နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အနိုင်ဂိုးတွေ မထိန်းနိုင်ခဲ့လို့ သရေတစ်မှတ်နဲ့ ကျေနပ်လိုက်ရတဲ့ ပေါ်တူဂီ – ကမ္ဘာ့ဖလား ပွဲကြိုသုံးသပ်ချက်

ဆာဘီးယား ၂ – ၂ ပေါ်တူဂီ

ယနေ့မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ ပေါ်တူဂီနဲ့ ဆာဘီးယားတို့ရဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဥရောပဇုန် အုပ်စု အေ ဒုတိယပွဲစဉ်မှာတော့ ကွင်းလယ်ဒိုင်ရဲ့ ပွဲပြီးခါနီး အငြင်းပွားဖွယ် ဆုံးဖြတ်ချက်နဲ့အတူ တစ်ဖက် ၂ ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရော်နယ်ဒို အနေနဲ့ ပွဲပြီးခါနီးမှာ အနိုင်ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် ကွင်းလယ်ဒိုင်က ခွင့်ပြုပေးခဲ့ခြင်း မရှိတာကြောင့် ပေါ်တူဂီတို့ အနိုင် ၃ မှတ်နဲ့ ဝေးခဲ့ရတာ ဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ ပေါ်တူဂီ နည်းပြ ဖာနန်ဒို ဆန်းတို့စ် အနေနဲ့ ၄-၃-၃ ကစားကွက်ကို အသုံးပြုခဲ့ပြီး ပြီးခဲ့တဲ့ ပွဲနဲ့ မတူတဲ့ ပွဲထွက် လူစာရင်းကို အသုံးပြုခဲ့ပါတယ်။ တိုက်စစ်မှာ ခရစ္စတီယာနိုရော်နယ်ဒို၊ ဘာနာဒိုဆေးလ်ဗား၊ ဒီယိုဂိုဂျော့တာ၊ ကွင်းလယ်မှာတော့ ပါရဲရား၊ အိုလစ်ဗီယာ၊ ဘရူနိုဖာနန်ဒက်စ်၊ နောက်တန်းမှာ စီဒရစ်ဆွာရက်စ်၊ ဖိုတေ၊ ရူဘင်ဒီးရာ့ဇ်၊ ဂျာအိုကန်ဆယ်လို၊ ဂိုးမှာ လိုပက်စ်နဲ့ ပွဲထွက်လာပါတယ်။ ဆာဘီးယား ဘက်မှာတော့ ဗလာဟိုဗစ်၊ မီထရိုဗစ်၊ တာဒစ်၊ ဆာဗစ်၊ မီထရိုဗစ်၊ မီလန်ကိုဗစ် တို့လို ကစားသမားတွေ ပါဝင်လာခဲ့ပါတယ်။ ဒီနေ့ပွဲမှာ ပေါ်တူဂီတို့ အစောပိုင်း ပွဲချိန်တွေမှာ အချိတ်အဆက် မိမိနဲ့ ကစားနိုင်ခဲ့ပြီး စောစောစီးစီး သွင်းဂိုးတွေ ရခဲ့ပေမယ့်လည်း ဆာဘီးယားရဲ့ နောက်ကျဂိုးတွေကို မထိန်းနိုင်ခဲ့လို့ သရေနဲ့ပဲ ကျေနပ်ခဲ့ရတာပါ။ ပေါ်တူဂီ လူငယ်ကြယ်ပွင့် ဒီယိုဂို ဂျော့တာ အနေနဲ့ ဒီနေ့ပွဲမှာလည်း အထူးခြေစွမ်းပြသွားနိုင်ခဲ့ပြီး ၁၁ မိနစ်နဲ့ ၃၆ မိနစ်တို့မှာ ဘာနာဒိုဆေးလ်ဗား၊ စီဒရစ် ဆွာရက်စ်တို့ရဲ့ ဖန်တီးပေးပို့မှုက တစ်ဆင့် သွင်းဂိုး ၂ ဂိုး ရယူပေးနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ချေပဂိုးပြန်ရဖို့ အားထုတ်လာတဲ့ ဆာဘီးယားတို့ ပေါ်တူဂီ နောက်တန်းကို တော်တော်လေး အလုပ်ရှုပ်စေခဲ့သလို ရန်ဒိုဂျစ်ရဲ့ ပံ့ပိုးပေးမှုကနေ ပွဲချိန် ၄၆ မိနစ်နဲ့ မိနစ် ၆၀ တို့မှာ မီထရိုဗစ်နဲ့ ကော့စတစ်တို့က ချေပဂိုး ၂ ဂိုး ပြန်လည် သွင်းယူနိုင်ခဲ့ပါတယ်။ ပွဲပြီးခါနီးမှာတော့ အသင်းခေါင်းဆောင် ခရစ္စတီယာနို ရော်နယ်ဒို အနေနဲ့ အနိုင်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ သူသွင်းယူခဲ့တဲ့ ဂိုးဟာ အမှန်တကယ်လည်း ဂိုးစည်းကို ကျော်သွားခဲ့ပေမယ့် ကွင်းလယ်ဒိုင်ရဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်ကြောင့် စိတ်ပျက်စရာ ဖြစ်ခဲ့ပါတယ်။ ဒီဂိုးကို ခွင့်မပြုခဲ့လို့ ရော်နယ်ဒို ကိုယ်တိုင် တော်တော်လေး စိတ်ပျက်ခဲ့သလို အဝတ်လဲခန်းကို သွားတဲ့လမ်းမှာ အသင်းခေါင်းဆောင် လက်ပတ်ကိုတောင် လွှင့်ပစ်ခဲ့ပါတယ်။

 

ပွဲပြီးသုံးသပ်ချက်

ဒီနေ့ပွဲရဲ့ အခြေအနေကတော့ ပထမပိုင်းမှာ ပေါ်တူဂီတို့ သာခဲ့ပြီး ဒုတိယပိုင်းမှာတော့ ဆာဘီးယားတို့ သာခဲ့ပါတယ်။ တစ်ပွဲလုံး အတိုင်းအတာ အနေနဲ့ ပေါ်တူဂီတို့ ဘောလုံးပိုင်ဆိုင်မှု ဘောလုံးပေးပို့မှု အသာရခဲ့ပေမယ့် ဂိုးပေါက် ခြိမ်းခြောက်မှုမှာတော့ ဆာဘီးယားတို့ ပိုသာခဲ့ပါတယ်။ နှမြောစရာကတော့ ရော်နယ်ဒို အတွက် နိုင်ငံတကာ သွင်းဂိုး ထပ်ရမယ့် အခြေအနေ ဆုံးရှုံးသွားခဲ့ရသလို အသင်းအတွက်လည်း ၂ ပွဲကစားပြီး ရမှတ် ၆ မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်ခွင့်နဲ့လည်း လွဲချော်ခဲ့ရတာ ဖြစ်ပါတယ်။ ရုပ်သံ အနှေးပြကွက်တွေကို ပြန်ကြည့်မယ်ဆိုရင်လည်း ရော်နယ်ဒိုရဲ့ ဂိုးဟာ အမှန်တကယ်လည်း ဂိုးစည်းကို ကျော်သွားခဲ့တာတွေ့ရပါတယ်။ ဒီပွဲအပြီးမှာ ဆာဘီးယားနဲ့ ပေါ်တူဂီတို့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အုပ်စု ပွဲစဉ် ၂ ပွဲကစားပြီး ရမှတ် ၄ မှတ်၊ ဂိုးကွာခြားချက်တူ နဲ့ ပထမနဲ့ ဒုတိယနေရာမှာ ရပ်တည်နေခဲ့ပါတယ်။

ဆာဘီးယားတို့ လာမယ့် မတ်လ ၃၀ ရက်နေ့မှာ အဇာဘိုင်ဂျန်နဲ့ ကစားဖို့ရှိပြီး ပေါ်တူဂီကတော့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အဖြစ် လူဇင်ဘော့နဲ့ ကစားဖို့ ရှိနေပါတယ်။
ကမ္ဘာအဆင့် ၃၀ နေရာမှာ ဆာဘီးယား

 

လာမယ့်ပွဲစဉ်များ

ဆာဘီးယားတို့ လာမယ့် မတ်လ ၃၀ ရက်နေ့မှာ အဇာဘိုင်ဂျန်နဲ့ ကစားဖို့ရှိပြီး ပေါ်တူဂီကတော့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အဖြစ် လူဇင်ဘော့နဲ့ ကစားဖို့ ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်