နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အဇာဘိုင်ဂျန်ပေးတဲ့ လက်ဆောင်ဂိုးနဲ့ ကပ်နိုင်ခဲ့တဲ့ ပေါ်တူဂီ – ကမ္ဘာ့ဖလား ပွဲပြီးသုံးသပ်ချက်

ပေါ်တူဂီ ၁ – ၀ အဇာဘိုင်ဂျန်

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလား ဥရောပဇုန် ခြေစစ်ပွဲ အုပ်စု အေ အဖွင့်ပွဲစဉ်မှာတော့ ပေါ်တူဂီတို့ အဇာဘိုင်ဂျန်ကို တစ်ဂိုးတည်းနဲ့ ကပ်ပြီး အနိုင်ရသွားခဲ့ပါတယ်။ ဒီနေ့ပွဲမှာ ပေါ်တူဂီ တိုက်စစ်က ဂိုးပေါက်ခြိမ်းခြောက်မှု အကြိမ် ၃၀ လောက်အထိ ပြုလုပ်နိုင်ခဲ့ပေမယ့် တိုက်စစ်မှူးတွေရဲ့ အဆုံးသတ်ပိုင်း လိုအပ်ချက်တွေကြောင့် ဧည့်သည်အသင်းပေးတဲ့ ဂိုး ၁ ဂိုးနဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။
 

 
ပေါ်တူဂီနည်းပြ ဖာနန်ဒို ဆန်းတို့စ်အနေနဲ့ ၄-၃-၃ ကစားကွက်ကို အသုံးပြုပြီး တိုက်စစ်အားပြုတဲ့ ကစားဟန်နဲ့ ပွဲထွက်လာခဲ့တာ ဖြစ်ပါတယ်။ တိုက်စစ်မှာ အန်ဒရီဆေးလ်ဗား၊ ဘာနာဒိုဆေးလ်ဗား၊ ခရစ္စတီယာနိုရော်နယ်ဒို၊ ကွင်းလယ်မှာ ပက်ဒရို နီတို၊ မော်တင်ဟို၊ ရူဘင်နားဗက်စ်၊ နောက်တန်းမှာ ဂျာအိုကန်ဆယ်လို၊ ရူဘင်ဒီးရာ့ဇ်၊ ဒူရာတီ၊ မန်းဒက်စ်၊ ဂိုးမှာ လိုပက်စ်တို့ ပါဝင်လာပါတယ်။ ပွဲစတာနဲ့ ပေါ်တူဂီတို့ တိုက်စစ်ဖွင့်လာခဲ့ပြီး အဇာဘိုင်ဂျန်ဆီကနေ တတ်နိုင်သမျှ သွင်းဂိုးတွေ ရဖို့ မျှော်လင့်ခဲ့ပုံပါပဲ။ ဒါပေမယ့် တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရော်နယ်ဒို ကိုယ်တိုင် အလွဲလွဲအချော်ချော် ဖြစ်နေလို့ ပွဲချိန်ပြည့် ဂိုးရဖို့ ရုန်းကန်ခဲ့ရပါတယ်။ အဇာဘိုင်ဂျန် တို့ကတော့ ခံစစ် အားပြုကစားရုံကလွဲလို့ တခြား ဘယ်လိုအခြေအနေမှာမှ ပေါ်တူဂီကို မယှဉ်ပြိုင်နိုင်ခဲ့တာ တွေ့ရပါတယ်။ ပထမပိုင်း ၃၆ မိနစ် အရောက်မှာ အဇာဘိုင်ဂျန် ဘယ်နောက်ခံလူ မက်ဗီဒက်ဗ် အနေနဲ့ ပြိုင်ဘက်ရဲ့ တိုက်စစ်ကို တားဆီးရင်း ကိုယ့်ဂိုးကိုယ်သွင်းယူမိခဲ့လို့ ပေါ်တူဂီတို့ ကံကောင်းထောက်မစွာနဲ့ ဂိုးရရှိခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ မော်တင်ဟိုအစား ဘရူနိုဖာနန်ဒက်စ်၊ နီတိုအစား ရာဖာဆေးလ်ဗား၊ အန်ဒရီဆေးလ်ဗား အစား ဂျာအိုဖီးလစ် တို့ ဝင်ရောက်လာခဲ့လို့ ကစားပုံ ပိုကောင်းလာခဲ့ပေမယ့် သွင်းဂိုးတွေတော့ ထပ်မံမြင်တွေ့ခဲ့ရခြင်းတော့ မရှိပါဘူး။ 

ပေါ်တူဂီတို့ အခုနိုင်ပွဲကြောင့် ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဥရောပဇုန် အုပ်စုအေ ဆာဘီးယားရဲ့ အနောက် ဒုတိယနေရာမှာ ရပ်တည်နေခဲ့ပါတယ်။
လွတ်လပ်ရေးရပြီး နောက်ပိုင်း ကမ္ဘာ့ဖလား ခြေစစ်ပွဲ စတင်ကစားခွင့်ရတဲ့ အဇာဘိုင်ဂျန်

 

ပွဲပြီးသုံးသပ်ချက်

ဒီနေ့ပွဲမှာ ပေါ်တူဂီ တိုက်စစ်က အသင်းခေါင်းဆောင် ခရစ္စတီယာနိုရော်နယ်ဒို ကိုယ်တိုင် ပုံမှန်ခြေစွမ်းအောက် ရောက်ရှိနေလို့ အဇာဘိုင်ဂျန်လို အသင်းကိုတောင် ဂိုးရဖို့ ရုန်းကန်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ပေါ်တူဂီမှာ ခြေစွမ်းကောင်းတဲ့ မျိုးဆက်သစ် ကစားသမားတွေ ရှိနေရင်တောင် ရော်နယ်ဒို ခြေကျနေရင် ဂိုးရဖို့ ရုန်းကန်ရတယ်ဆိုတာ သက်သေပါပဲ။ ပေါ်တူဂီတို့ တစ်ပွဲလုံး အတိုင်းအတာ အနေနဲ့ ဂိုးပေါက်ခြိမ်းခြောက်မှု ၂၉ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပြီး ဂိုးပေါက်တည့်မှုကတော့ ၁၄ ကြိမ်ရှိခဲ့ပေမယ့် သွင်းဂိုး ၁ ဂိုးပဲ ရခဲ့တာနဲ့ ပတ်သတ်ပြီး ဖာနန်ဒို ဆန်းတို့စ် အနေနဲ့ အသေအချာ ပြန်လည် သုံးသပ်သင့်နေပါပြီ။ ပေါ်တူဂီတို့ အခုနိုင်ပွဲကြောင့် ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဥရောပဇုန် အုပ်စုအေ ဆာဘီးယားရဲ့ အနောက် ဒုတိယနေရာမှာ ရပ်တည်နေခဲ့ပါတယ်။
 

လာမယ့်ပွဲစဉ်များ

ပေါ်တူဂီတို့ လာမယ့် မတ်လ ၂၈ ရက်နေ့မှာ ဆာဘီးယားနဲ့ ကစားဖို့ ရှိနေပြီး အဇာဘိုင်ဂျန်ကတော့ ၂၇ ရက်နေ့မှာ ကာတာနဲ့ နိုင်ငံတကာခြေစမ်းပွဲ၊ ၃၀ ရက်နေ့မှာ ဆာဘီးယားနဲ့ ကမ္ဘာဖလား ခြေစစ်ပွဲ ကစားဖို့ ရှိပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်