နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ယူရို ၂၀၂၀ အတွက် ကစားသမားတွေ ပေးဆပ်နေရတဲ့ ဥရောပထိပ်သီးများ

ကမ္ဘာပေါ်က ဘောလုံးသမား တော်တော်များများရဲ့ စိတ်ကူး အိမ်မက်တွေထဲမှာ နိုင်ငံ့လက်ရွေးစင်အသင်း အတွက် ကစားခွင့်ရပြီး အောင်မြင်မှု ဆုတံဆိပ်တွေ အများကြီး ယူပေးနိုင်တဲ့ ဂုဏ်ဆောင် ကစားသမား ဖြစ်ခွင့်ရဖို့ ဆိုတဲ့ အချက်လည်း ကျိန်းသေပေါက် ပါဝင်နေပါလိမ့်မယ်။ ကလပ်အသင်း ပွဲစဉ်တိုင်းမှာ အဓိက ကစားသမား အဖြစ် ပွဲချိန်ပြည့် ကစားနေရတဲ့ ခံစားချက်ထက် ကိုယ့်နိုင်ငံအတွက် မိနစ်ပိုင်းလောက်ပဲ ပါဝင်ကစားခွင့်ရတဲ့ ခံစားချက်ဟာ ဘာနဲ့မှ မလဲနိုင်ပါဘူး။ နာမည်ကြီး ဘောလုံးသမား အများစုဟာ ကိုယ့်နိုင်ငံ အသင်းက ခေါ်ရင် ငြင်းဆန်တယ် ဆိုတာ ရှားပါတယ်။ ဒီအချက်ဟာ နိုင်ငံ့လက်ရွေးစင်အသင်း အတွက် အားတက်စရာ ဖြစ်ပေမယ့် ကလပ်အသင်းနဲ့ နည်းပြ အတွက် ကတော့ သိပ်ပြီး ‌ကျေနပ်စရာ အခြေအနေတော့ မဟုတ်ပါဘူး။ အဓိက ကစားသမား တစ်ဦးဦးသာ အပြင်းအထန် ဒဏ်ရာရသွားပြီ ဆိုရင်တော့ ကလပ်အသင်း နည်းပြနဲ့ လက်ရွေးစင် နည်းပြ တို့ရဲ့ အပြန်အလှန် စကားစစ်ထိုးပွဲတွေကို မီဒီယာတွေပေါ် အကျယ်တဝင့် မြင်တွေ့ရပြီသာ မှတ်ပါ။

လောလောဆယ်မှာတော့ ဥရောပ ထိပ်သီးကလပ်တွေ အနေနဲ့ အဓိက အားထားရတဲ့ ကစားသမား တော်တော်များများကို ယူရို ၂၀၂၀ အတွက် သက်ဆိုင်ရာ နိုင်ငံအသင်းတွေထံ စေလွှတ်ထားခဲ့ရပါပြီ။ အခုတစ်ခါ မှာတော့ ယူရို ၂၀၂၀ အတွက် ကစားသမား အများဆုံး စေလွှတ်ထားရတဲ့ အသင်းတွေနဲ့ ကစားသမား အရေအတွက်ကို SBOTOP ပရိသတ်တွေအတွက် ပြန်လည် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
 
၁။ မန်ချက်စတာစီးတီး – ၁၅ ဦး

ဖလား ၄ လုံး အိမ်မက် အကောင်အထည် မဖော်နိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ်နဲ့ ခရာဘောင်ဖလား ရရှိခဲ့သလို အက်ဖ်အေဖလား ဆီမီးဖိုင်နယ်၊ ချန်ပီယံလိဂ် ဖိုင်နယ် ရောက်ရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ မန်ချက်စတာစီးတီး ကစားသမားတွေ ယူရို ၂၀၂၀ အတွက် အများဆုံး ရွေးချယ်ခံရတာဟာ သိပ်ပြီး မထူးဆန်းပါဘူး။ ယူရို ၂၀၂၀ ပြိုင်ပွဲ အတွက် ရွေးချယ်ခံရတဲ့ မန်ချက်စတာစီးတီး ကစားသမား ၁၇ ဦးရှိပြီး အင်္ဂလန်၊ စပိန်နဲ့ ပေါ်တူဂီ ကစားသမားတွေ အဓိက အရွေးခံခဲ့ရတာ ဖြစ်ပါတယ်။ အင်္ဂလန်အတွက် ကိုင်လီဝေါလ်ကာ၊ စတာလင်၊ ဂျွန်စတုန်းစ်၊ ဖေးလ်ဖိုဒန်၊ စပိန်အတွက် ဖာရန်းတောရက်စ်၊ ရိုဒရီ၊ အဲရစ်ဂါစီယာ၊ လာပေါ့တ်၊ ပေါ်တူဂီ အတွက် ရူဘင်ဒီးရာ့စ်၊ ဘာနာဒိုဆေးလ်ဗား၊ ဂျာအိုကန်ဆယ်လို တို့ကို စေလွှတ်ထားခဲ့ရပါတယ်။ ဒါ့အပြင် မျက်နှာ ဒဏ်ရာရထားတဲ့ အဓိက ကွင်းလယ်လူ ကီဗင် ဒီဘရိုင်းနာကို ဘယ်ဂျီယံ အသင်းထံ စေလွှတ်ထားခဲ့ရသလို နေသန်အေခီကို နယ်သာလန်၊ ဇင်ချိန်ကိုကို ယူကရိန်းနဲ့ ဂွန်ဒိုအန်ကို ဂျာမနီ အသင်းနဲ့ သွားရောက် ပူးပေါင်းခွင့်ပေးထားပါတယ်။
 
၂။ ချဲလ်ဆီး – ၁၅ ဦး

ချန်ပီယံလိဂ်မှာ ဗိုလ်စွဲခဲ့တဲ့ ချဲလ်ဆီးတို့ ရာသီအကုန်မှာပဲ အသင်းမှာ ရှိတဲ့ ကစားသမားတွေကို ယူရို ၂၀၂၀ ပြိုင်ပွဲဝင်ဖို့ သက်ဆိုင်ရာ နိုင်ငံအသင်းတွေဆီ သွားရောက် ပူးပေါင်းခွင့် ပေးထားခဲ့ပါတယ်။ တူခယ် အနေနဲ့ အဓိက ကစားသမားတွေ အားလုံးနီးပါး ယူရို ၂၀၂၀ အတွက် ပေးလိုက်ရတာ ဖြစ်လို့ လာမယ့် ရာသီအတွက် စိုးရိမ်စရာ အခြေအနေတွေ မကြုံရပါစေနဲ့လို့ပဲ ဆုတောင်းရမှာပါ။ လက်ရှိမှာ ဂျာမနီ၊ ပြင်သစ်နဲ့ အင်္ဂလန် ကစားသမားတွေကို အများဆုံး စေလွှတ်ပေးထားရပြီး နေရာစုံမှာ တစ်ရာသီလုံး ခြေစွမ်းပြခဲ့တဲ့ ကစားသမားတွေ ချည်းပါပဲ။ ကိုင်ဟာဗက်ဇ်၊ တီမိုဝါနာ၊ ရူဒီဂါ တို့က ဂျာမနီနဲ့ လေ့ကျင့်ခန်း ဆင်းနေပြီး ဇူးမား၊ အန်ဂိုလို ကန်တေ၊ ဂျီရူးတို့က ဒက်စ်ရွှမ့်စ်ရဲ့ အသင်းကို အချိန်မှီ သွားရောက် အားဖြည့်ခဲ့ပါတယ်။ ဒါ့အပြင် မေဆင်မောင့်၊ ချေးလ်ဝဲလ်နဲ့ ရိစ်ဂျိမ်းစ်တို့က အင်္ဂလန် အတွက် ကျိန်းသေပေါက် အရေးပါတဲ့ ကစားသမားတွေ ဖြစ်လာဖို့ ရှိနေပါတယ်။ ဂျော်ဂျင်ဟိုနဲ့ အီမာဆင်ကို အီတလီနဲ့ မြင်တွေ့ရမှာ ဖြစ်ပြီး ခရစ္စတင်ဆင် (ဒိန်းမတ်)၊ ကိုဗာချစ်ခ် (ခရိုအေးရှား)၊ ဘစ်လီဂေလ်မော (စကော့တလန်) တို့ကို သက်ဆိုင်ရာ လက်ရွေးစင် အသင်းတွေရဲ့ အဓိက ကစားသမားတွေ အဖြစ် မြင်တွေ့ရဦးမှာပါ။
 
၃။ ဘေယန်မြူးနစ် – ၁၄ ဦး

တူခယ် အနေနဲ့ အဓိက ကစားသမားတွေ အားလုံးနီးပါး ယူရို ၂၀၂၀ အတွက် ပေးလိုက်ရတာ ဖြစ်လို့ လာမယ့် ရာသီအတွက် စိုးရိမ်စရာ အခြေအနေတွေ မကြုံရပါစေနဲ့လို့ပဲ ဆုတောင်းရမှာပါ။
တစ်လကြာမယ့် ယူရို ၂၀၂၀ ပြိုင်ပွဲမှာ အသင်းရဲ့ အဓိက ကစားသမားတွေ ဒဏ်ရာမရဖို့ ပူပန်နေရတဲ့ နည်းပြများ

ဘေယန်မြူးနစ် ကလည်း မန်ချက်စတာစီးတီး၊ ချဲလ်ဆီးတို့နဲ့ သိပ်မကွာတဲ့ ကစားသမား အင်အားကို ဂျာမနီနဲ့ ပြင်သစ်တို့ရဲ့ ယူရို ၂၀၂၀ အတွက် အဓိကထား စေလွှတ်ပေးခဲ့ရတာပါ။ ဂျာမနီ လက်ရွေးစင်အသင်း အတွက် ထုံးစံအတိုင်း မူလာ၊ ဆာနေး၊ ဂိုရက်ဇ်ကာ၊ နစ်ကလပ်စ်ဆူလီ၊ မူဆီရယ်လာ၊ ဂနာဘရီ၊ ကင်မစ်ခ်၊ မန်ဝဲလ်နော်အာ စုစုပေါင်း ၈ ဦးအထိ စေလွှတ်ထားပြီး ပြင်သစ် အတွက်ကတော့ လူးကပ်စ်ဟာနန်ဒက်စ်၊ ကိုမန်၊ တိုလစ်ဆို၊ ပါဗက်တို့ကို စေလွှတ်ထား ရပါတယ်။ ဒါ့အပြင် အဓိက တိုက်စစ်မှူးကြီး လီဝမ်ဒေါစကီးကို ပိုလန်၊ ရီးရဲယ်မက်ဒရစ် ရောက်သွားတဲ့ ဒေးဗစ် အလာဘာကို ဩစတြီးယား အတွက် ကစားဖို့ ခွင့်ပြုပေးထားခဲ့ပါတယ်။
 
၄။ ဂျူဗင်တပ်စ် – ၁၂ ဦး

စီးရီးအေ ထိပ်သီး ဂျူဗင်တပ်စ် ဟာလည်း ယူရို ၂၀၂၀ ကစားမယ့် သက်ဆိုင်ရာ နိုင်ငံအသင်းက ရွေးချယ်ထားတဲ့ ကစားသမားစာရင်း အတိုင်း ခံစစ်၊ ကွင်းလယ်၊ တိုက်စစ် နေရာစုံက ကစားသမားတွေ တစ်ယောက်မကျန် သွားရောက် ပူးပေါင်းစေခဲ့ပါတယ်။ စုစုပေါင်း ၁၂ ဦးမှာ အီတလီ အတွက် ခီလီနီ၊ ခီယေဇာ၊ ဘိုနူချီ၊ ဘာနက်ဒက်ချီတို့ ၄ ဦးကို စေလွှတ်ထားပြီး ခရစ္စတီယာနိုရော်နယ်ဒို (ပေါ်တူဂီ)၊ ရာဘီယော့တ် (ပြင်သစ်)၊ ကူလူဆက်ဗ်စကီး (ဆွီဒင်)၊ ဆက်ဇီနီ (ပိုလန်)၊ ဒီလစ်ဂျ်(နယ်သာလန်)၊ ရမ်ဆေး(ဝေးလ်စ်)နဲ့ ဒါမီရယ်(တူရကီ) တို့ကလည်း ယူရို ၂၀၂၀ အတွက်  အသင်းနဲ့ အတူ လေ့ကျင့်ခန်းတွေ ဆင်းနေပြီ ဖြစ်ပါတယ်။
 
၅။ မန်ချက်စတာယူနိုက်တက် – ၁၁ ဦး

ယူနိုက်တက်ဟာလည်း ကစားသမား အများဆုံး စေလွှတ်ထားရတဲ့ အသင်းတွေထဲမှာ ပါဝင်နေပြီး အင်္ဂလန် အသင်း အတွက် လုခ်ရော၊ ဟယ်ရီမက်ဂွိုင်းယား၊ မားကပ်စ် ရက်ရှ်ဖို့ဒ်၊ ဒင်းန်ဟန်ဒါဆင် တို့ကို စေလွှတ်ထားရပါတယ်။ ဒါ့အပြင် ဗန်ဒီဘိခ် (နယ်သာလန်)၊ မက်တော်မီနေး (စကော့တလန်)၊ ဗစ်တာလင်ဒီအော့ဖ် (ဆွီဒင်)၊ ပေါ့ဘာ (ပြင်သစ်)၊ ဘရူနိုဖာနန်ဒက်စ် (ပေါ်တူဂီ)၊ ဒန်ဂျိမ်းစ် (ဝေးလ်စ်)၊ ဒါးဗစ်ဒက်ဟဲယား (စပိန်) တို့ဟာလည်း သူတို့ရဲ့ နိုင်ငံအသင်းတွေနဲ့ ယူရို ၂၀၂၀ ကစားဖို့ အဆင်သင့် ဖြစ်နေခဲ့ပါပြီ။

ယူရို ၂၀၂၀ ပြိုင်ပွဲအတွက် နောက်ထပ် ကစားသမား အများဆုံး စေလွှတ်ထားရတဲ့ အသင်းတွေနဲ့ ကစားသမား အရေအတွက်တွေကို အောက်မှာ ဆက်လက် ဖော်ပြထားပါတယ်။

၆။ ဒိုင်နမိုကိဗ် – ၁၁ ဦး

၇။ ဒေါ့မန် – ၁၀ ဦး

၈။ မိုချင်ဂလတ်ဘတ် – ၁၀ ဦး

၉။ အင်တာမီလန် – ၉ ဦး

၁၀။ လိုက်ပ်ဇစ် – ၉ ဦး

၁၁။ လစ်ဗာပူးလ် – ၈ ဦး

၁၂။ ဘာစီလိုနာ – ၈ ဦး

၁၃။ တော့တင်ဟမ်ဟော့စပါး – ၈ ဦး

၁၄။ ဒိုင်နမို ဇာဂရက်ဘ် – ၈ ဦး

၁၅။ နာပိုလီ – ၈ ဦး

၁၆။ အတ္တလန္တာ – ၈ ဦး
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်