နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

တိုက်စစ်ကစားပုံကောင်းတဲ့ ဖရန့်ဖတ်ကို ပိုသဘောကျတယ် – ဘွန်ဒက်စ်လီဂါ ပွဲကြိုသုံးသပ်ချက်

လေဗာကူဆင် – ဖရန့်ဖတ်

ချန်ပီယံလိဂ် ဝင်ခွင့် အတွက် အဆုံးအဖြတ် ဖြစ်လာမယ့် ဘွန်ဒက်စ်လီဂါ ပွဲစဉ်တွေ အခုတစ်ပတ်မှာ ကစားဖို့ ရှိနေပြီး တစ်ဖက်မှာ ဝုဖ်ဘတ်တို့ ဒေါ့မန်နဲ့ တွေ့ဆုံနေသလို ဖရန့်ဖတ်ကလည်း လေဗာကူဆင်ရဲ့ ကွင်းကို သွားရောက်ကစားဖို့ ရှိနေပါတယ်။ လေဗာကူဆင်တို့ ယူရိုပါလိဂ် လောက်ပဲ မျှော်မှန်းလို့ ရတော့မှာ ဖြစ်ပေမယ့် ဖရန့်ဖတ်ကတော့ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ တတ်နိုင်သမျှ ရမှတ်ရှာဖွေရမှာ ဖြစ်လို့ အကြိတ်အနယ်ရှိတဲ့ ပွဲကောင်းတစ်ပွဲ ဖြစ်လာဦးမှာ သေချာပါတယ်။

လေဗာကူဆင်တို့ ပြီးခဲ့တဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဉ်(၃၀)မှာ ဘေယန်မြူးနစ်ကို ၂ ဂိုးပြတ်ရှုံးပြီး ချန်ပီယံလိဂ် ဝင်ခွင့် မျှော်လင့်ချက် ကုန်သလောက် ဖြစ်သွားခဲ့ပါတယ်။ အဆင့် ၄ နေရာမှာ ရှိနေတဲ့ ဖရန့်ဖတ်နဲ့ ၉ မှတ်အထိ ပြတ်သွားတာကြောင့် လက်ကျန်ပွဲတွေမှာ ရလဒ်ကောင်းခဲ့ရင်တောင် အထက်က အသင်းတွေ သိသိသာသာ ခြေချော်မှ ချန်ပီယံလိဂ် ဝင်ခွင့်ရနိုင်မှာ ဖြစ်ပါတယ်။ ခက်တာက လက်ကျန် ပွဲစဉ်တွေမှာ အခု ဖရန့်ဖတ်နဲ့ ကစားရမယ့်ပွဲ အပါအဝင်၊ တန်းမဆင်းရရေး ရမှတ်လိုနေတဲ့ ဝါဒါဘရီမင်၊ ယူရိုပါလိဂ် ဝင်ခွင့်အတွက် အဓိက ပြိုင်ဘက် ယူနီယံဘာလင်၊ ချန်ပီယံလိဂ် ဝင်ခွင့်အတွက် အားကုန်ထုတ်ကစားနေတဲ့ ဒေါ့မန်တို့နဲ့ ကစားရဦးမှာ ဖြစ်လို့ လေဗာကူဆင်တို့ အခြေအနေတော့ မကောင်းပါဘူး။ ဒါ့အပြင် ဟန်းနက်စ်ဝုဖ် ကိုင်တွယ်နေတဲ့ အသင်းက တစ်ပွဲနဲ့ တစ်ပွဲ ခြေစွမ်းအတက်အကျ အရမ်းမြန်နေပါတယ်။ မိုချင်ဂလတ်ဘတ်လို မာကျောတဲ့ အသင်းကို အနိုင်ရခဲ့ပေမယ့် ဟာသာဘာလင်၊ အာမေးနီးယား ဘိုင်လီဖဲလ် လို အသင်းတွေကိုတောင် ရှုံးထားတာကြောင့် လေဗာကူဆင်တို့ကို ခန့်မှန်းရ ခက်နေတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဘမ်ဂတ်လင်ဂါ၊ ဘန်ဒန်၊ ဖိုဆုမန်ဆာ၊ အေးရီးယက်စ် တို့ကတော့ ဒဏ်ရာပြသနာ အသီးသီး ရှိနေပါတယ်။

လေဗာကူဆင်တို့ ပြီးခဲ့တဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဉ်(၃၀)မှာ ဘေယန်မြူးနစ်ကို ၂ ဂိုးပြတ်ရှုံးပြီး ချန်ပီယံလိဂ် ဝင်ခွင့် မျှော်လင့်ချက် ကုန်သလောက် ဖြစ်သွားခဲ့ပါတယ်။
ရာသီအကုန်မှာ ဥရောပဝင်ခွင့် တစ်နေရာရဖို့ မျှော်လင့်နေတဲ့ လေဗာကူဆင်

ဖရန့်ဖတ် ကတော့ ဘွန်ဒက်စ်လီဂါ နောက်ဆုံး ၅ ပွဲမှာ မိုချင်ဂလတ်ဘတ် တစ်သင်းတည်းကို ၄ ဂိုးပြတ်နဲ့ ရှုံးထားတာ ကလွဲလို့ ကျန်ပွဲတွေ အားလုံး အနိုင်ရထားပါတယ်။ ဘေယန်မြူးနစ်၊ ဒေါ့မန်၊ ဝုဖ်ဘတ်တို့လို အသင်းတွေကို အနိုင်ယူထားနိုင်တာကို ကြည့်ခြင်းအားဖြင့် ဖရန့်ဖတ်တို့ အသင်းလိုက် ကစားပုံ ဘယ်လောက်အထိ ကောင်းမွန်နေတယ် ဆိုတာ သိသာပါတယ်။ ဒီရာသီ ဘွန်ဒက်စ်လီဂါ မှာ လီဝန်ဒေါစကီး ပြီးရင် ဂိုးအများဆုံး သွင်းထားတဲ့ ပေါ်တူဂီ တိုက်စစ်မှူး အန်ဒရီဆေးလ်ဗားရဲ့ တောက်ပမှု အပြင် ကော့စတစ်၊ ကာမာဒါ၊ ရိုဒီ၊ ဆိုးဝ်၊ အဲရစ်ခ် ဒမ်းတို့ရဲ့ ကွင်းလယ်က အတောင့်တင်းဆုံး အနေအထားမှာ ရှိနေပါတယ်။ အခုပွဲမှာသာ လိုအပ်နေတဲ့ ရလဒ်တစ်ခု ပိုင်ဆိုင်ခဲ့မယ်ဆိုရင် တစ်ဖက်က ဝုဖ်ဘတ်နဲ့ ဒေါ့မန် တွေ့ဆုံမှုကို အခွင့်ကောင်းယူနိုင်မှာ ဖြစ်လို့ အမြဲတမ်း အသာစီးမရခဲ့တဲ့ ဘေးအရီးနားမှာ ဖရန့်ဖတ်တို့ လေဗာကူဆင်ကို ဘယ်လိုပုံစံနဲ့ ရင်ဆိုင်လာမလဲဆိုတာ စောင့်ကြည့်ရပါမယ်။ အခုပွဲမှာ ကွင်းလယ်က ရိုဒီ ပွဲပယ်ပြစ်ဒဏ် ထိထားလို့ ဟာဆာဘီ ပွဲထွက်လာဖို့ရှိပြီး ကျန်အဓိက ကစားသမားတွေ အားလုံးကတော့ ပုံမှန်အတိုင်း ပွဲထွက်လာပါလိမ့်မယ်။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

လေဗာကူဆင်နဲ့ ဖရန့်ဖတ်တို့ရဲ့ နောက်ဆုံး တွေ့ဆုံမှု အကြိမ် ၂၀ မှာ လေဗာကူဆင်တို့ ၁၂ ကြိမ် အနိုင်ရထားပြီး ဖရန့်ဖတ် ကတော့ ၇ ကြိမ်အနိုင်ရထားပါတယ်။ ဒီရာသီအတွက် နောက်ဆုံး ၂ ကြိမ် တွေ့ဆုံကစားထားရမှာတော့ ဘွန်ဒက်စ်လီဂါမှာ ဖရန့်ဖတ်တို့ ၂-၁ နဲ့ အနိုင်ရထားပြီး ပိုကယ်ဖလား မှာတော့ ၄-၁ နဲ့ လေဗာကူဆင်တို့ အနိုင်ရထားပါတယ်။

 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
လေဗာကူဆင် vs ဖရန့်ဖတ် 1X2 ဖရန့်ဖတ် @ 2.73
ဧပြီလ ၂၄ ရက်, ည ၁၁:၀၀ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၂.၂၅ ဆ နဲ့ ဧည့်သည်အသင်းအတွက် ၂.၉၀ ဆ ကြေးဖွင့် ပြီး သရေအတွက် ၃.၆၀ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ လက်ရှိမှာ တိုက်စစ်ထက်မြတ်နေပြီး အသင်းလိုက် ကစားပုံ ပိုသာတဲ့ ဖရန့်ဖတ်ကို ပိုပြီး သဘောကျနေပါတယ်။ အစဉ်အလာတွေကို မေ့ပြီး ဖရန့်ဖတ်တို့ ဘက်မှာပဲ ရပ်တည်ချင်ပါတယ်။ အပြန်အလှန်သွင်းဂိုးလည်း များနိုင်ချေရှိတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်