နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အိမ်ကွင်းရှုံးပွဲ မရှိသေးတဲ့ ဝုဖ်ဘတ်ကို ဘေယန်မြူးနစ်တို့ ခက်ခက်ခဲခဲ ကစားရမယ် – ဘွန်ဒက်စ်လီဂါ ပွဲကြိုသုံးသပ်ချက်

ဝုဖ်ဘတ် – ဘေယန်မြူးနစ်

အခုတစ်ပတ် ကြားရက်မှာ ဘွန်ဒက်စ်လီဂါ ပွဲစဉ်‌ ၂၉ ကို ဆက်လက် ကစားကြမှာဖြစ်ပြီး အသင်းကြီး တချို့ သတိထားရမယ့် ပွဲကောင်းတွေ ရှိနေပါတယ်။ ဒီရာသီမှာ ဆုဖလား အောင်မြင်မှု ရဖို့ဆိုရင် ဘွန်ဒက်စ်လီဂါ တစ်ခုတည်းကို အာရုံစိုက်ရတော့မယ့် ဘေယန်မြူးနစ်တို့ ခြေတက်နေတဲ့ ဝုဖ်ဘတ်နဲ့ ကစားရမှာ ဖြစ်လို့ နိုင်ပွဲရဖို့ ခက်ခက်ခဲခဲ ကစားရဦးမှာပါ။

ဝုဖ်ဘတ်တို့ ဒီရာသီ ဘွန်ဒက်စ်လီဂါမှာ အိမ်ကွင်း ရှုံးပွဲလုံးဝ မရှိသေးတဲ့ အသင်း ဖြစ်ပါတယ်။ အိမ်ကွင်း ပွဲစဉ် ၁၃ ပွဲ ကစားထားရာမှာ ၉ ပွဲနိုင်၊ ၄ ပွဲသရေ ကျထားပြီး လက်ရှိမှာလည်း အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရပ်တည်နေလို့ နောက်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ရရှိဖို့ မျှော်လင့်နေပါတယ်။ ဝုဖ်ဘတ်ရဲ့ ဘွန်ဒက်စ်လီဂါ နောက်ဆုံး ၅ ပွဲရလဒ်ကို ကြည့်မယ်ဆိုရင် ဟော့ဖန်ဟိမ်း ကို ရှုံးနိမ့်ပြီး ရှော်ကီ၊ ဝါဒါဘရီမင်၊ ကိုလုံးတို့ကို အနိုင်ရခဲ့ပေမယ့် နောက်ဆုံးပွဲမှာတော့ ဖရန့်ဖတ်နဲ့ အကြိတ်အနယ်ကစားပြီး ၄-၃ နဲ့ ရှုံးနိမ့်ထားပါတယ်။ ထိပ်တိုက်တွေ့ဆုံမှုအရ ဘေယန်မြူးနစ်ကို ဝုဖ်ဘတ်တို့ ဘယ်လိုမှ မယှဉ်နိုင်ခဲ့တာ တွေ့ရပြီး အိမ်ကွင်းမှာ ဂိုးပြတ် အရှုံးပေးခဲ့ရတာလည်း အကြိမ်ကြိမ် အခါခါပါပဲ။ ဒါပေမယ့် ဒီရာသီ အခြေအနေကတော့ အရင်နှစ်တွေနဲ့ လုံးဝမတူတော့သလို့ ဘေယန်မြူးနစ် ပွဲပန်းနေတာကို ဝုဖ်ဘတ်တို့ အကောင်းဆုံး အခွင့်အရေးယူဖို့ ကြိုးပမ်းလာပါလိမ့်မယ်။ ချန်ပီယံလိဂ် ဝင်ခွင့်ပစ်မှတ်ထားနေတဲ့ ဝုဖ်ဘတ်တို့ အဆင့် ၅ နေရာ က ဒေါ့မန်နဲ့ ၈ မှတ်အထိ ကွာဟနေတာကို ဆက်ထိန်းထားဖို့ တတ်နိုင်သမျှ အမှတ်ရအောင် ကစားပါလိမ့်မယ်။ ဝုဖ်ဘတ်ရဲ့ ဒဏ်ရာရ/ ပွဲပယ် လူစာရင်းမှာတော့ မာမက်ဒီ၊ ဂူအီလာဗိုဂူအီ၊ စတီဖင်နဲ့ အာနိုးလ်တို့ ရှိနေပါတယ်။

ဝုဖ်ဘတ်ရဲ့ ဘွန်ဒက်စ်လီဂါ နောက်ဆုံး ၅ ပွဲရလဒ်ကို ကြည့်မယ်ဆိုရင် ဟော့ဖန်ဟိမ်း ကို ရှုံးနိမ့်ပြီး ရှော်ကီ၊ ဝါဒါဘရီမင်၊ ကိုလုံးတို့ကို အနိုင်ရခဲ့ပေမယ့် နောက်ဆုံးပွဲမှာတော့ ဖရန့်ဖတ်နဲ့ အကြိတ်အနယ်ကစားပြီး ၄-၃ နဲ့ ရှုံးနိမ့်ထားပါတယ်။
ွန်ဒက်စ်လီဂါ အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရပ်တည်နေတဲ့ ဝုဖ်ဘတ်

ဘေယန်မြူးနစ်ကတော့ ချန်ပီယံလိဂ် ကို လက်ပြနှုတ်ဆက်ထားရပြီး အရှေ့မှာလည်း ပိုကယ်ဖလားပြိုင်ပွဲကနေ စောစောစီးစီး ထွက်ခွာထားရလို့ ဘွန်ဒက်စ်လီဂါမှာပါ ခြေထပ်ချော်ရင် ရာသီအကုန်မှာ ဖလားလက်မဲ့ ဖြစ်ရပါလိမ့်မယ်။ ဒါ့ကြောင့် လက်ရှိအချိန်ထိ အမှတ်ပေးဇယား အဆင့် ၂ နေရာက လိုက်ပ်ဇစ်ကို ၅ မှတ် ဖြတ်ထားဆဲမို့လို့ လက်ကျန် ပွဲစဉ်တွေမှာ အမှားအယွင်း နည်းနည်းနဲ့ တတ်နိုင်သမျှ အမှတ်တွေရဖို့ အားစိုက်ကစားရမှာ ဖြစ်ပါတယ်။ ကျန်ရှိတဲ့ ဘွန်ဒက်စ်လီဂါ ၆ ပွဲမှာ ဝုဖ်ဘတ်နဲ့ ပြီးရင် လေဗာကူဆင်၊ မိန့်ဇ်၊ မိုချင်ဂလတ်ဘတ်၊ ဖရိုင်းဘတ်၊ အော့စ်ဘတ်တို့နဲ့ပဲ ကစားဖို့ ကျန်တော့လို့ ပွဲချောင်နေပေမယ့် ပေါ့ဆလို့တော့ မရပါဘူး။ လီဝန်ဒေါစကီး ဒဏ်ရာရနေတဲ့ အတွက် တိုက်စစ်ပိုင်း သိသိသာသာ အားနည်းနေပြီး ဂိုးရဖို့ခက်လာတာက ဘေယန်မြူးနစ် တို့အတွက် အားနည်းချက်တစ်ခုလို ဖြစ်လာတာကို နည်းပြဟန်ဆီဖလစ်ခ် အနေနဲ့ ထိရောက်တဲ့ ပြုပြင်မှုတချို့ မဖြစ်မနေ လုပ်သင့်နေပါပြီ။ ချန်ပီယံလိဂ်မှာ ပီအက်စ်ဂျီကို ဂိုးမသွင်းနိုင်လို့ ရှုံးနိမ့်ခဲ့ရတာကို လက်ခံပေးလို့ရပေမယ့် အဲ့ဒီပွဲမတိုင်ခင် ယူနီယံဘာလင်နဲ့ ပွဲမှာ ဂိုးပေါက် ခြိမ်းခြောက်မှု ၁၄ ကြိမ်အထိ ရှိခဲ့ပြီးမှ ဂိုးပေါက်တည့်မှု ၂ ကြိမ်ကနေ သွင်းဂိုး ၁ ဂိုးပဲ ရခဲ့တာဟာ ဘေယန်မြူးနစ်လို အသင်းကြီး တစ်သင်း အတွက်တော့ လက်မခံနိုင်စရာ အခြေအနေပါပဲ။ အခုပွဲမှာလည်း လီဝန်ဒေါစကီး အပြင် တိုလစ်ဆို၊ ဒေါက်ဂလပ်စ် ကော်စတာ၊ ဂိုရက်ဇ်ကာ၊ ဆူလီ၊ ဂနာဘရီတို့ ဒဏ်ရကြောင့် ပါဝင်လာနိုင်မှာ မဟုတ်ပါဘူး။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ပြီးခဲ့တဲ့ ၁၀ စုနှစ် တစ်ခုအတွင်း ဘေယန်မြူးနစ်တို့ ဝုဖ်ဘတ်နဲ့ ပြိုင်ပွဲစုံ အရပ်ရပ် ၂၇ ကြိမ် ထိပ်တိုက်တွေ့ဆုံ ကစားခဲ့ရမှာ ၂၃ ကြိမ် အထိ အနိုင်ရပြီး ဝုဖ်ဘတ် ကတော့ မှတ်မှတ်ရရ ၂၀၁၅ ခုနှစ်က ဘွန်ဒက်စ်လီဂါ မှာ တစ်ကြိမ်ပဲ ပြန်ပြီး အနိုင်ရထားပါတယ်။ ဘေယန်မြူးနစ်တို့ ဝုဖ်ဘတ်နဲ့ ကစားခဲ့တဲ့ နောက်ဆုံး ၅ ပွဲမှာ တစ်ပွဲပျမ်းမျှ ၃ ဂိုး နဲ့အထက် သွင်းယူနိုင်ခဲ့ပြီး ၂ ဂိုးသာ ပြန်ပေးထားရပါတယ်။
 

ဝုဖ်ဘတ် – ဘေယန်မြူးနစ်

??
ဝုဖ်ဘတ် – ဘေယန်မြူးနစ် 1×2 ဧည့်သည် @ ၁.၉၀ ဆ
ဧပြီလ ၁၇ ရက်, ည ၈:၀၀ နာရီ (GMT + ၆:၃၀)

1×2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၃.၅၀ ဆ နဲ့ ဧည့်သည်အသင်းအတွက် ၁.၉၀ ဆ ကြေးဖွင့် ပြီး သရေအတွက် ၄.၀၀ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ ဝုဖ်ဘတ် ခြေတက်နေပေမယ့် ဘေယန်မြူးနစ်တို့ အစဉ်အလာအရ ဘယ်တုန်းကမှ မနိမ့်ဘူးဆိုတာထက် အသာကြီးကို သာခဲ့တာပါ။ ဘေယန်မြူးနစ်တို့ ဘယ်လောက်ပဲ ပွဲပန်းနေပြီး ကစားပုံကျဆင်းနေပါစေ။ ပြီးတော့ ဝုဖ်ဘတ်တို့ ဘယ်လောက်ခြေတက်လာပါစေ။ ဘေယန်မြူးနစ်ကိုပဲ ယုံကြည်ရဲပါတယ်။ ဟန်ဆီဖလစ်ခ်နဲ့ ဘာဗေးရီးယန်းတို့ ပြီးခဲ့တဲ့ ကျရှုံးမှုတွေကို ဘွန်ဒက်စ်လီဂါမှာ လာပေါက်ကွဲပြပါလိမ့်မယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်