နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ယူရို ၂၀၂၀ ကို ကြိုတင် ခန့်မှန်းကြည့်ခြင်း | နယ်သာလန်

မကြာခင်မှာ ယှဉ်ပြိုင်ကစားမယ့် ယူရို ၂၀၂၀ ပြိုင်ပွဲဝင် အသင်းတွေရဲ့ အုပ်စုအခြေအနေ၊ လူစာရင်းနဲ့ ကစားကွက်၊ စောင့်ကြည့်ရမယ့် ကစားသမား၊ အလားအလာ တွေနဲ့ ပတ်သတ်လို့ ကြိုတင် ခန့်မှန်းချက်တွေကို ကျွန်တော်များ SBOTOP ကနေ တင်ဆက် ဖော်ပြပေးနေတာ ဖြစ်ပါတယ်။ အခုတစ်ခါမှာတော့ ယူရို ၂၀၂၀ အုပ်စု (C)က နယ်သာလန် အကြောင်းကို ကြိုတင်ခန့်မှန်း သုံးသပ်ပေးသွားမှာ ဖြစ်ပါတယ်။

နယ်သာလန်ဟာ ခြေစွမ်းပိုင်း ခန့်မှန်းရခက်တဲ့ အသင်းတစ်သင်းလို့ ပြောလို့ရပြီး ခြေစွမ်းအတက်အကျ အရမ်းမြန်တဲ့ အသင်းဖြစ်ပါတယ်။ ၂၀၁၄ ကမ္ဘာ့ဖလားမှာ အကောင်းဆုံး ခြေစွမ်းနဲ့ ဒုတိယရခဲ့တဲ့ အသင်းက ယူရို  ၂၀၁၆နဲ့ ကမ္ဘာ့ဖလား ၂၀၁၈ တို့မှာ ချက်ချင်းဆိုသလို ခြေစစ်ပွဲမအောင်တော့တဲ့ သာဓကတွေလည်း ရှိခဲ့ဖူးပါတယ်။ ဒီလိုဆိုတော့ နယ်သာလန်ကို လျှော့တွက်ထားရမလား ဆိုပြီး မေးကောင်းမေးလာနိုင်ပါတယ်။ လျှော့တွက်လို့တော့ မဖြစ်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ယူရို ချန်ပီယံဆု ရရှိဖူးတဲ့ အသင်းဖြစ်သလို ဒီပေး၊ ဖရန်ကီဒီယောင်၊ ဒီရွန်၊ ဒလစ်ဂျ်၊ ဒီဗရစ်ဂျ် တို့လို ထိပ်တန်းအဆင့် ခြေစွမ်းရှိတဲ့ ကစားသမားတွေ အများကြီး ပိုင်ဆိုင်ထားတဲ့ လိမ္မော်ရောင် တပ်သားတွေ တကယ်တမ်း ခြေမိသွားရင် မျှော်လင့်လို့ ရနိုင်တဲ့ အခြေအနေတွေ အများကြီး ရှိနေလို့ပါပဲ။
 

သမိုင်းကြောင်း

ဘောလုံးသမိုင်းမှာ နယ်သာလန်နဲ့ အကြောင်းပြောရင် နာမည်ကြီး Total Football ကစားပုံနဲ့ ၁၉၇၀ ကျော် ကာလများမှာ တစ်ကြိမ် ၁၉၉၆ ကနေ ၂၀၁၄ အထိ တစ်ကြိမ် ရွှေရောင်မျိုးဆက်တွေ၂ ကြိမ်တိုင်တိုင် ပိုင်ဆိုင်ခဲ့ဖူးတာကို မပါမဖြစ် ထည့်ပြောရမှာပါ။ ဂျိုဟန်ခရိုက်ဖ်ရဲ့ တောက်ပမှုနဲ့ အတူ ၁၉၇၄နဲ့ ၇၈ ကမ္ဘာ့ဖလား တို့မှာ ဗိုလ်လုပွဲ ၂ ကြိမ်ဆက် တက်ရောက်နိုင်ခဲ့ပါတယ်။ စိတ်မကောင်းစရာက ၁၉၇၄ ဂျာမနီ ကမ္ဘာ့ဖလားမှာ အိမ်ရှင် အနောက် ဂျာမနီကို ဗိုလ်လုပွဲမှာ ၁-၂ နဲ့ ရှုံးနိမ့်ခဲ့ပြီး ၁၉၇၈ မှာလည်း အိမ်ရှင် အာဂျင်တီးနားကို အချိန်ပိုမှာ  ၁-၃ နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် နှစ်ကြိမ်ဆက် ဒုတိယနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ နယ်သာလန် သမိုင်းတစ်လျှောက် ပထမဦးဆုံး အကြိမ် အဓိက ဆုဖလား အောင်မြင်မှု အဖြစ် ယူရို ၁၉၉၈ ချန်ပီယံဆုကို ရရှိခဲ့ပါတယ်။ ပထမ ရွှေရောင်မျိုးဆက်မှာ အောင်မြင်မှုနဲ့ အနီးဆုံး ရောက်ပြီးမှ ကျရှုံးခဲ့ရပေမယ့် ဒုတိယရွှေရောင် မျိုးဆက်မှာတော့ ဗန်ဘက်စတန်၊ ဂူလစ်၊ အာဝင်နဲ့ ရော်နယ် ကူးမန်း ညီနောင် တို့က ဥရောပချန်ပီယံရှစ် ဆုဖလားကို အရယူပေးနိုင်ခဲ့တဲ့ အပြင် ယူရို ၁၉၉၂ မှာ တတိယ၊ ၉၆ မှာ ကွာတားဖိုင်နယ်၊ ၂၀၀၀နဲ့ ၂၀၀၄ ယူရိုတွေမှာ တတိယ ရရှိခဲ့ပါတယ်။ ကမ္ဘာ့ဖလားမှာ ၁၉၉၀ နောက်ပိုင်း ၁၆ သင်း အဆင့်ကို တက်ရောက်နိုင်ခဲ့တာ အနိမ့်ဆုံး အောင်မြင်မှု ဖြစ်ပြီး ၁၉၉၈၊ ၂၀၁၀၊ ၂၀၁၄ ယူရိုတွေမှာ ဒုတိယ၊ တတိယနဲ့ စတုတ္ထ အသီးသီး ရရှိခဲ့ပါတယ်။ အဲ့နောက် ယူရို ၂၀၁၆ နဲ့ ၂၀၁၈ ကမ္ဘာ့ဖလားတွေမှာ ခြေစစ်ပွဲ မအောင်မြင်တဲ့ အထိ ကစားသမား မျိုးဆက်ပြတ်မှု ဒဏ်ကို ခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့ နေးရှင်းလိဂ် မှာတော့ ရော်နယ်ကူးမန်း နဲ့အတူ ဒုတိယ ရခဲ့လို့ နယ်သာလန် တစ်ခေတ် ပြန်ဆန်းနိုင်တော့မှာလား ဆိုပြီးတောင် သုံးသပ်ခဲ့ကြပါသေးတယ်။ ဒါပေမယ့် အကြောင်းမလှတဲ့ ဒက်ချ်တို့ နည်းပြ ရော်နယ်ကူးမန်း စွန့်ခွာသွားမှုနဲ့ အတူ ဖရန့်ခ် ဒီဘိုးဝါး လက်ထက်မှာ လက်ရှိအချိန် ထိတော့ ခြေစွမ်း မတည်ငြိမ်သေးတာ တွေ့ရမှာပါ။
 

နည်းပြ

 
ဖရန့်ခ် ဒီဘိုးဝါး

ဒီဘိုးဝါးဟာ ဒုတိယ ရွှေရောင်မျိုးဆက်ရဲ့ အသင်းခေါင်းဆောင် ဖြစ်ခဲ့ပြီး နယ်သာလန်ကို ယူရို ၂၀၀၀ မှာ အကောင်းဆုံး ဦးဆောင်ခဲ့ပေမယ့် မှတ်မှတ်ရရ အရေးပါတဲ့ ပင်နယ်တီ နှစ်လုံးတိတိ လွဲချော်မှုနဲ့ အတူ ဟီးရိုး ကနေ ဇီးရိုး ဖြစ်သွားခဲ့ရသူ ဖြစ်ပါတယ်။ ကစားသမားဘဝ ကနေ အနားယူပြီး နည်းပြ လောကထဲ ခြေစုံပစ် ဝင်လိုက်ချိန် မှာတော့ “ဒီဘိုးဝါးဟာ ပရီးမီးယားလိဂ် သမိုင်းမှာ အဆိုးရွာဆုံး နည်းပြ ဖြစ်တယ်” ဆိုပြီး ဂျိုဆေမော်ရင်ဟိုရဲ့ ဝေဖန် တိုက်ခိုက်တာ ကိုလည်း ခံခဲ့ရသူဖြစ်ပါတယ်။ အဲ့နောက် ၂၀၁၈ ကနေ ၂၀၂၀ ခုနှစ် အထိ မေဂျာလိဂ် ကလပ် အတ္တလန္တာ ယူနိုက်တက်ကို ကိုင်တွယ်ခဲ့ချိန် မှာလည်း သိပ်ပြီးမစွံခဲ့လို့ ပရိသတ်တွေကို တောင်းပန်ခဲ့ရပါသေးတယ်။ အဲ့ဒီနောက် ၂၀၂၀ စက်တင်ဘာလ မှာတော့ နယ်သာလန်ကို ခြေစုံကန်ပြီး ဘာစီလိုနာဆီ ပြောင်းသွားတဲ့ နည်းပြ ရော်နယ်ကူးမန်း နေရာမှာ အစားထိုး ခန့်အပ်ခံခဲ့ရပါတယ်။ နယ်သာလန် ဘောလုံးအဖွဲ့ချုပ် ကတော့ ဒီဘိုးဝါးဟာ အသင်းခေါင်းဆောင် ဖြစ်ခဲ့သလို ၂၀၁၀ ကမ္ဘာ့ဖလားမှာ နယ်သာလန် ဗိုလ်လုပွဲ ရောက်ရှိအောင် ပို့ဆောင်ပေးခဲ့တဲ့ ဘတ်ဗန်မာဝစ်ခ်ရဲ့ လက်ထောက်နည်းပြ လုပ်ခဲ့ဖူးတာကြောင့် တာဝန်ပေးခဲ့တဲ့ သဘောရှိပေမယ့် ဒီဘိုးဝါး လက်ထက်မှာ နယ်သာလန်ရဲ့ လက်ရှိ ခြေစွမ်းက အရမ်း မဆိုးရင်တောင် အားရစရာတော့ မရှိတာ အမှန်ပါပဲ။
 

 
လက်ရှိ အခြေအနေ

ကိုဗစ်ကပ်ရောဂါကြောင့် ယူရို ၂၀၂၀ ပြိုင်ပွဲကို ဒီနှစ်ထဲ ရွှေ့လိုက်ရတာဟာ နယ်သာလန်ရဲ့ လက်ရှိ အခြေအနေကို အနည်းငယ် သက်ရောက်မှု ရှိခဲ့ပါတယ်။ လက်တလော အသင်းရဲ့ တိုက်စစ်မှာ လိုင်ယွန်နဲ့ အတူ ကမ္ဘာ့အဆင့် ခြေစွမ်း ပြန်လည် ရရှိထားတဲ့ မန်းဖစ် ဒီပေး ဒဏ်ရာက ပြန်လည် သက်သာလာပေမယ့် ကမ္ဘာ့အကောင်းဆုံး နောက်ခံလူ ဗန်ဒိုက်ချ် ဒဏ်ရာက မသက်သာသေးလို့ ယူရို ၂၀၂၀နဲ့ လွဲချော်ခဲ့တာ အပြင် မားသီးယက်စ် ဒလစ်ဂျ် ကလည်း ဒဏ်ရာကြောင့် ပါဝင်ကစားဖို့ ရာနှုန်းပြည့် မသေချာသေးလို့ ဒီဘိုးဝါးနဲ့ လိမ္မော်ရောင်တွေ အတွက်တော့ စိတ်ပျက်စရာပါပဲ။ ဒါပေမယ့် စတီဖင် ဒီဗရစ်ဂျ်၊ ပက်ထရစ်ဗန်အန်ဟော့တ်၊ နေသန် အေခီ၊ အိုဝင် ဝစ်ဂျ်ဒဲလ် တို့လို လူငယ်ကြယ်ပွင့် ကစားသမားတွေ ရှိနေသေးလို့ ဒီဘိုးဝါးအတွက် အနည်းငယ် အသက်ရှူချောင် စေပါလိမ့်မယ်။ ကွင်းလယ်မှာ လစ်ဗာပူးလ် ကွင်းလယ်က အသက်ရလာတဲ့ ဂျော်ဂျီနို ဝစ်ဂျ်နယ်ဒမ်ကို အားကိုးလို့ မရပေမယ့် ဖရန်ကီဒီယွန်း၊ ဒေဗီ ကလက်ဆန်၊ မာတန်ဒီရွန်၊ ဗန်ဒီဘိခ် တို့လို ကစားသမားတွေ ရှိနေလို့ မဆိုးဘူးလို့ ပြောရမှာ ဖြစ်ပါတယ်။ ဖရန်ကီ ဒီယွန်းရဲ့ ကမ္ဘာ့အဆင့်ရှိတဲ့ ဖန်တီး ပေးပို့မှုတွေကို မြင်ရမယ်ဆိုတာ သေချာပေါက် ယုံကြည်ပေမယ့် အဆုံးသတ် ဂိုးသွင်းပေးနိုင်မယ့်သူ ကလည်း လိုပါသေးတယ်။ ဒီပေးက ပြောစရာ မရှိသလို ပြီးခဲ့တဲ့ ရာသီက ဝုဖ်ဘတ် အတွက် တစ်ရာသီလုံး ပြိုင်ပွဲစုံ ၃၇ ပွဲကစား၊ ၂၃ ဂိုးသွင်း၊ ၈ ဂိုးဖန်တီးပေးခဲ့တဲ့ ဝတ် ဝဂ်ဟော့တ်စ်ရဲ့ ဂိုးသွင်း စွမ်းရည်က မဆိုးဘူးလို့ ပြောလို့ရပါတယ်။ သူတို့ နှစ်ဦးကလွဲလို့ တခြားတိုက်စစ်မှူးတွေ ကိုတော့ အပြည့်အဝ မျှော်လင့်ထားလို့ မရပါဘူး။
 

စောင့်ကြည့်ရမယ့် ကစားသမား

 
ဖရန်ကီဒီယွန်း (ကွင်းလယ်)

အသက်အရွယ်နဲ့ မလိုက်အောင် ခြေစွမ်း၊ ရင့်ကျက်တည်ငြိမ်မှု အပြင် အမြဲတမ်းနီးပါး ပြုံးရွှင်နေတတ်တဲ့ မျက်နှာကြောင့် ဒီယွန်း ကိုတော့ လက်ရှိ ယူရို ၂၀၂၀ ပြိုင်ပွဲကြီးရဲ့ မဖြစ်မနေ စောင့်ကြည့်ရမယ့် ကစားသမား အဖြစ် ထိပ်ဆုံးက ဖော်ပြနေကြတာ ဖြစ်ပါတယ်။
လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ကစားသမားတွေထဲက တစ်ဦးဖြစ်တဲ့ ဖရန်ကီဒီယွန်း

၄-၂-၁-၃၊ ၅-၃-၂ ကစားကွက်တွေကို အဓိက အသုံးပြုနေတဲ့ ဖရန့်ခ်ဒီဘိုးဝါးရဲ့ အဓိက မရှိမဖြစ် ကစားသမားဟာ ဖရန်ကီ ဒီယွန်းပါပဲ။ အသက် ၂၄ နှစ်သားဟာ လက်ရှိ ဘာစီလိုနာရဲ့ အဓိက ကွင်းလယ်ဗိုလ်ချုပ် ဖြစ်နေသလို နာမည်ကျော် ဂျိုဟန်ခရိုက်ဖ်ရဲ့ ခြေရာကို အပြည့်အဝ နင်းနိုင်မယ့်သူ အဖြစ် သတ်မှတ်ခံထားရသူပါ။ ဒီယွန်းဆိုတာ ဒက်ချ် လူမျိုးတွေ အများစု သုံးတဲ့ နာမည်တစ်ခု ဖြစ်ပေမယ့် ပရိသတ်တွေ အများစုက ဖရန်ကီလို့ပဲ ချစ်စနိုးခေါ်ဝေါ်ကြပါတယ်။ အသက်အရွယ်နဲ့ မလိုက်အောင် ခြေစွမ်း၊ ရင့်ကျက်တည်ငြိမ်မှု အပြင် အမြဲတမ်းနီးပါး ပြုံးရွှင်နေတတ်တဲ့ မျက်နှာကြောင့်  ဒီယွန်း ကိုတော့ လက်ရှိ ယူရို ၂၀၂၀ ပြိုင်ပွဲကြီးရဲ့ မဖြစ်မနေ စောင့်ကြည့်ရမယ့် ကစားသမား အဖြစ် ထိပ်ဆုံးက ဖော်ပြနေကြတာ ဖြစ်ပါတယ်။
 
အုပ်စု အလားအလာ

နယ်သာလန်ဟာ ယူရို ၂၀၂၀ အုပ်စု (C) မှာ ယူကရိန်း၊ ဩစတြီးယား၊ မြောက်မက်ဆီဒိုးနီးယား တို့နဲ့ ကျရောက်နေလို့ နောက်တစ်ဆင့် တက်ဖို့ သိပ်ပြီး မခက်နိုင်ပါဘူး။ အိမ်ရှင် အခွင့်အရေး အပြည့်ရှိနေပြီး အုပ်စုတွင်း ပြိုင်ဘက် ၃ သင်းထက် တစ်ဆင့်မြင့်တဲ့ ခြေစွမ်းရှိနေလို အခက်အခဲမရှိ ရှုံးထွက်အဆင့် တက်ရောက်နိုင်မယ့် အလားအလာ ရှိပါတယ်။ အုပ်စု ပထမနေရာ ရဖို့ ဆိုရင်တော့ အန်ဒရီ ရှက်ဗ်ချန်ကိုရဲ့ ယူကရိန်းနဲ့ အဖွင့်ပွဲကို အနည်းငယ် သတိထားဖို့ လိုအပ်ပါတယ်။ ဩစတြီးယားကို အထင်သေးလို့ မရပေမယ့် သေချာ အာရုံစိုက် ကစားရင် အနိုင်ရဖို့ မခက်ပါဘူး။ မြောက်မက်ဆီဒိုနီးယားနဲ့ နောက်ဆုံးပွဲစဉ် ကတော့ နယ်သာလန် အတွက် အလွယ်ကူဆုံးပွဲ ဖြစ်လာမှာပါ။ အုပ်စု ပထမနေရာသာ ရရှိခဲ့ရင် နယ်သာလန်တို့ ဗိုလ်လုပွဲသွားရာ လမ်းကြောင်းက ဆီမီးဖိုင်နယ် အဆင့်ထိ ဖြောင့်ဖြူးဖို့ ရှိနပါတယ်။ ဆုဖလား ရဖို့ ကံသိပ်မပါတဲ့ နယ်သာလန်တို့ ယူရို ၂၀၂၀ မှာ ဗိုလ်စွဲနိုင်ချေ ရှိ/မရှိ ဆိုတာ ကတော့ ခန့်မှန်းဖို့ မဖြစ်နိုင်ဘူး သမိုင်းမှတ်တမ်းတွေက သက်သေတည်နေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်