နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လစ်ဗာပူးလ်ကို အိမ်ကွင်းမှာ ဂိုးပြတ်ရှုံးခဲ့ပြန်တဲ့ အာဆင်နယ် – ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်

အာဆင်နယ် ၀ – ၃ လစ်ဗာပူးလ်

မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃၀ စူပါဆန်းဒေးရဲ့ အစောဆုံး ပွဲစဉ် တစ်ပွဲမှာတော့ အာဆင်နယ်တို့ လစ်ဗာပူးလ်ကို အိမ်ကွင်းမှာ ဧည့်ခံကစားရပေမယ့် ပြိုင်ဘက်တိုက်စစ်ရဲ့ ခြေစွမ်းပြမှုကြောင့် ၀-၃ ရလဒ်နဲ့ ဂိုးပြတ် အရေးနိမ့်သွားခဲ့ပါတယ်။ ဒါ့ကြောင့် အာဆင်နယ် ဟာ လစ်ဗာပူးလ်နဲ့ တွေ့တိုင်း အရှုံးပေးနေရပြီလားလို့ မေးခွန်း ထုတ်စရာ ရှိလာခဲ့ပါပြီ။

ဒီနေ့ပွဲမှာ နှစ်သင်းစလုံး လူစာရင်း အပြည့်အစုံနဲ့ အနိုင် ၃ မှတ် အရယူဖို့ အသေအချာ ပြင်ဆင်လာခဲ့ကြတာပါ။ အာဆင်နယ် ဘက်မှာ လာကာဇက်ကို အထောင်တိုက်စစ်မှူးနေရာထားပြီး ပေပေ၊ အိုဒီဂတ်၊ အော်ဘာမီယန်းတိုနဲ့ ဝန်းရံစေခဲ့သလို ကွင်းလယ်မှာ ပါတေး၊ ဆယ်ဘာလော့စ် အတွဲကို အထိုင်ထားခဲ့ပါတယ်။ နောက်တန်းမှာတော့ ချမ်ဘာ၊ ဟိုးလ်ဒင်း၊ ဂါဘရီရယ်၊ တီယာနီ၊ ဂိုးမှာ လန်နိုတို့ပါဝင်လာပါတယ်။ လစ်ဗာပူးလ်ကတော့ ထုံးစံအတိုင်း ၄-၃-၃ ကစားကွက်ကို အသုံးပြုပြီး မာနေး၊ ဖေမီနို၊ မိုဆာလာ၊ မီလ်နာ၊ ဖာဘင်ဟို၊ သီယာဂို၊ ရော်ဘတ်ဆန်၊ ကာဘက်ခ်၊ ဖီးလစ်ပ်၊ အာနိုးလ်၊ အလီဆွန် ဘေကာတို့ကို အသုံးပြုခဲ့ပါတယ်။ ပထမပိုင်း တစ်ပိုင်းလုံးကတော့ ကွင်းလယ်မှာပဲ ဘောလုံး အပျက်များနေခဲ့လို့ ပျင်းဖို့တောင် ကောင်းခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ လစ်ဗာပူးလ် ဘက်က ဒီယိုဂို ဂျော့တာ ဝင်လာပြီး နောက်ပိုင်း တိုက်စစ်က ပိုမို အလုပ်ဖြစ်လာခဲ့သလို အာဆင်နယ် နောက်ခံလူတွေ အလုပ်များခဲ့ရပါတယ်။ ၆၄ မိနစ်မှာတော့ လစ်ဗာပူးလ်တို့ ဦးဆောင်ဂိုး စတင်ရရှိခဲ့ပြီး ထရန့်အာနိုးလ်ရဲ့ ဖြတ်တင်ပေးပို့မှုကနေ ဒီယိုဂို ဂျော့တာက ခေါင်းတိုက်သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ နောက်ထပ် ၄ မိနစ်မှာ  အာဆင်နယ် နောက်ခံလူတွေရဲ့ ပေါ့လျော့မှု ကနေပဲ မိုဆာလာက ဒုတိယဂိုး သွင်းယူပေးခဲ့ပါတယ်။ အဲ့နောက်မှာလည်း လစ်ဗာပူးလ်တို့ပဲ အာဆင်နယ် ဘက် တရစပ် ဖိအားပေး ကစားနိုင်ခဲ့ပြီး ပွဲချိန် ၈၂ မိနစ်မှာ တတိယဂိုး ထပ်မံရရှိခဲ့ပါတယ်။ ဒီဂိုးကိုတော့ တောက်လျောက် ခြေစွမ်းပြနေတဲ့ ဒီယိုဂို ဂျော့တာက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

လစ်ဗာပူးလ် ကတော့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၅ နေရာကနေ ချဲလ်ဆီး ကို ဆက်လက် ဖိအားနေခဲ့ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည်နေတဲ့ လစ်ဗာပူးလ်

 

ပွဲပြီးသုံးသပ်ချက်

အာဆင်နယ်ရဲ့ ခြေစွမ်းကတော့ တစ်ပွဲနဲ့ တစ်ပွဲ စိတ်ပျက်စရာကောင်းလာခဲ့ပြန်ပါပြီ။ ပုံစံကောင်းရဖို့ မနည်းကြိုးစားနေရတဲ့ လစ်ဗာပူးလ်လို အသင်းကို အိမ်ကွင်းမှာ ဂိုးပြတ် ရှုံးနိမ့်ခဲ့ရတာ တကယ့်ကို မဖြစ်သင့်ပါဘူး။ ဂါဘရီရယ်၊ ဟိုးလ်ဒင်း တို့ရဲ့ စွမ်းဆောင်ရည်ကို မေးခွန်းထုတ်စရာ ရှိနေပြီး အာတေးတား အနေနဲ့ လာမယ့် ပွဲတွေမှာသာ မပြင်ဆင်နိုင်ရင် ရာသီအကုန်မှာ ဖလားလက်မဲ့ ဖြစ်ရဦးမယ့် အပြင် ဥရောပပြိုင်ပွဲ ဝင်ခွင့်တွေနဲ့လည်း လွဲချော်ရပါလိမ့်မယ်။ ဒီပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ အာဆင်နယ်တို့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၉ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။ လစ်ဗာပူးလ် ကတော့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၅ နေရာကနေ ချဲလ်ဆီး ကို ဆက်လက် ဖိအားနေခဲ့ပါတယ်။

 

လာမယ့်ပွဲစဉ်များ

အာဆင်နယ်တို့ လာမယ့် ဧပြီလ ၉ ရက်နေ့မှာ ဆလားဗီးယား ပရက်ဂ်နဲ့ ယူရိုပါလိဂ် ကစားဖို့ ရှိပြီး လစ်ဗာပူးလ်ကတော့ ရီးရဲယ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ် ကစားရမှာ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်