၁၅ ရက်, ညနေ ၁၀:၃၀ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ ဟန်ဂေရီ အတွက် ၈.၀၀ ဆနဲ့ ချက် အတွက် ၁.၄၄ ဆ ကြေးဖွင့် ပြီး သရေအတွက် ၄.၂၀ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ ဟန်ဂေရီတို့ အစဉ်အလာအရ ပေါ်တူဂီကို တစ်ကြိမ်တစ်ခါမှ အနိုင်မရဘူးသလို လက်ရှိ လူစာရင်းနဲ့ ခြေစွမ်းအရလည်း ရော်နယ်ဒို ဦးဆောင်လာမယ့် အသင်းကို အိမ်ရှင် ဟန်ဂေရီတို့ ယှဉ်နိုင်ဖို့ မရှိပါဘူး။ ပြီးခဲ့တဲ့ ယူရို ၂၀၁၆ မှာ ဟန်ဂေရီတို့ ပေါ်တူဂီကို အနိုင်ရဖို့ နီးစပ်ခဲ့ပေမယ့် ရော်နယ်ဒိုကြောင့်ပဲ ဟန်ဂေရီတို့ ပေါ်တူဂီ အိမ်မက်ဆိုးကို ဆက်မက်ခဲ့ရပါတယ်။ ဟန်ဂေရီတို့ အိမ်ကွင်းအားသာချက် ရှိနေတာအပြင် ခံစစ်မာတဲ့ အသင်းဖြစ်လို့ ဂိုးသွင်းဖို့ အခက်အခဲ ရှိနိုင်ပေမယ့် ပွဲအ‌ဖြေပြောင်းလဲနိုင်တဲ့ ကစားသမားတွေ တပုံကြီး ရှိနေတဲ့ ပေါ်တူဂီ အတွက် ဒီလောက်က မှုစရာ မရှိပါဘူး။ ခန့်မှန်းရလဒ် ၀-၁ လောက်နဲ့ပဲ ပေါ်တူဂီ ကပ်နိုင်သွားဖို့ များတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်