နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရော်နယ်ဒိုရဲ့ ၁၀၃ ဂိုးမြောက် နိုင်ငံတကာ သွင်းဂိုးနဲ့ အတူ လူဇင်ဘတ်ကို ဂိုးပြတ်အနိုင်ရတဲ့ ပေါ်တူဂီ – ကမ္ဘာ့ဖလား ပွဲပြီးသုံးသပ်ချက်

လူဇင်ဘတ် ၁ – ၃ ပေါ်တူဂီ

မနေ့က ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အုပ်စု အေ ပွဲစဉ် မှာတော့ ပေါ်တူဂီတို့ လူဇင်ဘတ်ကို နောက်ကျဂိုးတွေ လိုက်သွင်းပြီး ၁-၃ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒီနေ့ပွဲမှာ အနိုင်ဂိုး တစ်ဂိုး သွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရော်နယ်ဒို အနေနဲ့ ကစားသမား သက်တမ်းတစ်လျှောက် ၁၀၃ ဂိုးမြောက် နိုင်ငံတကာပွဲ သွင်းဂိုးရရှိခဲ့ပြီး ချိုမြိန်တဲ့ နိုင်ပွဲ တစ်ပွဲ ဖြစ်ခဲ့ပါတယ်။

လူဇင်ဘတ်တို့ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အဖွင့်ပွဲစဉ်မှာ ၃-၄-၁-၂ ကစားကွက်ကို အသုံးပြုခဲ့ပေမယ့် အခုပွဲမှာတော့ ၄-၁-၄-၁ ကစားကွက်နဲ့ ပွဲထွက်လာပြီး ဧည့်သည် အသင်းကို ရင်ဆိုင်ခဲ့ပါတယ်။ ပေါ်တူဂီ နည်းပြ ဖာနန်ဒို ဆန်းတို့စ် ကတော့ ထုံးစံ အတိုင်း တိုက်စစ်အသားပေး ၄-၃-၃ ကစားကွက်ကို ရွေးချယ်ခဲ့ပြီး တိုက်စစ်မှာ ဂျာအိုဖီးလစ်၊ ဒီယိုဂို ဂျော့တာ၊ ခရစ္စတီယာနို ရော်နယ်ဒို၊ ကွင်းလယ်မှာတော့ ဘာနာဒိုဆေးလ်ဗား၊ ရီနာတို ဆန်းချက်စ်၊ ရူဘင်နားဗက်စ်၊ နောက်တန်းမှာ မန်းဒက်စ်၊ ရူဘင်ဒီးရာ့ဇ်၊ ဖွန်တေ၊ ဂျာအိုကန်ဆယ်လို၊ ဂိုးမှာတော့ အန်တိုနီ လိုပက်စ် တို့ ပါဝင်လာပါတယ်။ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပွဲဦးထွက်မှာ အဇာဘိုင်ဂျန်ကို ၁ ဂိုးတည်းနဲ့ ကပ်နိုင်ခဲ့သလို ပြီးခဲ့တဲ့ပွဲမှာ ဆာဘီးယားနဲ့ သရေကျပြီး ရမှတ်ဆုံးရှုံးခဲ့တဲ့ ပေါ်တူဂီတို့ အခုပွဲမှာတော့ ၃ မှတ်အပြည့်ရဖို့ ဖိကစားခဲ့ပါတယ်။ ပွဲစတာနဲ့ ကွင်းလယ်က ရီနာတို ဆန်းချက်စ်ရဲ့ လျင်မြန်တဲ့ တိုးအားတွေနဲ့ တိုက်စစ်ကို အကောင်းဆုံး ပံ့ပိုးပေးပြီး စောစောစီးစီး သွင်းဂိုး ရရှိဖို့ အားထုတ်ခဲ့ပေမယ့် တကယ်တမ်း ဦးဆောင်ဂိုး ရရှိခဲ့တာကတော့ လူဇင်ဘတ် ဖြစ်ပါတယ်။ အိုင်ယာလန်နဲ့ပွဲမှာ တစ်လုံးတည်းသော အနိုင်ဂိုး သွင်းယူပေးခဲ့တဲ့ ဂါဆန် ရိုဒရီဂွက်စ်ကပဲ တစ်ကိုယ်တော် စွမ်းရည်နဲ့ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက်မှာတော့ ပေါ်တူဂီတို့ ချေပဂိုးရဖို့ အသည်းအသန် ကစားလာခဲ့ပြီး ပထမပိုင်းပွဲပြီးခါနီးမှာတော့ ချေပဂိုး စတင်ရသွားခဲ့ပါတယ်။ ဒီဂိုးကိုတော့ ပက်ဒရို နီတိုရဲ့ ပေးပို့မှုကနေ ဒီယိုဂို ဂျော့တာက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဒုတိယပိုင်းမှာလည်း ရော်နယ်ဒို ဦးဆောင်တဲ့ တိုက်စစ်က လူဇင်ဘတ် နောက်တန်းကို အလုပ်ရှုပ်စေခဲ့သလို ၅၁ မိနစ်မှာတော့ ဂျာအို ကန်ဆယ်လိုရဲ့ ပေးပို့မှုကတစ်ဆင့် တိုက်စစ်မှူးကြီး ရော်နယ်ဒိုက ဒုတိယဂိုး သွင်းယူပေးခဲ့ပါတယ်။ ပွဲချိန် မိနစ် ၈၀ မှာတော့ လူစားဝင် ကစားသမား ပေါ်လင်ဟာက နီတိုရဲ့ ပေးပို့မှုကနေပဲ တတိယဂိုး ထပ်မံသွင်းယူပေးခဲ့လို့ ၁-၃ ရလဒ်နဲ့ ပေါ်တူဂီတို့ နိုင်ပွဲ ရရှိခဲ့ပါတယ်။

ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပွဲဦးထွက်မှာ အဇာဘိုင်ဂျန်ကို ၁ ဂိုးတည်းနဲ့ ကပ်နိုင်ခဲ့သလို ပြီးခဲ့တဲ့ပွဲမှာ ဆာဘီးယားနဲ့ သရေကျပြီး ရမှတ်ဆုံးရှုံးခဲ့တဲ့ ပေါ်တူဂီတို့ အခုပွဲမှာတော့ ၃ မှတ်အပြည့်ရဖို့ ဖိကစားခဲ့ပါတယ်။
ကမ္ဘာ့ဖလား ခြေစစ်ပွဲ တိုက်ရိုက် အောင်မြင်ရေး မျှော်လင့်နေတဲ့ ပေါ်တူဂီ

 

ပွဲပြီးသုံးသပ်ချက်

ဒီနေ့ပွဲမှာ ပေါ်တူဂီ ကွင်းလယ်က လုပ်အားနှုန်း တော်တော်လေး ကောင်းခဲ့ပြီး ရီနာတို ဆန်းချက်စ်ရဲ့ တိကျတဲ့ပေးပို့မှုတွေက လူဇင်ဘတ် နောက်တန်းကို ဒုက္ခပေးနိုင်ခဲ့ပါတယ်။ ဒီနေ့ပွဲမှာ အနိုင်ဂိုး တစ်ဂိုး သွင်းယူပေးခဲ့တဲ့ ခရစ္စတီယာနိုရော်နယ်ဒို ကတော့ ပေါ်တူဂီ အတွက် ၂၀၀၄ ခုနှစ်ကစလို့ ၂၀၂၁ ခုနှစ် အထိ ၁၈ နှစ်ဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ ကစားသမား ဖြစ်လာခဲ့ပြီး ကမ္ဘာ့ဖလား အပါအဝင် ပြိုင်ပွဲစုံ နိုင်ငံတကာ သွင်းဂိုး ၁၀၃ ဂိုးအထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ပေါ်တူဂီအတွက် ယူရို ၂၀၁၆၊ ယူအီးအက်ဖ်အေ နေးရှင်းလိဂ် ၂၀၁၉ တို့ကိုလည်း ဆွတ်ခူးပေးနိုင်ခဲ့တဲ့ ကစားသမား ဖြစ်ပါတယ်။ အခုပွဲမှာ ဂိုးပြတ် ရှုံးနိမ့်ခဲ့တဲ့ လူဇင်ဘတ်ကတော့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အုပ်စုအေမှာ ၂ ပွဲကစား၊ ၁ ပွဲနိုင်၊ ၁ ပွဲရှုံး ရမှတ် ၃ မှတ်နဲ့ အုပ်စု တတိယနေရာမှာ ရပ်တည်နေခဲ့ပါတယ်။

 

လာမယ့်ပွဲစဉ်များ

လူဇင်ဘတ်တို့ လာမယ့် စက်တင်ဘာလ ၂ ရက်နေ့မှာ အဇာဘိုင်ဂျန်နဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပြန်ကစားရမှာ ဖြစ်ပြီး ပေါ်တူဂီကတော့ ဇွန်လ ၅ ရက်နေ့မှာ စပိန်နဲ့ ခြေစမ်းပွဲ ကစားရမှာ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်