နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ယူရို ၂၀၂၀ မှာ အဓိက စောင့်ကြည့်ရမယ့် ခံစစ်ကျောက်ဆောင်များ

ယူရို ၂၀၂၀ ကတော့ လာမယ့် ရက်ပိုင်းအတွင်း စတင်တော့မှာ ဖြစ်ပြီး ခြေစစ်ပွဲ အောင်မြင်ထားတဲ့ လက်ရှိ ဥရောပ အကောင်းဆုံး  နိုင်ငံ့လက်ရွေးစင် အသင်းပေါင်း ၂၄ သင်းရဲ့ အပြင်းအထန် ယှဉ်ပြိုင်မှုတွေကို ကြည့်ရှုအားပေးရတော့မှာ ဖြစ်ပါတယ်။ အမှတ်ပေးပြိုင်ပွဲတွေ ရာသီကုန်လို့ ရပ်နားထားချိန်တိုင်း ပွဲငတ်ရလေရှိတဲ့ ဘောလုံးဝါသနာရှင် ပရိသတ်တွေ အတွက် ကိုဗစ်ကာလ အလွန် ၂၀၂၁ ခုနှစ် ကတော့ ဟန်ကျစရာပါပဲ။ 

ပရိသတ်တွေ အနေနဲ့ ကိုယ်ကြိုက်တဲ့ အသင်းကို အားပေးဖို့ အဆင်သင့် ရှိနေသလို အဓိက ပြိုင်ပွဲဝင်မယ့် အသင်းပေါင်း ၂၄ သင်းက ကစားသမားတွေလည်း အဆင်သင့် ဖြစ်နေလောက်ပါပြီ။ သက်ဆိုင်ရာ ကလပ် အသီးသီးမှာ ခြေစွမ်းပြနိုင်ခဲ့ရုံ သာမက ကိုယ့်နိုင်ငံအသင်း အတွက်ပါ အားကိုးရမယ့် ကစားသမားတချို့ကို ကျွန်တော်များ SBOTOP ကနေ ရွေးချယ် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ 

“တိုက်စစ်က နိုင်ပွဲတွေ ရယူပေးနိုင်ပေမယ့် ခံစစ်ကတော့ ဆုဖလားတွေ ရယူပေးလိမ့်မယ်” ဆိုပြီး ဆုဖလား အောင်မြင်မှု အတွက် နောက်ခံလူတွေရဲ့ အရေးပါပုံကို ဆာအဲလက်စ် ဖာဂူဆန်က ညွှန်းဆိုခဲ့ဖူးပါတယ်။ ဒါဆို အခု ယူရို ၂၀၂၀ မှာ ဘယ်အသင်းရဲ့ နောက်ခံလူတွေဟာ အသင်းရဲ့ အောင်မြင်မှု အတွက် အဓိကကျလာနိုင်မလဲ ဆိုတာ ကြိုတင် ခန့်မှန်းကြည့်ရအောင်…
 

၅။ လုခ်ရှော (အင်္ဂလန်)

အင်္ဂလန် ဘယ်နောက်ခံလူ လုခ်ရှော ကိုတော့ ပြီးခဲ့တဲ့ ဘောလုံးရာသီ မန်ချက်စတာယူနိုက်တက်မှာ ပြသနိုင်ခဲ့တဲ့ စွမ်းဆောင်ရည်တွေကြောင့် ဒီစာရင်းမှာ မပါမဖြစ် ထည့်သွင်းထားရပါမယ်။ ဒဏ်ရာပြသနာ မကြာခဏ ကြုံတွေခဲ့ရတဲ့ လုခ်ရှောဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ တော်တော်များများမှာ ပုံမှန်ပွဲထွက်ခွင့် ရဖို့ ရုန်းကန်ခဲ့ရပေမယ့် ဒီရာသီမှာတော့ ယူနိုက်တက် အတွက် ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ ၄၇ ပွဲ ပါဝင်ကစားပေးခဲ့ပါတယ်။ ပရီးမီးယားလိဂ်ရဲ့ တစ်နှစ်တာ အကောင်းဆုံး ဘယ်နောက်ခံလူ အဖြစ် ပရိသတ်တွေက ရွေးချယ်ခဲ့သလို ယူနိုက်တက် ကစားသမားတွေက ပြန်ပြီး သတ်မှတ်ပေးတဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို လည်း ရရှိခဲ့ပါတယ်။ လုခ်ရှောဟာ ပရီးမီးယားလိဂ် တစ်ရာသီလုံး ၃၂ ပွဲကစားခဲ့ရာမှာ သွင်းဂိုး ၁ ဂိုး၊ ဂိုးဖန်တီးမှု ၅ ကြိမ်၊ အခွင့်အရေး ဖန်တီးမှု ၇၇ ကြိမ်၊ တိကျတဲ့ ပေးပို့မှု ၁၃၆၈ ကြိမ်၊ ဘောလုံး လုယူနိုင်မှု ၂၈ ကြိမ်၊ ကြားဖြတ်ရယူမှု အကြိမ် ၂၀၊ ရှင်းထုတ်မှု ၃၉ ကြိမ်မှာ ခေါင်းတိုက် ရှင်းထုတ်မှု ၁၆ ကြိမ်၊ ဖြတ်တင်ပေးပို့မှု ၅၇ ကြိမ် အထိ ပြုလုပ်ခဲ့ပါတယ်။ လုခ်ရှောရဲ့ တစ်ရာသီလုံး စွမ်းဆောင်ရည်ကို သတ်မှတ်ရမယ် ဆိုရင် ပျမ်းမျှ ၇.၂ နဲ့ အထက်မှာ ရှိနေပါတယ်။ ထပ်ပြီးဆိုရရင် လုခ်ရှောရဲ့ တကျော့ပြန် ခြေစွမ်းပြမှုကြောင့် အသစ် ခေါ်ယူထားတဲ့ အဲလက်စ်တဲလက်စ် လည်း အရန်ခုံမှာ ထိုင်နေခဲ့ရပါတယ်။ ဒါပေမယ့် အသက် ၂၅ နှစ်သား လုခ်ရှော အနေနဲ့ ယူရို ၂၀၂၀ ပွဲထွက်ကစားခွင့် အတွက် ချဲလ်ဆီးက ဘန်ချေးလ်ဝဲလ်နဲ့ အပြိုင်လုရမယ့် သဘောရှိပါတယ်။
 

၂။ အေမရစ်ခ် လာပေါ့တ် (စပိန်)

ယူရို ၂၀၂၀ ပြိုင်ပွဲနဲ့ အသင်းခေါင်းဆောင် ဆာဂျီယို ရာမို့စ် လွဲချော်ခဲ့ပြီး ဒီယေဂို  ယော်ယန်းတေးပါ ကိုဗစ် ပြသနာကြောင့် ကစားနိုင်ဖို့ မသေချာပေမယ့် ပါအူတောရက်စ်၊ အဲရစ်ဂါစီယာ အပြင် ကစားသမားသစ် လာပေါ့တ် တို့ကြောင့် စပိန် ခံစစ် က အရောင်မလျော့ခဲ့သလို နည်းပြ အင်းနရစ်ခ် အတွက် အရမ်းကြီး စိတ်ပူစရာ မရှိပါဘူး။ လာပေါ့တ်ဟာ ဒက်စ်ရွှမ့်စ် အကြိုက် ကစားသမား တစ်ဦး မဟုတ်ခဲ့သလို ပွဲထွက်ကစားခွင့်ရဖို့ မသေချာတာကြောင့် စပိန် လက်ရွေးစင် အသင်းကိုပဲ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ဘီလ်ဘာအိုရဲ့ လီဇာမာ အကယ်ဒမီထွက် လာပေါ့တ်ဟာ စပိန်ဘောလုံး အတွေးအခေါ်နဲ့ အသားကျပြီး ဖြစ်လို့ လူးဝစ်အင်းနရစ်ခ်ရဲ့ အသင်းကို ရွေးတာ မှန်ကန်တယ်လို့ ဆိုရမှာပါ။ ပြီးခဲ့တဲ့ ရာသီက ပပ်ဂွာဒီယိုလာရဲ့ စိတ်ကြိုက် ဗဟိုခံစစ်အတွဲဟာ ရူဘင်ဒီးရာ့စ်နဲ့ ဂျွန်စတုန်းစ် ဖြစ်ပေမယ့် လာပေါ့တ် ဟာလည်း မန်စီးတီးမှာ တစ်ရာသီလုံး စုစုပေါင်း ၂၇ ပွဲ ကစားခွင့်ရခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ ၁၆ ပွဲကစားခဲ့ပြီး ဘောလုံး လုယူမှု တစ်ပွဲပျမ်းမျှ ၀.၈၇ ကြိမ်၊ တားဆီးမှု ၀.၄၇ ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။ လက်ရှိ ယူရို ၂၀၂၀ မှာ စပိန် ကစားသမားတွေထဲက ကိုဗစ် ရောဂါပိုး တွေ့ရှိတဲ့ ကစားသမားတွေ များနေပြီး ဘရာအစ်မန်းဒက်ဇ်၊ ဖော်နယ်၊ ရိုဒရီဂို မိုရီနို၊ ကားလို့စ်ဆိုလာ၊ ရာအူးလ်အဲလ်ဘီယိုတို့ ၅ ဦးကို ထပ်မံခေါ်ယူထားခဲ့ပါတယ်။ ဒါကြောင့် လာပေါ့တ် အနေနဲ့ ရာအူးလ်အဲလ်ဘီယို၊ ပါအူတောရက်စ်၊ အဲရစ်ဂါစီယာ တို့လို ဗဟိုခံစစ် ကစားသမားတွေနဲ့ ပွဲထွက်ကစားခွင့် အတွက် ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။
 

၃။ အလက်ဆန်ဒရို ဘက်စတိုနီ (အီတလီ)

ခံစစ်ကစားတဲ့ နေရာမှာ နာမည်ကျော်တဲ့ အီတလီ အတွက် အနာဂတ်မှာ အားထားရမယ့် ကမ္ဘာ့အဆင့် ခြေစွမ်းရှိ ကစားသမား ဖြစ်ပါတယ်။ အသက် ၂၂ နှစ်သား ဘက်စတိုနီဟာ အင်တာမီလန်ကို ၂၀၁၉ ခုနှစ်မှာ အတ္တလန္တာ ကနေ ပြန်လာခဲ့ပြီး ၂ ရာသီ အတွင်းမှာပဲ နည်းပြ ကွန်တီရဲ့ အားထားရတဲ့ ဗဟိုခံစစ်မှူး ဖြစ်လာသူပါ။ ပြီးခဲ့တဲ့ ရာသီက စီးရီးအေ မှာ အဓိက ပွဲထွက်ကစားသမား အဖြစ် ၃၃ ပွဲအထိ ကစားခွင့်ရခဲ့ပြီး ကိုပါအီတလီယာမှာ ၂ ပွဲ၊ ချန်ပီယံလိဂ်မှာ ၅ ပွဲ ကစားခဲ့ပါတယ်။ တိုက်စစ် ပံ့ပိုးတဲ့ အပိုင်းမှာ အားနည်းပေမယ့် အင်တာမီလန် ခံစစ်အတွက် ကျောက်ဆောင်တစ်ခု လို့တောင် တင်စားရတဲ့အထိ ပြိုင်ဘက် တိုက်စစ်မှူးတွေ ကျော်ဖြတ်ဖို့ ခက်တဲ့ ကစားသမား ဖြစ်ပါတယ်။ တစ်ချက်ရှိတာက ကွန်တီရဲ့ ၃-၅-၂ ကစားကွက်မှာ အသားကျခဲ့တဲ့ ဘက်စတိုနီ အတွက် မန်ချီနီ စိတ်ကြိုက် ၄-၃-၃ ကစားကွက် အတွက်နဲ့ အံဝင်နိုင်ပါ့မလားဆိုတာ စဉ်းစားစရာတော့ ရှိပါတယ်။ နောက်ပြီး ဘိုနူချီ-ချီလီနီ သက်ကြားအို ဗဟိုခံစစ် အတွဲ အနားမယူသေးတဲ့ အချိန်မှာ ဘက်စတိုနီ အနေနဲ့ အီတလီ လက်ရွေးစင် အသင်းမှာ ပွဲထွက်ခွင့်ရဖို့တော့ သိပ်ပြီး မသေချာပါဘူး။ ဘယ်လိုပဲပြောပြော ဘက်စတိုနီ အတွက် ယူရို ၂၀၂၀ ဟာ ပထမဆုံး ပြိုင်ပွဲကြီးတစ်ခု ဖြစ်သလို နိုင်ငံအသင်းအတွက် အနာဂတ်မှာ မရှိမဖြစ် အားထားရတဲ့ ကစားသမား ဖြစ်လာနိုင်ဖို့ လမ်းစတစ်ခုပဲ ဖြစ်ပါတယ်။
 

 

၂။ ကတ်ဂ်လာ ဆိုယွန်ချူး (တူရကီ)

လက်စတာစီးတီး အက်ဖ်အေဖလား ကိုင်မြှောက်ခွင့်ရဖို့ အတွက် အဓိက ကျခဲ့တဲ့ ကစားသမား ဖြစ်ပါတယ်။ ဖရိုင်းဘတ် အသင်းနဲ့ အတူ စတင်တောက်ပခဲ့တဲ့ ဆိုယွန်ချူးဟာ ၂၀၁၈ ခုနှစ်က ပရီးမီးယားလိဂ်ကို စတင် ခြေချခဲ့ပြီး အကောင်းဆုံး ခြေစွမ်းနဲ့အတူ လက်စတာ ခံစစ်ရဲ့ အားထားရတဲ့ ကစားသမား ဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရာသီအစမှာ ဒဏ်ရာ ပြသနာကြောင့် ပွဲထွက်ကစားခွင့် မရခဲ့ပေမယ့် တစ်ရာသီလုံး ပြိုင်ပွဲစုံ ၃၃ ပွဲ ကစားပြီး ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး နောက်ခံလူ တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ ရပါတယ်။ သူပါဝင်ကစားနိုင်ခြင်း မရှိခဲ့တဲ့ ၁၂ ပွဲမှာ လက်စတာစီးတီးတို့ ၄ ပွဲနိုင်၊ ၅ ပွဲရှုံးပြီး အမှတ်ပေးဇယား အဆင့် ရပ်တည်မှု ကျဆင်းခဲ့တာကို ကြည့်ခြင်းအားဖြင့် ဆိုယွန်ချူးရဲ့ အရေးပါမှုကို သိနိုင်ပါတယ်။ ၂၀၁၉-၂၀ ဘောလုံးရာသီ ပရီးမီးယားလိဂ်မှာ ၃၄ ပွဲ ကစားပြီး ဘောလုံး ရှင်းထုတ်မှု ၁၅၁ ကြိမ်မှာ ခေါင်းတိုက် ရှင်းထုတ်မှုက ၇၃ ကြိမ်၊ ကြားဖြတ်ရယူမှု ၄၃ ကြိမ်၊ ဘောလုံး လုယူမှု အကြိမ် ၄၀ အထိ ပြုလုပ်ခဲ့ပြီး ဘောလုံးပေးပို့မှုကလည်း ၉၀ ရာခိုင်နှုန်း တိကျခဲ့ပါတယ်။ ၂၀၂၀-၂၁ မှာတော့ ပရီးမီးယားလိဂ် မှာ ၂၃ ပွဲသာ ကစားခွင့်ရခဲ့ပေမယ့် ရှင်းထုတ်မှု အကြိမ် ၈၀၊ ကြားဖြတ်ရယူမှု ၂၈ ကြိမ်၊ လုယူမှု ၁၇ ကြိမ် ပြုလုပ်နိုင်ခဲ့သလို အခွင့်အရေး ဖန်တီးမှု ၇ ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။ အက်ဖ်အေဖလားမှာလည်း စုစုပေါင်း ၆ ပွဲကစားခဲ့ပြီး ဗိုလ်လုပွဲမှာ ပြသခဲ့တဲ့ သူ့ရဲ့ စွမ်းဆောင်ရည်ကြောင့်လည်း လက်စတာစီးတီးတို့ သမိုင်းမှာ ပထမဦးဆုံး အက်ဖ်အေဖလား ကိုင်မြှောက်ခွင့် ရခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ ယူရို ၂၀၂၀ မှာ ဖြတ်မြင်း အဖြစ် သတ်မှတ်ခံထားရတဲ့ တူရကီ အတွက် အားထားရတဲ့ ကစားသမား ဖြစ်လာဖို့ ရှိပြီး ပြိုင်ဘက် တိုက်စစ်မှူးတွေကို ခက်ခဲစေဦးမှာပါ။
 

၁။ ရူဘင်ဒီးရာ့စ် (ပေါ်တူဂီ)

စောင့်ကြည့် စာရင်းရဲ့ ထိပ်ဆုံးမှာ ရှိနေတဲ့ ကစားသမား ကတော့ အားလုံး ကြိုတင်တွက်ဆထားသလို ရူဘင်ဒီးရာ့စ်ပဲ ဖြစ်ပါတယ်။ ပေါ်တူဂီ ထိပ်သီး ဘင်ဖီကာ ကနေ စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ အခုနှစ် ရာသီမှ မန်စီးတီးကို ရောက်လာခဲ့တဲ့ ရူဘင် ဒီးရာ့စ်ဟာ အင်္ဂလန်မြေနဲ့ အလျင်အမြန် အသားကျခဲ့ပြီး ဂွာဒီယိုလာရဲ့ အသင်းအတွက် အဓိက ကစားသမား ဖြစ်ခဲ့ပါတယ်။ ပေါင် ၆၂ သန်း အထိပေးပြီး ခေါ်ယူခဲ့တဲ့ ဂွာဒီယိုလာရဲ့ ဆုံးဖြတ်ချက် မှန်ကန်တယ် ဆိုတာကို အထင်ကြီး လေးစားစရာ ခြေစွမ်းတွေနဲ့ အတူ  ပရီးမီးယားလိဂ်နဲ့ လိဂ်ဖလား ချန်ပီယံဆု ရရှိခဲ့တာ အပြင် ချန်ပီယံလိဂ် ဗိုလ်လုပွဲ တက်ရောက်နိုင်ဖို့ ကူညီပေးခဲ့ပြီး ဘောလုံးကလောင်ရှင်တွေက ရွေးချယ်ပေးအပ်တဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပါတယ်။ ဒီဆုကို ရူဘင်ဒီးရာ့စ် မတိုင်ခင် ဗန်ဒိုက်ချ် အပါအဝင် ခံစစ် ကစားသမား ၃ ဦးပဲ ရရှိခဲ့ဖူးပါတယ်။ ဒီးရာ့စ် အနေနဲ့ လက်ရှိယူရို ၂၀၂၀ ကို ကြိုတင် ခန့်မှန်းကြည့်ခြင်း | နယ်သာလန် ပေါ်တူဂီ အသင်းအတွက် ရော်နယ်ဒို၊ ဖာနန်ဒက်စ် တို့ပြီးရင် အဓိက အကျဆုံး ကစားသမား ဖြစ်လာဖို့ ရှိပြီး အသက် ၂၄ နှစ်သာ ရှိသေးလို့ ပေါ်တူဂီ အနာဂတ် အတွက် အားထားရမယ့် ကစားသမား ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်