နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

တိုက်စစ်ခြေစွမ်းပြပြီး လာဇီယိုကို ဂိုးပြတ် လက်စားပြန်ချေလိုက်တဲ့ နာပိုလီ – စီးရီးအေ ပွဲပြီးသုံးသပ်ချက်

နာပိုလီ ၅ – ၂ လာဇီယို

မနေ့ညက ကစားခဲ့တဲ့ စီးရီးအေ ပွဲစဉ်(၃၂) လက်ကျန်ပွဲစဉ် တစ်ပွဲမှာတော့ နာပိုလီတို့ တိုက်စစ်ခြေစွမ်းပြပြီး လာဇီယိုကို အိမ်ကွင်းမှာ ၅-၂ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ရမှတ်လိုအပ်ချက်အတွက် အရေးပါနေတဲ့ အခုပွဲစဉ်မှာ ဂိုးပြတ်အနိုင်နဲ့ အောင်ပွဲခံခဲ့တဲ့ နေပယ်သားတွေ အနေနဲ့ ချန်ပီယံလိဂ် ဝင်ခွင့်နဲ့လည်း အနီးစပ်ဆုံး အနေအထားတစ်ခုကို ပြန်လည်ပိုင်ဆိုင်ခဲ့ပါတယ်။

နာပိုလီတို့ ဒီနေ့ပွဲမှာ တိုက်စစ်က မာတန်းစ်ကို အထောင်ထားပြီး နောက်မှာတော့ အင်ဆစ်ဂနီ၊ ဇီလင်းန်စကီး၊ ပိုလီတာနို၊ ကွင်းလယ်အထိုင်နေရာမှာ ဖေဘီယန်နဲ့ ဘာကာယိုကို၊ နောက်တန်းမှာ ဒီလော်ရန်ဇို၊ မန်နိုလက်စ်၊ ကူလီဘာလီ၊ ဟိုင်ဆက်ဂျ်၊ ဂိုးမှာတော့ မီရတ်နဲ့ ပွဲထွက်လာပါတယ်။ လာဇီယိုတို့ကိုလည်း လူအင်အားအပြည့်အစုံနဲ့ပဲ ပွဲထွက်လာခဲ့ပြီး တိုက်စစ်မှာ အင်မိုဘီလီ၊ ကော်ရီယာ အတွဲနဲ့ အတူ အဲလ်ဘတ်တို၊ ဆာဗစ်၊ လဇ်ဇာရီ၊ မာရူဆစ်၊ အကာဘီတို့လို့ အမာခံကစားသမားတွေ ပါဝင်ခဲ့ပါတယ်။ ပွဲချိန် ၇ မိနစ် ကတည်းက ပင်နယ်တီ ပြစ်ဒဏ်ဘော ကတစ်ဆင့် အင်ဆစ်ဂနီက နာပိုလီ အတွက် ဦးဆောင်ဂိုး သွင်းပေးခဲ့ပြီး ပွဲချိန် ၁၂ မိနစ်မှာတော့ မက်တီယို ပိုလီတာနိုက ဒုတိယဂိုး ထပ်မံသွင်းယူပေးခဲ့ပါတယ်။ အဲ့နောက်မှာတော့ တစ်ဖက်နဲ့တစ်ဖက် မာမာထန်ထန် ကစားခဲ့ကြလို့ အဝါကတ်တွေ ပလူပျံခဲ့ကြပါတယ်။ လာဇီယိုဘက်က လူးကပ်စ်လိုင်ဗာ၊ ဆာဗစ်တို့ အဝါကတ်ထိခဲ့သလို နာပိုလီ ဘက်ကလည်း အားကျမခံ မန်နိုလက်စ်၊ ဖေဘီယန်၊ မာတန်းစ်တို့က ပထမပိုင်း မပြီးခင်မှာတင် အဝါကတ်တွေ ထပ်မံပြသခံခဲ့ရပါတယ်။ ဒုတိယပိုင်းမှာလည်း ပွဲအရှိန်လျော့မသွားပဲ အပြန်အလှန် ထိုးဖောက်မှုတွေနဲ့ ကြည့်ကောင်းခဲ့ပါတယ်။ လာဇီယိုတို့ ချေပဂိုးရဖို့ အကြိမ်ကြိမ် ထိုးဖောက်နေတဲ့ ကြားကပဲ နာပိုလီ တို့ တတိယဦးဆောင်ဂိုး ထပ်မံရရှိသွားပြီး လော်ရန်ဇို အင်ဆစ်ဂနီက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ၃ ဂိုးပေးလိုက်ရပြီး နောက်ပိုင်း လာဇီယိုနည်းပြ မက်ဆီမီလီယန်နို ဖာရစ်အနေနဲ့ ကစားသမား ၃ ဦး အပြောင်းအလဲ ဆက်တိုက်ပြုလုပ်ပြီး ကတ်တဲလ်ဒီ၊ လူလစ်ခ်၊ ပရဲရားတို့ ဝင်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း ဂိုးသွင်းခြေတွေ့သွားတဲ့ နာပိုလီကပဲ ပွဲချိန် ၆၅ မိနစ်မှာ စတုတ္ထဂိုး ထပ်မံရရှိခဲ့ပြီး ဒီဂိုးကိုတော့ မာတန်းစ်က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ မိနစ် ၇၀ မှာတော့ လာဇီယိုတို့ ချေပဂိုး ပြန်ရခဲ့ပြီး ပရဲရားရဲ့ ပေးပို့မှုကနေ အင်မိုဘီလီက သွင်းယူပေးခဲ့ပါတယ်။ အဲ့နောက် ၄ မိနစ် အကြာမှာ မီလန်ကိုဗစ်-ဆာဗစ်က ဒုတိယချေပဂိုး သွင်းယူပေးခဲ့လို့ ၄-၂ ရလဒ်ဖြစ်နေခဲ့ပါတယ်။ ချေပဂိုးတွေ ပြန်ပေးခဲ့ရပေမယ့် ကစားအားကျမသွားတဲ့ နာပိုလီတို့ ပွဲချိန် မိနစ် ၈၀ မှာ ပဉ္စမမြောက်ဂိုး ထပ်မံသွင်းယူနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ လိုဇာနိုရဲ့ ဖန်တီးမှုကနေ လူစားဝင်တိုက်စစ်မှူး ဗစ်တာ အော့ဆီမန်က သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ လက်ကျန်မိနစ်တွေမှာတော့ ဂိုးတွေ ထပ်မရခဲ့ကြလို့ ၅-၂ ရလဒ်နဲ့ပဲ ပွဲပြီးခဲ့ပြီး လာဇီယိုကွင်းက ရှုံးပွဲကို နာပိုလီတို့ အတိုးရော အရင်းပါပြန်ဆပ်သွားခဲ့ပါတယ်။
 

ပွဲပြီးသုံးသပ်ချက်

ဒီနေ့ပွဲမှာ နာပိုလီ ကြောက်စရာကောင်းတဲ့ တိုက်စစ် ထက်မြတ်မှုကို မြင်တွေ့ခဲ့ရပါတယ်။ ဂိုးပေါက်ခြိမ်းခြောက်မှု အပိုင်းမှာ လာဇီယိုတို့ကတောင် ပိုသာခဲ့ပေမယ့် အဆုံးသတ် အပိုင်းမှာတာ့ နာပိုလီတို့ ရာနှုန်းပြည့် ကောင်းမွန်ခဲ့လို့ အခုလို ဂိုးပြတ်နိုင်ပွဲ တစ်ပွဲ ရရှိခဲ့တာ ဖြစ်ပါတယ်။ နာပိုလီ တို့ အခုပွဲအပြီး အမှတ်ပေးဇယား စီးရီးအေ အမှတ်ပေးဇယား အဆင့် ၅ နေရာမှာပဲ ဆက်လက် ရပ်တည်ခဲ့ပေမယ့် အဆင့် ၃ နေရာက အတ္တလန္တာနဲ့ ၂ မှတ်သာ ကွာဟတော့လို့ ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ လက်တစ်ကမ်း အကွာကို ပြန်ရောက်လာခဲ့ပြီလို့ပဲ ဆိုရမှာပါ။ လာဇီယို ကတော့ နာပိုလီနဲ့ ၅ မှတ်အထိ ကွာဟသွားခဲ့သလို စီးရီးအေ ထိပ်ပိုင်းက အသင်းတွေနဲ့လည်း အမှတ်ပြတ်သွားခဲ့လို့ ချန်ပီယံလိဂ် ဝင်ခွင့်ထက် ယူရိုပါလိဂ် ဝင်ခွင့်ကပဲ ဖြစ်နိုင်ချေပိုများသွားခဲ့ပါတယ်။
 

လာမယ့်ပွဲစဉ်များ

နာပိုလီတို့ လာမယ့် တနင်္လာနေ့ညမှာ တိုရီနိုနဲ့ ကစားရမှာ ဖြစ်ပြီး လာဇီယိုကတော့ အေစီမီလန်နဲ့ တွေ့ဆုံနေလို့ နောက်ထပ် ပွဲကြပ်တစ်ပွဲ ထပ်ကစားရဦးမှာ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်