နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ချန်ပီယံဘွဲ့ကို ကာကွယ်မယ့် ဘေယန်မြူးနစ်တို့ အမှားမလုပ်ဘူးလို့ ယုံကြည်တယ် – ဘွန်ဒက်စ်လီဂါ ပွဲကြိုသုံးသပ်ချက်

ဘေယန်မြူးနစ် vs လေဗာကူဆင်

အခုတစ်ပတ်ကြားရက်မှာတော့ ဘွန်ဒက်စ်လီဂါ ပွဲစဉ်တွေလည်း ကစားဖို့ ရှိနေပြီး ဗုဒ္ဓဟူးနေ့ မနက် ၁ နာရီ မှာ ကစားမယ့် ဘေယန်မြူးနစ်နဲ့ လေဗာကူဆင်တို့ရဲ့ ပွဲစဉ်ကတော့ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။ ဘေယန်မြူးနစ်တို့ ဒီရာသီ အတွက် ဆုဖလား မျှော်လင့်ချက်ဟာ ဘွန်ဒက်စ်လီဂါမှာ ရှိတော့လို့ အာရုံစိုက်ကစားနေပြီး လေဗာကူဆင် ကလည်း ဥရောပဝင်ခွင့် တစ်နေရာ ရရှိဖို့ အမှားခံလို့ မရတာကြောင့် အခုပွဲကတော့ အကြိတ်အနယ် ရှိလာဦးမှာ သေချာပါတယ်။

တိုက်စစ်မှူး ရောဘတ်လီဝန်ဒေါစကီး ဒဏ်ရာကြောင့် မကစားနိုင်ချိန်မှာ ဘေယန်မြူးနစ်တို့ရဲ့ တိုက်စစ်က သိသိသာသာ အားနည်းသွားခဲ့လို့ ပြီးခဲ့တဲ့ ပွဲတွေမှာ မထင်မှတ်ပဲ ဆုံးရှုံးမှု ကြီးထားခဲ့ပါတယ်။ ချန်ပီယံလိဂ်မှာ ပီအက်စ်ဂျီကို အရေးနိမ့်ပြီး ကွာတားဖိုင်နယ် ကနေ လှည့်ပြန်ခဲ့ရသလို ပိုကယ်ဖလား ကနေလည်း စောစောစီးစီး ထွက်ခဲ့ရပြီး ဖြစ်တာကြောင့် ဟန်ဆီဖလစ်ခ်ရဲ့ အသင်းက ဘွန်ဒက်စ်လီဂါ ကိုပဲ မဖြစ်မနေ အာရုံစိုက်နေတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ပွဲမှာဆိုရင် ဒီရာသီ အိမ်ကွင်း ရှုံးပွဲလုံးဝမရှိသေးတဲ့ ဝုဖ်ဘတ်ကို လူငယ်ကစားသမား မူဆီယာလာနဲ့ ချူပိုမော့တင်းတို့ရဲ့ သွင်းဂိုးတွေနဲ့ အတူ ၂-၃ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ ဒါပေမယ့် ဂိုးတွေပြန်ပေးနေရတဲ့ အချက်ကိုတော့ ဘဝင်မကျလှပါဘူး။ ဆူလီ ဒဏ်ရာရနေတဲ့ အချိန်မှာ ဟာနန်ဒက်ဇ်၊ ဘိုတန်း တို့ ဗဟိုခံစစ်နေရာ ဝင်ကစားပြီး အကောင်းဆုံး ထိန်းကျောင်းထားနိုင်ပေမယ့် အဓိက ဂိုးသမား နော်အာရဲ့ မမှားသင့်တဲ့ အမှားတွေက ဘေယန်မြူးနစ်တို့ကို ပေးဂိုးတွေ များနေစေတာ ဖြစ်ပါတယ်။ ဒီရာသီ ဘေယန်မြူးနစ်တို့ရဲ့ ရှားရှားပါးပါး ရှုံးပွဲနဲ့ သရေပွဲတွေရဲ့ တရားခံကို ပြန်ကြည့်ရင် နော်အာ ဖြစ်တယ်ဆိုတာ သိရမှာပါ။ တိုက်စစ်က လီဝန်ဒေါစကီးအပြင် ဂနာဘရီ၊ တိုလစ်ဆို၊ ဂိုရက်ဇ်ကာ၊ ဆူလီ၊ ဒေါက်ဂလပ်စ်ကော်စတာ တို့ ဒဏ်ရာပြသနာတွေကြောင့် အခုပွဲကို လွဲချော်ပါလိမ့်မယ်။

 
လေဗာကူဆင် ကတော့ လက်ရှိမှာ ခြေပြန်ငြိမ်နေပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဉ် ၃ ပွဲမှာ ၂ ပွဲနိုင်ပြီး ၁ ပွဲ သရေကျထားတာကို ကြည့်ခြင်းအားဖြင့် လေဗာကူဆင်တို့ ဥရောပဝင်ခွင့် တစ်နေရာအတွက် ဘယ်လောက် အထိ အာရုံစိုက်နေသလဲဆိုတာ သိသာပါတယ်။ အခုပွဲ အပါအဝင် ဘွန်ဒက်စ်လီဂါ လက်ကျန် ၅ ပွဲပဲ ကစားဖို့ ကျန်ရှိတော့ချိန်မှာ လေဗာကူဆင် တို့ ရမှတ် ၄၇ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၄ နေရာက ဖရန့်ဖတ်နဲ့ ၆ မှတ်သာ ကွာဟတာကြောင့် ချန်ပီယံလိဂ် ဝင်ခွင့်တောင် မျှော်လင့်လို့ရတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒဏ်ရာရကစားသမား စာရင်းမှာတော့ ပေါင်ခြံ ဒဏ်ရာရနေတဲ့ ဝီရစ်ဇ် တစ်ဦးတည်း ရှိနေပြီး ပက်ထရစ်ချစ်ခ်၊ ဘိုင်လီ၊ ဒီယာဘီ၊ ဘန်ဒါ၊ ဂျွန်နသန်တာ့ရ် တို့လို အဓိကကစားသမား အစုံအလင်နဲ့  ဘေယန်မြူးနစ်ကို ရင်ဆိုင်လာမယ့် သဘောမှာ ရှိနေပါတယ်။

နောက်ဆုံး ကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဉ် ၃ ပွဲမှာ ၂ ပွဲနိုင်ပြီး ၁ ပွဲ သရေကျထားတာကို ကြည့်ခြင်းအားဖြင့် လေဗာကူဆင်တို့ ဥရောပဝင်ခွင့် တစ်နေရာအတွက် ဘယ်လောက် အထိ အာရုံစိုက်နေသလဲဆိုတာ သိသာပါတယ်။
ဥရောပဝင်ခွင့်တစ်နေရာ ရရှိရေး ကြိုးပမ်းနေတဲ့ လေဗာကူဆင်

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ဘေယန်မြူးနစ်နဲ့ လေဗာကူဆင်တို့ ပြီးခဲ့တဲ့ ၁၀ စုနှစ် တစ်ခု အတွင်း ၂၄ ကြိမ်အထိ ထိပ်တိုက်တွေ့ဆုံခဲ့ရာမှာ ဘေယန်မြူးနစ်တို့က အပြတ်အသတ် အသာရထားပါတယ်။ ဘေယန်မြူးနစ်တို့ ၁၄ ကြိမ် အထိ အနိုင်ရထားပြီး လေဗာကူဆင်က ၅ ကြိမ်နိုင်၊ ကျန် ၅ ကြိမ် ကတော့ သရေရလဒ်နဲ့ ပြီးဆုံးထားပါတယ်။ ဒီရာသီ ပထမအကျော့ တွေ့ဆုံမှု မှာတော့ လေဗာကူဆင်ကွင်းမှာ ဘေယန်မြူးနစ်က ၁-၂ ရလဒ်နဲ့ အနိုင်ထားပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ဘေယန်မြူးနစ် vs လေဗာကူဆင် 1X2 ဘေယန်မြူးနစ် @ 1.38
ဧပြီလ ၂၁ ရက်, ည ၁:၀၀ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၁.၄၀ ဆ နဲ့ ဧည့်သည်အသင်းအတွက် ၇.၀၀ ဆ ကြေးဖွင့် ပြီး သရေအတွက် ၅.၀၀ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ လက်ရှိခြေစွမ်းပိုင်းအရ အရင်ကြည့်မယ်ဆိုရင် ဘေယန်မြူးနစ်မှာ တိုက်စစ် အနည်းငယ် အားနည်းနေရုံကလွဲလို့ တခြား အားနည်းချက် ကြီးကြီးမားမား မရှိပါဘူး။ ဘယ်အသင်းကိုမဆို အနိုင်ယူနိုင်စွမ်း အပြည့်ရှိနေပါသေးတယ်။ ပြီးတော့ နောက်ဆုံး ၃ ကြိမ်စလုံး လေဗာကူဆင်တို့ ဘေယန်မြူးနစ်ကို ရှုံးနိမ့်ထားလို့ အခုပွဲမှာလည်း ဘေယန်မြူးနစ်ကို ယုံကြည်ထားတာပဲ စိတ်ချရပါလိမ့်မယ်။ အပြန်အလှန် သွင်းဂိုးတွေတော့ များသွားနိုင်ပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်