နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဂျာမန်ဘီလူးကို အလဲထိုးဖို့ ပါရီသားတွေ အားမရှိသေးဘူး – ချန်ပီယံလိဂ် ပွဲကြိုသုံးသပ်ချက်

ဘေယန်မြူးနစ် – ပီအက်စ်ဂျီ

ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယနေ့ပွဲစဉ်တွေ အဖြစ် ဘေယန်မြူးနစ်နဲ့ ပီအက်စ်ဂျီ၊ ပေါ်တိုနဲ့ ချဲလ်ဆီးတို့ ဧပြီလ ၈ ရက်နေ့ မနက် ၁ နာရီခွဲမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ ဒီပွဲစဉ် ၂ ပွဲထဲက ပရိသတ်ပိုပြီး စိတ်ဝင်စားမယ့်ပွဲကတော့ ဘေယန်မြူးနစ်နဲ့ ပီအက်စ်ဂျီတို့ရဲ့ ပွဲပဲ ဖြစ်မယ်ဆိုတာ သံသယဖြစ်ဖွယ် မရှိပါဘူး။ မနှစ်က ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ အသင်းနှစ်သင်း ဒီနှစ်မှာတော့ စောစောစီးစီး တွေ့ဆုံနေပြီး ဘယ်လိုမျိုး မထင်မှတ်တာတွေ လုပ်ပြကြဦးမလဲဆို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

‌လက်ရှိ ဥရောပရဲ့ အကောင်းဆုံး အသင်းအဖြစ် ချွင်းချက်မရှိ အားလုံးက သတ်မှတ်ထားကြတဲ့ ဘေယန်မြူးနစ် ကတော့ ဒီရာသီ ချန်ပီယံလိဂ် မှာလည်း ရာနှုန်းပြည့်နိုင်ပွဲနဲ့အတူ ကွားတားဖိုင်နယ်အဆင့်ကို ရောက်ရှိလာခဲ့ပြန်ပါပြီ။ ဘေယန်မြူးနစ်ရဲ့ လက်ရှိ အခြေအနေကို ပြောပါဆိုရင် အထွေအထူး သုံးသပ်နေစရာမလိုပါဘူး။ တိုက်စစ်က ရောဘတ်လီဝန်ဒေါစကီး ဒဏ်ရာရနေတာတောင် သွင်းဂိုးတွေ ရဖို့ မခက်ခဲတာကို ပြီးခဲ့တဲ့ လိုက်ပ်ဇစ်နဲ့ ပွဲမှာ ဘေယန်တို့ သက်သေပြခဲ့ပြီးပါပြီ။ ဘိုတန်း၊ အလာဘာ၊ ပါဗက်၊ အဲလ်ဖွန်ဆို ဒေးဗီးစ် တို့ ရှိနေတဲ့ ခံစစ်က ပြန်လည် အထိုင်ကျလာပြီး ကင်မစ်ချ်၊ လီယွန် ဂိုရက်ဇ်ကာ တို့ရဲ့ ကွင်းလယ်က ဥရောပရဲ့ အကောင်းဆုံး ကွင်းလယ်တွဲဖက်မှုလို့တောင် ပြောလို့ရပါတယ်။ လီယွိုင်းဆာနေး၊ မူလာ၊ ကိုမန်၊ ဂနာဘရီတို့နဲ့ ပေါင်းစပ်လိုက်တဲ့ အခါမှာ ပြိုင်ဘက်တိုင်းက ကြောက်ရွံ့နေရတဲ့ ဂျာမန်ဘီလူးကြီး ဆိုတဲ့ ဂုဏ်ပုဒ်ကို ဆက်ထိန်းထားနိုင်ခဲ့ပါတယ်။ လက်ရှိ ဘွန်ဒက်စ်လီဂါမှာ ဒုတိယနေရာက လိုက်ပ်ဇစ်ကို ၇ မှတ် အထိဖြတ်ပြီး ဦးဆောင်ထားနိုင်တာကြောင့် ချန်ပီယံလိဂ် သေချာအာရုံစိုက် ကစားလို့လည်း ရနေပါတယ်။

 
ပီအက်စ်ဂျီကတော့ နည်းပြ သောမက်စ်တူဟယ်နဲ့ အသားကျနေရဲ့သားနဲ့ စပါးနည်းပြဟောင်း ပိုချက်တီနိုကို မက်ပြီး အပြောင်းအလဲ ပြုလုပ်လိုက်ခါမှ တိုင်ပတ်နေခဲ့ပြီ။ ပြင်သစ်လီဂူးဝမ်းမှာ ထိပ်ဆုံးက ဦးဆောင်နေတဲ့ လိုင်လီနဲ့ ၃ မှတ်ပြန်လည် ကွာဟသွားပြီး ၄ နှစ်ဆက် အမှတ်ပေးချန်ပီယံဆု ကိုင်မြှောက်ခွင့်ကလည်း မသေချာမရေရာ ဖြစ်နေပါတယ်။ တစ်ချက်ရှိတာက ပီအက်စ်ဂျီတို့ နောက်ပိုင်းနှစ်တွေ အတွင်း ချန်ပီယံလိဂ် မှာ အတွေ့အကြုံရင့် အသင်းတစ်သင်းလိုမျိုး ခြေစွမ်းကို ထိန်းထားနိုင်တာ တွေ့ရပါတယ်။ ဒီနှစ်မှာဆိုရင်လည်း ၁၆ သင်းအဆင့်တုန်းက ဘာစီလိုနာလို အသင်းကို နူးကမ့်မှာ ၁-၄ နဲ့ အနိုင်ယူခဲ့ပြီး နှစ်ကျော့ပေါင်း ၅-၂ ရလဒ်နဲ့ ကျော်ဖြတ်ခဲ့တာကို ကြည့်ခြင်းအားဖြင့် ပီအက်စ်ဂျီကို သွားအထင်သေးလို့တော့ မရပါဘူး။ ဒါပေမယ့် ပိုချက်တီနိုရဲ့ အသင်းက မထင်မှတ်တဲ့ အခြေအနေမျိုးတွေမှာ မကြာခဏ အမှားလုပ်နေမိလို့ အပြည့်အဝတော့ ယုံကြည်လို့မရပါဘူး။ ဒဏ်ရာရ/ပွဲပယ် လူစာရင်းမှာ အဓိက နောက်ခံလူ ဖလော်ရန်ဇီ၊ ဘာနတ်၊ ကူဇာဝါ၊ ကွင်းလယ်က ဗာရက်တီ၊ ပယ်ရီဒက်စ်၊ တိုက်စစ်မှာ အီကာဒီတို့ ပါဝင်နေလို့ အနည်းငယ် အားနည်းနိုင်ပေမယ့် နေမာ၊ ဒီမာရီယာ၊ အန်ဘာပေးတို့ရဲ့ ရုန်းအား ဘယ်လောက်အထိ အလုပ်ဖြစ်မလဲ စောင့်ကြည့်ရပါမယ်။

တစ်ချက်ရှိတာက ပီအက်စ်ဂျီတို့ နောက်ပိုင်းနှစ်တွေ အတွင်း ချန်ပီယံလိဂ် မှာ အတွေ့အကြုံရင့် အသင်းတစ်သင်းလိုမျိုး ခြေစွမ်းကို ထိန်းထားနိုင်တာ တွေ့ရပါတယ်။
မနှစ်က ချန်ပီယံလိဂ် ဗိုလ်လုပွဲတက်ခဲ့တဲ့ ပီအက်စ်ဂျီ

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ဘေယန်မြူးနစ်နဲ့ ပီအက်စ်ဂျီတို့ နောက်ပိုင်းနှစ်တွေမှာ မကြာခဏ တွေ့ဆုံခဲ့ပြီး ဘေယန်မြူးနစ်က အပြတ်အသတ် အသာရခဲ့တာ တွေ့ရပါတယ်။ ပီအက်စ်ဂျီတို့ မနှစ်က ချန်ပီယံလိဂ် ဗိုလ်လုပွဲ အပါအဝင် ပြိုင်ပွဲစုံ နောက်ဆုံး ၃ ပွဲစလုံး ဘေယန်မြူးနစ်ကို အသာမရခဲ့သလို ၂ ပွဲကတော့ ဂိုးပြတ်ကို ရှုံးနိမ့်ခဲ့တာပါ။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ဘေယန်မြူးနစ် – ပီအက်စ်ဂျီ အချိန်ပြည့် 1X2 အိမ်ရှင် @ 1.91
ဧပြီလ ၈ ရက်, ည ၁:၃၀ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၁.၉၀ ဆ နဲ့ ဧည့်သည်အသင်းအတွက် ၃.၇၀ ဆ ကြေးဖွင့် ပြီး သရေအတွက် ၃.၈၀ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ လက်ရှိ ခြေစွမ်းအရဆိုရင် ပီအက်စ်ဂျီထက် ဘေယန်မြူးနစ်ကိုပဲ ပိုပြီး ယုံကြည်နေပါတယ်။ ဘေယန်တို့ တိုက်စစ်က ရောဘတ်လီဝန်ဒေါစကီး ပါဝင်လာနိုင်မှာ မဟုတ်လို့ အနည်းငယ် အားနည်းနိုင်ပြီး အိမ်ကွင်းမှာ ဂိုးပြတ် အနိုင်ရဖို့တော့ မဖြစ်နိုင်ပါဘူး။ ခန့်မှန်းရလဒ် ၂-၁ လောက်နဲ့ပဲ ဘေယန်မြူးနစ်တို့ အနိုင်ရသွားမယ် ထင်ပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်