နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

တိုက်စစ် ခြေစွမ်းပြပြီး ဂိုးပြတ်နိုင်ပွဲနဲ့ အဖွင့်လှတဲ့ ဂျာမနီ – ကမ္ဘာ့ဖလား ပွဲကြိုသုံးသပ်ချက်

ဂျာမနီ ၃ – ၀ အိုက်စလန်

၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပွဲဦးထွက်မှာတော့ ဂျာမနီတို့ အိုက်စလန်ကို ၃ ဂိုးပြတ်နဲ့ အနိုင်ရပြီး အဖွင့်လှသွားခဲ့ပါတယ်။ အခုပွဲမှာ မန်ချက်စတာစီးတီး ကွင်းလယ်လူ ဂွမ်ဒိုအန်ရဲ့ တောက်ပမှုတွေကို ထပ်မံ မြင်တွေ့ခဲ့ရပြီး လိုချင်နေတဲ့ ရလဒ်တစ်ခု ပိုင်ဆိုင်ခဲ့တာကြောင့် နည်းပြ ဂျိုအာချင်လိုး အနေနဲ့လည်း အနည်းငယ် ဖိအားတွေ လျော့သွားခဲ့ပါတယ်။

 
ဒီနေ့ပွဲမှာ ဂျာမနီနည်းပြ ဂျိုအာချင်လိုးအနေနဲ့ ခပ်များများစားစား တွေးခဲ့ပုံတော့ မပေါ်ပါဘူး။ အဓိက ကြယ်ပွင့် ကစားသမားတွေဖြစ်တဲ့ ကိုင်ဟာဗက်ဇ်၊ ဆာ့ဂျ်ဂနာဘရီ၊ လီရွိုင်းဆာနေးတို့ကို တိုက်စစ် ၃ ယောက်တွဲ ပွဲထွက်စေခဲ့ပြီး ကွင်းလယ်မှာတော့ ဂွမ်ဒိုအန်၊ ကင်မစ်ချ်၊ ဂိုရက်ဇ်ကာ၊ နောက်တန်းမှာ ကလော့တ်စတာမန်၊ ဂင်တာ၊ ရူဒီဂါ၊ အန်မရီချန်၊ ဂိုးမှာ နော်အာတို့ကို အသုံးပြုခဲ့ပါတယ်။ အိုက်စ်လန် ဘက်မှာ‌တော့ နာမည်ကြီး ကစားသမား ဖြစ်တဲ့ အဲဗာတန် ကွင်းလယ် ကစားသမား ဆီဂတ်ဆန် ပါဝင်လာတာ မတွေ့ရပဲ ဘန်လေက ဂတ်မန်ဆန်လည်း ပထမလူစာရင်းမှာ အသုံးမပြုခဲ့တာ တွေ့ရပါတယ်။ ဒါ့ကြောင့် အိုက်စလန်တို့ရဲ့ လူစာရင်းက တော်တော်လေး အားနည်းခဲ့ပြီး ဂျာမနီတို့ စိတ်ကြိုက် ကစားနိုင်ခဲ့ပါတယ်။ ပွဲအစ ၃ မိနစ်မှာတင် ဂျာမန်တို့ ဦးဆောင်ဂိုး စတင်ရရှိခဲ့ပြီး ဂနာဘရီ ဖန်တီးပေးတဲ့ ဘောလုံးကို ကွင်းလယ်လူ ဂိုရက်ဇ်ကာက အဆုံးသတ်ပေးခဲ့တာ ဖြစ်ပါတယ်။ နောက်ထပ် ၄ မိနစ် အကြာမှာလည်း ဂျာမနီတို့ ဒုတိယဂိုး ထပ်မံရရှိခဲ့ပြီး ဆာနေးရဲ့ ပေးပို့မှုကနေ ကိုင်ဟာဗက်ဇ် က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဒုတိယပိုင်းမှာလည်း ဂျာမနီတို့ အိုက်စလန် ဘက်ကို တစ်ဖက်သတ် ထိုးဖောက်ကစားနိုင်ခဲ့ပြီး ဒီနေ့ပွဲမှာ တောက်လျောက် ခြေစွမ်းပြနေတဲ့ ဂွမ်ဒိုအန် ကပဲ တစ်ကိုယ်တော် အစွမ်းပြပြီး သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ လက်ကျန်မိနစ်တွေမှာတော့ ဂျာမနီတို့ အခွင့်အရေးတချို့ ထပ်ရခဲ့ပေမယ့် အဆုံးသတ်ပိုင်း လိုအပ်ချက်တွေ ရှိခဲ့လို့ ၃-၀ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။

၂၀၁၈ကမ္ဘာ့ဖလားပြိုင်ပွဲကိုခြေစစ်ပွဲအောင်မြင်ခဲ့ပေမယ့်ဒီပြိုင်ပွဲမှာတော့ခြေစစ်ပွဲအောင်ဖို့တောင်ရုန်းကန်ရမယ့်အခြေအနေမှာရှိနေပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဒုတိယ အအောင်မြင်ဆုံး အသင်း ဂျာမနီ

 

ပွဲပြီးသုံးသပ်ချက်

အခုပွဲမှာ မန်ချက်စတာစီးတီး ကွင်းလယ်လူ ဂွမ်ဒိုအန် ကို ထပ်မံချီးကျူးချင်ပြီး တစ်ပွဲလုံးမှာ ဘောလုံးပေးပို့မှု ၁၄၁ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့သလို အခွင့်အရေး ၄ ကြိမ် ဖန်တီးပေးခဲ့သလို တစ်ကိုယ်တော် စွမ်းရည်နဲ့ သွင်းဂိုး ၁ ဂိုးလည်း ရယူပေးနိုင်ခဲ့ပါတယ်။ ကျန်ကစားသမားတွေ အနေနဲ့လည်း ဘာမှသိပ်ပြီး ပြောစရာမရှိခဲ့ပဲ အမှားနည်းခဲ့ပါတယ်။ ဂျာမနီတို့ အခုနိုင်ပွဲကြောင့် ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဥရောပဇုန် အုပ်စု ဂျေ ကို ဦးဆောင်နိုင်ခဲ့ပါတယ်။ အိုက်စလန်ကတော့ ၂၀၁၈ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ခြေစစ်ပွဲ အောင်မြင်ခဲ့ပေမယ့် ဒီပြိုင်ပွဲမှာတော့ ခြေစစ်ပွဲအောင်ဖို့တောင် ရုန်းကန်ရမယ့် အခြေအနေမှာ ရှိနေပါတယ်။
 

လာမယ့်ပွဲစဉ်များ

ဂျာမနီတို့ လာမယ့် မတ်လ ၂၉ ရက်နေ့မှာ ရိုမေးနီးယားနဲ့ ကစားရမှာ ဖြစ်လို့ ပွဲကြပ်နေပြီး နောက်ထပ် နှစ်ရက်အကြာမှာတော့ မြောက်မက်ဆီဒိုးနီးယားနဲ့ ကစားရဖို့ ရှိနေပါတယ်။ အိုက်စလန်ကတော့ အာမီးနီးယား၊ လက်ချင်စတိန်းတို့နဲ့ ကစားရမှာ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်