နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အစဉ်အလာကို မေ့ပြီး ဖရန့်ဖတ်နဲ့အတူ စွန့်စားကြမယ် – ဘွန်ဒက်စ်လီဂါ ပွဲကြိုသုံးသပ်ချက်

မိုချင်ဂလတ်ဘတ် vs ဖရန့်ဖတ်

အခုတစ်ပတ် စနေနဲ့ တနင်္ဂနွေနေ့တွေမှာ အမှတ်ပေးပြိုင်ပွဲတွေ ပြန်ကစားဖို့ ရှိပြီး ဘွန်ဒက်စ်လီဂါ မှာဆိုရင်တော့ အသင်းတချို့ရဲ့ စိတ်ဝင်စားစရာ ထိပ်တိုက်တွေ့ဆုံမှုတွေ ရှိနေပါတယ်။ အဲ့ဒီထဲကမှ မိုချင်ဂလတ်ဘတ်နဲ့ ဖရန့်ဖတ်တို့ ကစားမယ့် ဘွန်ဒက်စ်လီဂါ ပွဲစဉ်ကတော့ မထင်မှတ်ပဲ အကြိတ်အနယ် ရှိလာနိုင်ပါတယ်။ အစဉ်အလာအရ မိုချင်ဂလတ်ဘတ်တို့ အသာရခဲ့ပေမယ့် လက်ရှိ‌ ခြေစွမ်းပိုင်းမှာ တက်ရိပ်ပြနေတဲ့ ဖရန့်ဖတ်ကြောင့် ခက်ခဲတဲ့ ပွဲစဉ် တစ်ပွဲ ဖြစ်လာပါလိမ့်မယ်။

မိုချင်ဂလတ်ဘတ်တို့ ရလဒ်တွေ တောက်လျောက်ဆိုးရွားပြီး ရှုံးပွဲဆက်ခဲ့ပေမယ့် နောက်ဆုံး ကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဉ် ၃ ပွဲ မှာတော့ ရှုံးပွဲမရှိတော့ပါဘူး။ ရှောလ်ကီနဲ့ ဖရိုင်းဘတ်ကို အနိုင်ကစားပြီး ဟာသာဘာလင်နဲ့ ပွဲမှာတော့ သရေကျထားပါတယ်။ ဂလတ်ဘတ်တို့ လက်ရှိ ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယား အဆင့် ၈ နေရာမှာ ရပ်တည်နေပြီး အဆင့် ၆ နေရာက အသင်းနဲ့ ၄ မှတ်သာ ကွာဟတာကြောင့် လာမယ့်ရာသီ ယူရိုပါလိဂ် ဝင်ခွင့် တစ်နေရာအတွက် မျှော်လင့်နေတာ ဖြစ်ပါတယ်။ မာကိုရို့စ်ရဲ့ အသင်းဟာ ချန်ပီယံလိဂ် ကစားခဲ့ရတာကြောင့် ပွဲပန်းပြီး ဘွန်ဒက်စ်လီဂါ ရလဒ်ပိုင်း ထိခိုက်ခဲ့သမျှ လက်တလောမှာတော့ အမှတ်ပေးပြိုင်ပွဲကိုပဲ အသေအချာ အာရုံစိုက် ကစားနေလို့ ရလဒ်ပိုင်း သိသိသသာသာ ပြန်တက်လာခဲ့တာ ဖြစ်ပါတယ်။ အခုအချိန်ထိတော့ အသင်းရဲ့ အဓိကကစားသမားတွေ ဒဏ်ရာပြသနာ ရှိနေဆဲ ဖြစ်ပြီး ဟော့ဖ်မန်း၊ စတင်ဒဲလ်၊ အဲလ်ဗက်ဒီ တို့အပြင် ကွင်းလယ်က ကရာမာနဲ့ ဂိုးသမား ဆွမ်မား တို့လည်း ပွဲပယ်ပြစ်ဒဏ် ထိထားလို့ အခုပွဲကို လွဲချော်ဖို့ ရှိနေပါတယ်။

ဖရန့်ဖတ် ကတော့ ဘွန်ဒက်စ်လီဂါမှာ ရလဒ်တွေ တော်တော်လေး ကောင်းနေတာ တွေ့ရပြီး နောက်ဆုံး ကစားခဲ့တဲ့ ၁၀ ပွဲမှာ ရှုံးပွဲ ၁ ပွဲသာ ရှိခဲ့ပါတယ်။ ဝါဒါဘရီမင် တစ်သင်းတည်းကို ရှုံးနိမ့်ခဲ့တာ ဖြစ်ပြီး ဘေယန်မြူးနစ်၊ ဒေါ့မန်၊ ဝုဖ်ဘတ်၊ ယူနီယံဘာလင်တို့လို အသင်းတွေကို အနိုင်ရခဲ့ပြီး လိုက်ပ်ဇစ်နဲ့ စတုဂတ်တို့ကို သရေကစားနိုင်ခဲ့ပါတယ်။ ဖရန့်ဖတ်တို့ လက်ရှိ ပေါ်တူဂီ တိုက်စစ်မှူး အန်ဒရီဆေးလ်ဗား ဂိုးမြူးနေပြီး ကော့စတစ်၊ ကာမာဒါ၊ လူကာယိုဗစ်၊ အဲရစ်ခ်ဒူရမ်၊ ဆိုးဝ်၊ ရိုဒီ၊ အန်ဒစ်ကာတို့လို ကစားသမားတွေ အတွဲအဖက်မိမိနဲ့ ခြေစွမ်းပြနေတာ တွေ့ရပါတယ်။ ဖရန့်ဖတ်တို့ လက်ရှိ ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယား အဆင့် ၄ နေရာမှာ ရှိနေပြီး အဆင့် ၃ နေရာက ဝုဖ်ဘတ်နဲ့ ၁ မှတ်ပဲ ကွာပေမယ့် အဆင့် ၅ နေရာက ဒေါ့မန်ကို ၇ မှတ်အထိ ဖြတ်ထားနိုင်လို့ ရာသီအကုန်မှာ ချန်ပီယံလိဂ် ဝင်ခွင့်ရရှိရေး သေချာသလောက် ဖြစ်နေပါတယ်။ ဒါကြောင့် အဒေါ့ဖ်ဟက်တာ အနေနဲ့ လက်ကျန်ပွဲစဉ်တွေမှာ ရလဒ်ပိုင်းကို အကောင်းဆုံး ထိန်းကစားသွားပါလိမ့်မယ်။ လက်ရှိ အသင်းမှာ ဒဏ်ရာရကစားသမား ပြသနာသိပ်မရှိတာကြောင့် ဖရန့်ဖတ်တို့ အဓိကကစားသမားတွေနဲ့ပဲ ပွဲထွက်လာဖို့ များပါတယ်။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

မိုချင်ဂလတ်ဘတ်နဲ့ ဖရန့်ဖတ်တို့ရဲ့ နောက်ဆုံး ထိပ်တိုက်တွေ့ဆုံမှု ၂၂ ကြိမ်မှာ မိုချင်ဂလတ်ဘတ်တို့ ၁၁ ကြိမ် အထိ အနိုင်ရထားပြီး ဖရန့်ဖတ် ကတော့ ၅ ကြိမ် အနိုင်ရထားပါတယ်။ ဘွန်ဒက်စ်လီဂါ နောက်ဆုံး တွေ့ဆုံမှု ၅ ကြိမ် မှာတော့ ဖရန့်ဖတ်တို့ မိုချင်ဂလတ်ဘတ်ကို အသာရခဲ့ခြင်း မရှိပဲ ၃ ပွဲရှုံး၊ ၂ ပွဲ သရေကျခဲ့ပါတယ်။

ဂလတ်ဘတ်တို့ လက်ရှိ ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယား အဆင့် ၈ နေရာမှာ ရပ်တည်နေပြီး အဆင့် ၆ နေရာက အသင်းနဲ့ ၄ မှတ်သာ ကွာဟတာကြောင့် လာမယ့်ရာသီ ယူရိုပါလိဂ် ဝင်ခွင့် တစ်နေရာအတွက် မျှော်လင့်နေတာ ဖြစ်ပါတယ်။
ဘွန်ဒက်စ်လီဂါ နောက်ဆုံး ၃ ပွဲမှာ ၂ ပွဲနိုင်၊ ၁ ပွဲသရေရထားတဲ့ မိုချင်ဂလတ်ဘတ်

 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
မိုချင်ဂလတ်ဘတ် vs ဖရန့်ဖတ် 1X2 ဖရန့်ဖတ် @ 2.64
ဧပြီလ ၁၇ ရက်, ည ၈:၀၀ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၂.၅၀ ဆ နဲ့ ဧည့်သည်အသင်းအတွက် ၂.၆၀ ဆ ကြေးဖွင့် ပြီး သရေအတွက် ၃.၆၀ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ နောက်ပိုင်း‌တွေ့ဆုံမှု တော်တော်များများမှာ ဖရန့်ဖတ်တို့ မိုချင်ဂလတ်ဘတ်ကို အနိုင်မရခဲ့ပေမယ့် လက်ရှိ အခြေအနေအရတော့ ဖရန့်ဖတ်တို့ အဘက်ဘက်က သာနေပါတယ်။ ဂိုးမြူးနေတဲ့ ဖရန့်ဖတ်ရဲ့ တိုက်စစ် စွမ်းဆောင်ရည်ကို ပြီးခဲ့တဲ့ ပွဲတွေ မှာကတည်းက မြင်တွေ့ခဲ့ရပြီး ဖြစ်လို့ အခုတစ်ကြိမ် မှာတော့ ဧည့်သည် အသင်းဘက်ကပဲ ရပ်တည်ချင်ပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်