နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ချန်ပီယံလိဂ် ဝင်ခွင့်အတွက် အမှားခံလို့ မရတဲ့ တော့တင်ဟမ်ဟော့စပါး – ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်

နယူးကာဆယ် – တော့တင်ဟင်ဟော့စပါး

ဧပြီလ ၄ ရက်နေ့ စူပါဆန်းဒေးမှာတော့ နယူးကာဆယ်နဲ့ တော့တင်ဟမ်ဟော့စပါးတို့ ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ် ၃၀ ရှိနေပါတယ်။ ရာသီအကုန်မှာ တန်းမဆင်းရရေး ရုန်းကန်နေရတဲ့ နယူးကာဆယ်တို့ ချန်ပီယံလိဂ် ဝင်ခွင့်အတွက် အတိမ်းအစောင်းခံလို့ မရတဲ့ တော့တင်ဟမ်ဟော့စပါးနဲ့ တွေ့ဆုံနေတာကတော့ တကယ့်ကို ပွဲကြပ်တစ်ပွဲ ဖြစ်လာဦးမှာပါ။

 
နယူးကာဆယ်တို့ ပရီးမီးယားလိဂ် မှာ နိုင်ပွဲ ပျောက်ဆုံးနေခဲ့တာ ၆ ပွဲအထိ ရှိခဲ့ပါပြီ။ ချဲလ်ဆီး၊ မန်ချက်စတာ ယူနိုက်တက်၊ ဝုဗ်၊ အက်စတွန်ဗီလာတို့လို အသင်းတွေနဲ့ ကစားခဲ့ရတာကြောင့်လည်း ရမှတ်တွေ ဆုံးရှုံးခဲ့ရပြီး နောက်ဆုံး ၅ ပွဲကနေ ၃ မှတ်သာ ရှာဖွေထားနိုင်ပါတယ်။ လက်တလော အမှတ်ပေးဇယား အဆင့် ၁၇ နေရာမှာ ရှိနေပြီး တန်းဆင်းဇုန်ရဲ့ အထက်မှာ တစ်ပွဲလျော့ ၂ မှတ်အသာနဲ့ ရပ်တည်နေလို့ ရှုံးပွဲတွေ ဆက်နေဦးမယ်ဆိုရင် ရာသီအကုန်မှာ မထင်မှတ်ပဲ ချန်ပီယံရှစ် ပြန်ရောက်သွားနိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။ နယူးကာဆယ်ရဲ့ လက်ရှိ အခြေအနေက ခံစစ်ပိုင်း သိပ်မဆိုးပေမယ့် တိုက်စစ်က သွင်းဂိုးတွေ မရှာဖွေနိုင်တာ ဖြစ်လို့ စတိဗ်ဘရုစ်ရဲ့ အသင်းက အခုပွဲမှာလည်း ကျိန်းသေပေါက် ရုန်းကန်ရဦးမှာ သေချာပါတယ်။ အားထားရတဲ့ စိန့်မက်ဆီမင်၊ ကော်လမ်ဝီလ်ဆင်၊ ရှား၊ ဟေဒန်၊ ဒူဘရက်ဗ်ကာတို့ ဒဏ်ရာရရှိနေလို့ ငှက်ကြားတို့ အိမ်ကွင်းမှာ စပါးရဲ့ ပွဲချိန်ပြည့် ထိုးနှက်မှုတွေကို ခံရဦးမှာပါ။ နယူးကာဆယ်ရဲ့ ဒီရာသီ အိမ်ကွင်း စွမ်းဆောင်ရည်ကို ကြည့်မယ်ဆိုရင်တော့ ၄ ပွဲနိုင်၊ ၄ ပွဲသရေ၊ ၆ ပွဲ ရှုံးနိမ့်ထားပါတယ်။

တော့တင်ဟမ်ဟော့စပါးရဲ့ဒီရာသီပရီးမီးယားလိဂ်အဝေးကွင်းစွမ်းဆောင်ရည်ကိုကြည့်မယ်ဆိုရင်တော့၇ပွဲနိုင်၊၃ပွဲသရေ၊၅ပွဲရှုံးထားပါတယ်။
ရာသီအကုန်မှာ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ ပစ်မှတ်ထားနေတဲ့ တော့တင်ဟမ်ဟော့စပါး

ဂျိုဆေး မော်ရင်ဟိုရဲ့ တော့တင်ဟမ်ဟော့စပါး ကတော့ ခြေစွမ်းလုံးဝ မတည်ငြိမ်သေးပါဘူး။ ယူရိုပါလိဂ်မှာ ဒိုင်နမိုကိဗ်လို အသင်းကို အိမ်ကွင်းမှာ ၂ ဂိုးပြတ် အနိုင်ရခဲ့လို့ နောက်တစ်ဆင့် တက်ဖို့ အကောင်းဆုံး အခြေအနေကို ပိုင်ဆိုင်ခဲ့ပေမယ့် ဒုတိယအကျော့ အဝေးကွင်းမှာ ၃ ဂိုးပြတ် ပြန်ရှုံးပြီး ပြိုင်ပွဲကနေ လက်ပြနှုတ်ဆက်ခဲ့ရပါပြီ။ ဒါကို ကြည့်ခြင်းအားဖြင့် စပါးတို့ တစ်ပွဲနဲ့ တစ်ပွဲ ခြေစွမ်း အတက်အကျ မမှန်သေးဘူးဆိုတာကို သက်သေခံနေတာ ဖြစ်ပါတယ်။ ယူရိုပါလိဂ်ကို အာရုံစိုက်စရာ မလိုတော့တဲ့ စပါးတို့ ရာသီအကုန်မှာ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ အားစိုက်ကစားလာနိုင်ပြီး အဆင့် ၇ နေရာက လစ်ဗာပူးလ် ပွဲကြပ်နေချိန်မှာ တတ်နိုင်သမျှ အမှတ်ဖြတ်နိုင်ဖို့ ကြိုးစားလာပါလိမ့်မယ်။ လက်ရှိ အသင်းမှာ တိုက်စစ်မှူး ဟယ်ရီကိန်း ဂိုးသွင်းခြေပြန်တွေ့နေပြီး ဂါရက်ဘေးလ်လည်း ခြေစွမ်းပြနေလို့ နယူးကာဆယ် ခံစစ်ပိတ်ဆော့မှာကို သိပ်ပြီး စိုးရိမ်စရာတော့ မလိုပါဘူး။ တော့တင်ဟမ်ဟော့စပါးရဲ့ ဒီရာသီ ပရီးမီးယားလိဂ်အဝေးကွင်း စွမ်းဆောင်ရည် ကို ကြည့်မယ်ဆိုရင်တော့ ၇ ပွဲနိုင်၊ ၃ ပွဲသရေ၊ ၅ ပွဲရှုံးထားပါတယ်။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့သမိုင်းကြောင်း

ဒီနှစ်သင်းဟာ သမိုင်းတစ်လျှောက် အကြိမ်ပေါင်းများစွာ ထိပ်တိုက်တွေ့ဆုံခဲ့ဖူးပြီး တော့တင်ဟမ်ဟော့စပါးက ၇၁ ကြိမ် အနိုင်ရကာ နယူးကာဆယ်တို့က ၅၉ ကြိမ် ပြန်လည် အနိုင်ရထားပါတယ်။ ၃၃ ကြိမ်ကတော့ သရေပွဲနဲ့ ပြီးဆုံးထားပြီး အခုရာသီ ပထမအကျော့ တွေ့ဆုံမှုမှာတော့ တစ်ဖက်တစ်ဂိုးစီ သရေရလဒ်နဲ့ ပွဲပြီးဆုံးထားခဲ့ပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
နယူးကာဆယ် – တော့တင်ဟမ်ဟော့စပါး 1X2 တော့တင်ဟမ်ဟော့စပါး @ ၁.၆၀ဆ
ဧပြီလ ၄ရက်, ည၇:၃၅ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ပေါက်ကြေးအရအိမ်ရှင်အသင်းအတွက် ၅.၅၀ ဆနဲ့ဧည့်သည်အသင်းအတွက်၄.၀၀ ဆကြေးဖွင့်ပြီးသရေအတွက် ၁.၆၀ ဆကြေးဖွင့်ထားတာတွေ့ရပါတယ်။ဒီနှစ်သင်းရဲ့ လက်ရှိ ခြေစွမ်းကတော့ တော်တော်လေး ကွာဟ နေပါတယ်။ နယူးကာဆယ်ကတော့ ခံစစ်ကို လုံအောင်ကစားပြီး အိမ်ကွင်းမှာ အတတ်နိုင်ဆုံး သရေတစ်မှတ်ရဖို့ အားထုတ်လာပါလိမ့်မယ်။ ဒါပေမယ့် ချန်ပီယံလိဂ် ဝင်ခွင့်အတွက် အတတ်နိုင်ဆုံး အမှတ်ပြည့်ရှာမယ့် တော့တင်ဟမ်ဟော့စပါးကို ပိုပြီး ယုံကြည်နေပါတယ်။ စပါးတို့ ၁-၂ လောက်နဲ့ အနိုင်ရသွားပါလိမ့်မယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှု

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်