နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ယူရို ၂၀၂၀ မတိုင်ခင် ဘယ်အသင်းတွေ ချန်ပီယံ အများဆုံး ဖြစ်ထားကြလဲ?

ယူရို ၂၀၂၀ ပြိုင်ပွဲကြီးကို လာမယ့် ဇွန်လ ၁၂ ရက်နေ့ကနေ ဇူလိုင်လ ၁၂ ရက်နေ့အထိ ဥရောပတစ်လွှားက မြို့ကြီး ၁၁မြို့ရဲ့ နာမည်ကျော် ဘောလုံးကွင်းကြီး ၁၁ ကွင်းမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ခြေစစ်ပွဲ အောင်မြင်ခဲ့တဲ့ အသင်းပေါင်း ၂၄ သင်း အကြိတ်အနယ် ယှဉ်ပြိုင်ကစားမယ့် ယူရို ပြိုင်ပွဲကြီးဟာ ကမ္ဘာ့ဖလားပြီးရင် လူကြိုက်အများဆုံး ပြိုင်ပွဲလည်း ဖြစ်ပါတယ်။ ဘောလုံး အဆင့်အတန်း မြင့်မားပြီး ခြေစွမ်း သိပ်မကွာတဲ့ နာမည်ကြီး အသင်းတွေရဲ့ ထိပ်တိုက် တွေ့ဆုံမှုတွေကို လေးနှစ် တစ်ကြိမ်ပဲ ခံစားခွင့်ရလို့ တချို့ ပရိသတ်တွေဆိုရင် ဥရောပ ချန်ပီယံရှစ်လို့ ခေါ်တဲ့ ယူရိုပြိုင်ပွဲကို ပိုပြီး သဘောကျတဲ့ သူတွေလည်း ရှိပါတယ်။

အခုတစ်ခါ မှာတော့ ယူရို ၂၀၂၀ နဲ့ ဆက်စပ်ပြီး ဥရောပ ချန်ပီယံရှစ်(သို့) ယူရိုပြိုင်ပွဲနဲ့ ပတ်သတ်ပြီး သိထားသင့်တဲ့ သမိုင်းကြောင်း တစ်ချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ နှစ်ပေါင်း ၆၀ ကျော် သက်တမ်းရှိပြီ ဖြစ်တဲ့ ယူရိုပြိုင်ပွဲကြီးဟာ အခုတစ်ကြိမ်နဲ့ ဆိုရင် ၁၆ ကြိမ်မြောက် အဖြစ် ကျင်းပမှာလည်း ဖြစ်ပါတယ်။ ကျင်းပ ပြီးစီးခဲ့တဲ့ ၁၅ ကြိမ်မှာ ချန်ပီယံ အသင်း ၁၀ သင်းအထိ ထွက်ပေါ်ထားခဲ့ပါတယ်။
 

၁။ ဂျာမနီ – ၃ ကြိမ် (၁၉၇၂၊ ၁၉၈၀၊ ၁၉၉၆)

ကမ္ဘာ့ဘောလုံး လောကမှာ ဘရာဇီးလ် ပြီးရင် ဒုတိယမြောက် အအောင်မြင်ဆုံးအသင်း အဖြစ် သတ်မှတ်ခံထားရတဲ့ ဂျာမနီ ကတော့ ယူရိုဆုဖလားကို ၃ ကြိမ် အထိ ကိုင်မြှောက်ထားနိုင်ပါတယ်။ ယူရိုပြိုင်ပွဲ သမိုင်း တစ်လျှောက် ၁၃ ကြိမ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာမှာ ၁၂ ကြိမ် ခြေစစ်ပွဲ အောင်မြင်ခဲ့ပြီး ဗိုလ်လုပွဲ ၆ ကြိမ် ကစားရာမှာ ၃ ကြိမ် ဗိုလ်စွဲခဲ့ပါတယ်။ ဘယ်ဂျီယံနိုင်ငံ၊ ဘရက်ဆဲလ်မှာ ကျင်းပခဲ့တဲ့ ယူရို ၁၉၇၂ မှာ ဗိုလ်လုပွဲမှာ ဆိုဗီယက် ပြည်ထောင်စုကို ဂတ်မူလာရဲ့ သွင်းဂိုး ၂ ဂိုး အပါအဝင် ၃ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပြီး ပထမဦးဆုံး ယူရို ချန်ပီယံဆုကြီးကို ကိုင်မြှောက်နိုင်ခဲ့ပါတယ်။ ဂျာမနီတို့ ၁၉၇၆ ယူရိုမှာ ဒုတိယရရှိခဲ့တဲ့ ဂျာမနီတို့ ယူရို ၁၉၈၀ မှာတော့ နောက်ထပ် တစ်ကြိမ် ချန်ပီယံဖြစ်ခဲ့ပါတယ်။ အဲ့နောက် အင်္ဂလန်နိုင်ငံက လက်ခံကျင်းပတဲ့ ယူရို ၁၉၉၆ မှ ထပ်ပြီး ဗိုလ်စွဲနိုင်ခဲ့ပြန်ပါတယ်။ မှတ်မှတ်ရရ ၁၉၉၆ ယူရို ဗိုလ်လုပွဲမှာ ဂျာမနီတို့ ချက်ကို တော်တော်လေး ခက်ခက်ခဲခဲ ကစားခဲ့ရပြီး ၉၅ မိနစ် အရောက်မှ ဘိုင်ယာဟော့ဖ် ရဲ့ ရွှေဂိုးနဲ့ အနိုင်ရ ဗိုလ်စွဲခဲ့တာ ဖြစ်ပါတယ်။ တိတိကျကျ ပြောရမယ် ဆိုရင် အနောက်ဂျာမနီ အနေနဲ့ ၂ ကြိမ် ဗိုလ်စွဲပြီး ၁၉၈၈ ခုနှစ် နောက်ပိုင်း ဂျာမနီ လို့ ပြန်လည် ပြောင်းလဲလိုက်ချိန် မှာတော့ ချန်ပီယံဆုကို ၁ ကြိမ်ပဲ ရရှိထားခဲ့တာ ဖြစ်ပါတယ်။ နှစ်ပေါင်း ၂၅ နှစ်အကြာမှ ကမ္ဘာ့ဖလား ချန်ပီယံဆုကို တကျော့ပြန် ရယူပေးနိုင်ခဲ့တဲ့ လက်ရှိ နည်းပြ ဂျိုအာချင်လိုး အနေနဲ့ ကလည်း ယူရို ၂၀၀၈ မှာ ချန်ပီယံဆုကို တကျော့ပြန် ရယူပေးနိုင်ဖို့ နီးစပ်ခဲ့ပေမယ့် ဒုတိယနဲ့သာ ကျေနပ်ထားရတယ်။ ယူရို ၂၀၂၀ ဟာ ဂျိုအာချင်လိုး အတွက် နည်းပြဘဝ နောက်ဆုံး ပြိုင်ပွဲ ဖြစ်တာကြောင့် ဝေးကွာနေခဲ့တဲ့ ဥရောပ ချန်ပီယံရှစ် ဆုဖလားကြီးကို ဂျာမနီ အတွက် နောက်ထပ် တစ်ကြိမ် အရယူပေးချင်နေမှာ သေချာပါတယ်။
 

၂။ စပိန် – ၃ ကြိမ် (၁၉၆၄၊ ၂၀၀၈၊ ၂၀၁၂)

ဒါ့ကြောင့် စပိန်တို့ လက်ရှိ ယူရို ၂၀၂၀ မှာ အောင်မြင်မှု ထပ်ရနိုင်မလား ဆိုတာတော့ စောင့်ကြည့်ရပါမယ်။
ယူရိုပြိုင်ပွဲမှာ ချန်ပီယံဆု ၃ ကြိမ် ရရှိထားတဲ့ စပိန်

ဥရောပ ချန်ပီယံရှစ်ရဲ့ အအောင်မြင်ဆုံး အသင်းအဖြစ် ဂျာမနီနဲ့ အတူ ရပ်တည်နေတဲ့ စပိန်တို့ ချန်ပီယံ ၃ ကြိမ် ဖြစ်ထားပါတယ်။ ယူရို ပြိုင်ပွဲ စတင်ချိန် ၁၉၆၀ ခုနှစ် ကတည်းက ဝင်ပြိုင်ခဲ့ပြီး စုစုပေါင်း ပြိုင်ပွဲ ၁၅ ကြိမ်မှာ ၁၀ ကြိမ် ခြေစစ်ပွဲ အောင်မြင်ထားပါတယ်။ ၁၉၆၄ ဥရောပနိုင်ငံများဖလား နာမည်နဲ့ ကျင်းပတဲ့ ဒုတိယအကြိမ်မြောက် ယူရိုပြိုင်ပွဲ ကို စပိန်တို့ အိမ်ရှင်အဖြစ် လက်ခံကျင်းပပြီး ချန်ပီယံ ဖြစ်ခဲ့ပါတယ်။ အဲ့တုန်းက ဒိန်းမတ်၊ ဟန်ဂေရီ၊ ဆိုဗီယက် ပြည်ထောင်စု ၄ သင်းပဲ ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပြီး စပိန်က ဗိုလ်လုပွဲမှာ ၁၉၆၀ ချန်ပီယံ ဆိုဗီယက်ပြည်ထောင်စုကို ၂-၁နဲ့ အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် စပိန်တို့ ယူရိုပြိုင်ပွဲ အောင်မြင်မှုနဲ့ တော်တော်လေး ဝေးကွာခဲ့ရပြီး နှစ်ပေါင်း ၄၄ နှစ် အကြာမှ ဒုတိယအကြိမ် ဗိုလ်စွဲခဲ့ပါတယ်။ ဩစတြီးယားနဲ့ ဆွစ်ဇာလန်တို့ ပူးတွဲအိမ်ရှင် အဖြစ် လက်ခံကျင်းပတဲ့ ယူရို ၂၀၀၈ ဗိုလ်လုပွဲမှာ ဂျာမနီကို ဖာနန်ဒို တောရက်စ်ရဲ့ တစ်လုံးတည်းသော ဂိုးနဲ့ အနိုင်ရပြီး အောင်ပွဲခံနိုင်ခဲ့တာပါ။ အဲ့ဒီ အချိန်တုန်းက နာမည်ကျော် တီကီတာကာ ကစားပုံနဲ့ ရွှေရောင်မျိုးဆက် ပိုင်ဆိုင်ထားတဲ့ စပိန်တို့ ၂၀၁၀ မှာ ကမ္ဘာ့ဖလား ရပြီး ယူရို ၂၀၁၂ မှာလည်း ထပ်မံ ဗိုလ်စွဲနိုင်ခဲ့ပြန်ပါတယ်။ ယူရို ချန်ပီယံဆုကို နှစ်နှစ်ဆက်တိုက် ရရှိခဲ့တဲ့ အသင်းဟာ ပြိုင်ပွဲသမိုင်းမှာ စပိန်တစ်သင်းပဲ ရှိပါတယ်။ ဒါပေမယ့်လည်း မျိုးဆက်ပြတ်သလောက် ဖြစ်ခဲ့ရတဲ့ စပိန်တို့ ပြီးခဲ့တဲ့ ယူရို ၂၀၁၆ မှာ ၁၆ သင်းအဆင့်နဲ့ပဲ ကျေနပ်ထားခဲ့ရပါတယ်။ ဒါ့ကြောင့် စပိန်တို့ လက်ရှိ ယူရို ၂၀၂၀ မှာ အောင်မြင်မှု ထပ်ရနိုင်မလား ဆိုတာတော့ စောင့်ကြည့်ရပါမယ်။
 

၃။ ပြင်သစ် – ၂ ကြိမ် (၁၉၈၄၊ ၂၀၀၀)

ပြင်သစ်ဟာ ယူရိုပြိုင်ပွဲမှာ ၁၅ ကြိမ်စလုံး ဝင်ရောက် ယှဉ်ပြိုင်ထားပြီး ၁၀ ကြိမ် ခြေစစ်ပွဲ အောင်မြင်ခဲ့ပါတယ်။ ပြိုင်ပွဲ သမိုင်းတစ်လျှောက် ဗိုလ်လုပွဲ ၃ ကြိမ် တက်ရောက်နိုင်ခဲ့ပြီး ချန်ပီယံဆု ၂ ကြိမ် ရရှိခဲ့တာ ဖြစ်ပါတယ်။ အိမ်ရှင် အဖြစ် လက်ခံကျင်းပခဲ့တဲ့ ယူရို ၁၉၆၀ မှာ စတုတ္ထရခဲ့ပြီး နောက်ထပ်တစ်ကြိမ် အိမ်ရှင် လုပ်ခွင့်ရခဲ့တဲ့ ယူရို ၁၉၈၄ မှာတော့ ဥရောပ ချန်ပီယံဆု ရရှိခဲ့ပါတယ်။ အဲ့နောက် ယူရို ၂၀၀၀ မှာ ချန်ပီယံ ထပ်ဖြစ်ခဲ့ပြီး တတိယအကြိမ် အိမ်ရှင် ဖြစ်ခဲ့တဲ့ ယူရို ၂၀၁၆ မှာတော့ ဗိုလ်လုပွဲ အထိ ရောက်ခဲ့ပေမယ့် ပေါ်တူဂီကို အချိန်ပို သွင်းဂိုးနဲ့ ရှုံးနိမ့်ပြီး ဒုတိယနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ လာမယ့် ယူရို ၂၀၂၀ အတွက် ဗိုလ်စွဲဖို့ ထိပ်ဆုံးက ရေပန်းစားနေတဲ့ အသင်းပီပီ ဂျာမနီနဲ့ စပိန်တို့ရဲ့ အောင်မြင်မှုကို လိုက်မှီနိုင်မလားဆိုတာ စိတ်ဝင်စားစရာပါပဲ။

ယူအီးအက်ဖ်အေ ဥရောပချန်ပီယံရှစ် (သို့) ယူရို ပြိုင်ပွဲ သမိုင်းတစ်လျှောက် ချန်ပီယံဆု ရရှိထားတဲ့ နောက်ထပ် ၇ သင်း ကတော့…

၄။ ဆိုဗီယက်ပြည်ထောင်စု – ၁ ကြိမ် (၁၉၆၀)

၅။ အီတလီ – ၁ ကြိမ် (၁၉၆၈)

၆။ ချက်ရီပက်ဘလစ် – ၁ ကြိမ် (၁၉၇၆)

၇။ ပေါ်တူဂီ – ၁ ကြိမ် (၂၀၁၆)

၈။ နယ်သာလန် – ၁ ကြိမ် (၁၉၈၈)

၉။ ဒိန်းမတ် – ၁ ကြိမ် (၁၉၉၂)

၁၀။ ဂရိ – ၁ ကြိမ် (၂၀၀၄)
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်