နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရိုးမားကို ဒုတိယပိုင်းမှ ဂိုးပြတ်သိပ်ပြီး ဗိုလ်လုပွဲဆီ ခြေတစ်ဖက်လှမ်းနိုင်ခဲ့တဲ့ ယူနိုက်တက် – ယူရိုပါလိဂ် ပွဲပြီးသုံးသပ်ချက်

မန်ချက်စတာယူနိုက်တက် ၆ – ၂ ရိုးမား

ယနေ့မနက်အစောပိုင်းက အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပွဲစဉ် မှာတော့ မန်ချက်စတာ ယူနိုက်တက်တို့ ရိုးမားကို ဒုတိယပိုင်းမှာ ဂိုးမိုးရွာပြီး ၆-၂ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ရိုးမားတို့ ပထမပိုင်းပြီးချိန် အထိ ၁-၂ ရလဒ်နဲ့ ဦးဆောင်နေခဲ့ပေမယ့် ယူနိုက်တက်က အက်ဒီဆင် ကာဗာနီ၊ ပေါ့ဘာ၊ ဖာနန်ဒက်စ် တို့ရဲ့ ခြေစွမ်းပြမှုကြောင့် ဂိုးပြတ် အရေးနိမ့်ခဲ့ရတာ ဖြစ်ပြီး ဒုတိယပိုင်း မကစားခင်မှာတင် ယူရိုပါလိဂ် ဗိုလ်လုပွဲနဲ့ ဝေးဖို့ သေချာသလောက် ရှိသွားခဲ့ပါတယ်။
 

 
အိုလီဂန်နာ ဆိုးလ်ရှား အနေနဲ့ ဒီနေ့ပွဲမှာလည်း ၄-၂-၃-၁ ကစားကွက်ကိုပဲ အသုံးပြုခဲ့ပြီး ကာဗာနီ ကို အထောင် တိုက်စစ်မှူး နေရာမှာ ပွဲထွက်စေခဲ့ပါတယ်။ တောင်ပံနှစ်ဖက်မှာ ရက်ရှ်ဖို့ဒ်၊ ပေါ့ဘာ၊ ကွင်းလယ်မှာတော့ ဘရူနို ဖာနန်ဒက်စ်၊ မက်တော်မီနေး၊ ဖရက်ဒ်၊ နောက်တန်းမှာ လင်ဒီလော့ဖ်၊ မက်ဂွိုင်းယား၊ လုခ်ရှော၊ ဝမ်ဘစ်ဆာခါ၊ ဂိုးမှာ‌တော့ ဒါးဗစ် ဒက်ဟဲယား ပါဝင်လာခဲ့ပါတယ်။ ရိုးမား ကလည်း ဒီဂျက်ကို၊ ပယ်လီဂရီနီ၊ မက်ခီတာယန်၊ စပင်နက်ဇ်ဇိုလာ၊ ဗယ်ရီတောက်၊ စမောလင်း တို့လို အမာခံကစားသမားတွေနဲ့ ပွဲထွက်လာခဲ့တာ တွေ့ရပါတယ်။ ပွဲစပြီး ၅ မိနစ်မှာတင် ရိုးမား ကွင်းလယ်က ဗယ်ရီတောက် နာသွားခဲ့လို့ ဗေလာနဲ့ လူစားလဲခဲ့ရပါတယ်။ အဲ့နောက် ၉ မိနစ် မှာတင် ကာဗာနီရဲ့ အကွက်မြင်မြင် ဖန်တီးပေးရာကနေ ဘရူနိုဖာနန်ဒက်စ်က ဂိုးသမားကိုကျော်ပြီး ဦးဆောင်ဂိုးကို လှလှပပ သွင်းယူသွားခဲ့ ပါတယ်။ ယူနိုက်တက်တို့ ဦးဆောင်ဂိုးရပြီး သိပ်မကြာတဲ့ အချိန်မှာ ပေါ့ဘာရဲ့ လက်ထိဘောကြောင့် ရိုးမားတို့ ပင်နယ်တီ ကန်ခွင့်ရခဲ့ပြီး ပယ်လီဂရီနီက သွင်းယူပေးခဲ့ပါတယ်။ အဲ့နောက် ၃၄ မိနစ် မှာတော့ ပယ်လီဂရီနီရဲ့ ပေးပို့မှုကနေ  ဒီဂျက်ကိုက ဒုတိယဂိုး သွင်းယူပေးခဲ့လို့ ပထမပိုင်းပြီးချိန် အထိ ရိုးမားတို့ ၁-၂ ရလဒ်နဲ့ ဦးဆောင်ထားနိုင်ခဲ့ ပါတယ်။ ဒါပေမယ့် ဒုတိယပိုင်းဟာ အိမ်ရှင်တို့ အတွက်လို့ ပြောရလောက်အောင် ယူနိုက်တက်တို့ တကယ့်ကို ကောင်းမွန်တဲ့ ခြေစွမ်းတွေနဲ့အတူ ပွဲချိန် ၄၈ မိနစ်နဲ့ ၆၄ မိနစ် မှာ ကာဗာနီက နှစ်ဂိုးဆက် သွင်းပြီး ပွဲချိန် ၇၁ မိနစ်မှာ ဘရူနိုဖာနန်ဒက်စ်၊ ၇၅ မိနစ်မှာ ပေါ့ဘာ၊ ၈၆ မိနစ်မှာ မေဆင်ဂရင်းဝုဒ်တို့က ဂိုးတွေ အသီးသီး သွင်းယူပေးခဲ့လို့ ၆-၂ ဆိုတဲ့ ရလဒ်နဲ့ အိုးထရက်ဖို့ဒ်မှာ အောင်ပွဲခံနိုင်ခဲ့ပါတယ်။

 ရိုးမားတို့ ပထမပိုင်းပြီးချိန် အထိ ၁-၂ ရလဒ်နဲ့ ဦးဆောင်နေခဲ့ပေမယ့် ယူနိုက်တက်က အက်ဒီဆင် ကာဗာနီ၊ ပေါ့ဘာ၊ ဖာနန်ဒက်စ် တို့ရဲ့ ခြေစွမ်းပြမှုကြောင့် ဂိုးပြတ် အရေးနိမ့်ခဲ့ရတာ ဖြစ်ပြီး ဒုတိယပိုင်း မကစားခင်မှာတင် ယူရိုပါလိဂ် ဗိုလ်လုပွဲနဲ့ ဝေးဖို့ သေချာသလောက် ရှိသွားခဲ့ပါတယ်။
နောက်ဆုံး ၅ ပွဲမှာ နိုင်ပွဲ လုံးဝမရခဲ့တဲ့ ရိုးမား

 

ပွဲပြီးသုံးသပ်ချက်

ဒီပွဲစဉ်အကြောင်း ပြန်ပြီး မသုံးသပ်ခင် ကျိန်းသေပေါက် ပြောရမယ့် စကားတစ်ခွန်းရှိပါတယ်။ “အက်ဒီဆင် ကာဗာနီကို ရာသီအကုန်မှာ စာချုပ်သက်တမ်းမတိုးရင် ဆိုးလ်ရှားအနေနဲ့ မိုက်မဲတာပါပဲ’’ဆိုတာပါ။ အခုလို တွေးပြီး သုံးသပ်တဲ့အထဲမှာ အိုဝင်ဟားဂရေ့ဗ်၊ ပေါလ်စခိုးလ် တို့လည်း ပါဝင်နေပါတယ်။ ကာဗာနီဟာ အသက် ၃၄ နှစ်နဲ့ မလိုက်အောင် စွမ်းဆောင်နိုင်ဆဲ ဖြစ်တယ်ဆိုတာ ဒီပွဲမတိုင်ခင် ၃ ပွဲဆက် ဂိုးသွင်းပြီး သက်သေပြနိုင်ခဲ့သလို အခုပွဲ မှာလည်း သွင်းဂိုး ၂ ဂိုး အပြင် ဖန်တီးမှု ၂ ကြိမ်ပါ ပြုလုပ်ပြီး ပွဲစဉ်ရဲ့ အကောင်းဆုံးကစားသမား အဖြစ်ပါ သတ်မှတ်ခံခဲ့ရသူ ဖြစ်ပါတယ်။ ကာဗာနီအပြင် ယူနိုက်တက် တစ်သင်းလုံးရဲ့ ဒုတိယပိုင်း စွမ်းဆောင်ရည်ဟာ မမြင်ခဲ့ရတာ ကြာပြီဖြစ်တဲ့ အရင် သရဲနီတွေရဲ့ ပုံစံကို ပြန်မြင်လိုက်ရသလိုပါပဲ။ ရိုးမား အတွက်ကတော့ ပွဲချိန် ခပ်စောစောမှာ ကစားသမားတချို့ ဒဏ်ရာကြောင့် လူစားလဲခဲ့ရတာဟာ အခုရှုံးပွဲရဲ့ အဓိက အချက်တစ်ချက် ဖြစ်ခဲ့ပြီး လိုအပ်နေချိန်မှာ လူစားလဲခွင့် မရတော့တာကြောင့်  အခုလို ရုပ်ပျက်ဆင်းပျက် အရေးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။ ယူနိုက်တက်တို့ အခုပွဲ ရလဒ်ကြောင့် ဒုတိယအကျော့ အိုလံပီကိုမှာ ၄ ဂိုးပြတ် ရှုံးဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်လို့ ယူရိုပါလိဂ် ဗိုလ်လုပွဲဆီ ခြေတစ်ဖက် လှမ်းထားနိုင်ခဲ့ပြီလို့ ဆိုရပါမယ်။
 

လာမယ့်ပွဲစဉ်များ

ယူနိုက်တက်တို့ လာမယ့် စူပါဆန်းဒေး မှာတော့ လစ်ဗာပူးလ်နဲ့ အင်္ဂလန်ဒါဘီ ကစားဖို့ ရှိနေပြီး ရိုးမား ကလည်း လာမယ့်ရာသီ ယူရိုပါလိဂ် ဝင်ခွင့်အတွက် အရေးပါတဲ့ ပွဲစဉ်အဖြစ် ဆမ်ဒိုးရီးယားနဲ့ ကစားရဦးမှာ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်