နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ခြေစွမ်းမာကျောတဲ့ အစ္စရေးကြောင့် ခက်ခက်ခဲခဲ ကစားရမယ့် ဒိန်းမတ် – ကမ္ဘာ့ဖလား ပွဲကြိုသုံးသပ်ချက်

အစ္စရေး – ဒိန်းမတ်

ခြေစွမ်းမာကျောတဲ့ အစ္စရေးနဲ့ နာမည်ကြီး ကစားသမားတွေ ပါဝင်နေတဲ့ ဒိန်းမတ်တို့ရဲ့ ၂၀၂၂ ကမ္ဘာ့ဖလား ဥရောပဇုန် ခြေစစ်ပွဲ အုပ်စု ပွဲစဉ်ကလည်း SBOTOP ပရိသတ်တွေကို မထင်မှတ်ပဲ ဖျော်ဖြေမှု ရသ အပြည့်အဝ ပေးနိုင်မယ့် ပွဲကောင်းတစ်ပွဲ ဖြစ်လာပါလိမ့်မယ်။ ကမ္ဘာ့အဆင့် ၈၇ မှာ ရှိနေတဲ့ အစ္စရေး တို့ နောက်ပိုင်းပွဲစဉ်တွေမှာ အသင်းလိုက် ကစားပုံ မာကျောလာပြီး ပြိုင်ဘက်တိုင်း ခက်ခဲစေခဲ့လို့ဒိန်းမတ်တို့ အတွက် လွယ်ကူတဲ့ ပြိုင်ဘက်တော့ ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။

 
အစ္စရေးတို့ ၁၉၇၀ ပြည့်နှစ်က တစ်ကြိမ်သာကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ခဲ့ပြီး အတွေ့အကြုံနုနယ်တဲ့ အသင်း ဖြစ်ပါတယ်။ အခုလက်ရှိ အုပ်စု အက်ဖ်မှာ ဩစတြီးယား၊ ဒိန်းမတ်၊ ဖာရိုးအိုင်လန်စ်၊ မောလ်ဒိုဗာ၊ စကော့တလန်၊ အစ္စရေး တို့ ပါဝင်နေပြီး မထင်မှတ်ပဲ အုပ်စုကြပ်နေတယ်လို့ ပြောလို့ရပါတယ်။ ခြေစွမ်းသိပ်မကွာတဲ့ ဩစတြီးယား၊ ဒိန်းမတ်၊ စကော့တလန် တို့ ကြားမှာ အစ္စရေး အနေနဲ့ ဖြတ်မြင်းအသင်းတစ်သင်း ဖြစ်လာမလား ဆိုတာ စောင့်ကြည့်ရဖို့ ရှိနေပေမယ့် လက်ရှိလူစာရင်းအရတော့ အသင်းကြီးတွေကို ယှဉ်ကစားနိုင်စွမ်းတော့ ရှိနိုင်မယ် မထင်ပါဘူး။ အစ္စရေး တို့ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၅ ပွဲရလဒ်ကို ပြန်ကြည့်မယ်ဆိုရင် စကော့တလန်ကို တစ်ပွဲနိုင်၊ ၁ ပွဲသရေ၊ ချက်ရီပက်ဗလစ် ကို နှစ်ကျော့စလုံး ရှုံးပြီး ဆလိုဗက်ကီးယားကို အနိုင်ရခဲ့ပါတယ်။ ယူအီးအက်ဖ်အေ နေးရှင်းလိဂ် ဘီမှာလည်း အုပ်စု တတိယ နေရာ ရရှိခဲ့လို့ တန်းမဆင်းခဲ့ရပါဘူး။ လက်ရှိ အသင်းမှာ အာရန် ဇာဟာဗီ၊ ဝိုက်စ်မန်း၊ မူနက်စ် ဒက်ဘာတို့က လွဲရင် ကျန်ကစားသမားတွေဟာ ခြေစွမ်းအလယ်အလတ်လောက်မှာပဲ ရှိနေပါတယ်။

အစ္စရေးတို့၁၉၇၀ပြည့်နှစ်ကတစ်ကြိမ်သာကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ခဲ့ပြီးအတွေ့အကြုံနုနယ်တဲ့အသင်းဖြစ်ပါတယ်။
သမိုင်းတစ်လျှောက် ကမ္ဘာ့ဖလားခြေစစ်ပွဲ ၇ ကြိမ် အထိအောင်မြင်ထားတဲ့ ဘူဂေးလ်ရီးယား

ဒိန်းမတ်ကတော့ ဥရောပရဲ့ အင်အားကြီး အသင်းတစ်သင်းဖြစ်ပြီး ကမ္ဘာ့ဖလားမှာ အစဉ်အလာရှိခဲ့သလို သမိုင်းတစ်လျှောက် ၅ ကြိမ် အထိ ခြေစစ်ပွဲ အောင်မြင်ခဲ့ဖူးပါတယ်။ ခြေစစ်ပွဲ အောင်မြင်ခဲ့ချိန်တိုင်းမှာလည်း ၂၀၁၀ ခုနှစ် ကတစ်ကြိမ်ပဲ အုပ်စုကနေ လှည့်ပြန်ခဲ့ရပြီး ကျန်နှစ်တွေမှာတော့ အနိမ့်ဆုံး ၁၆ သင်းအဆင့် တက်လှမ်းနိုင်ခဲ့တာ တွေ့ရပါတယ်။ ဒိန်းမတ်တို့ လက်ရှိမှာ ရွှေရောင်မျိုးဆက်တစ်ခု ကို ပိုင်ဆိုင်ထားပြီး ဥရောပနာမည်ကြီး ကလပ်တွေမှာ ကစားနေတဲ့ ခရစ်စတီယန် အဲရစ်ခ်ဆင်၊ မာတင်ဘရေ့ဝိတ်၊ ယူဆက်ဖ် ပိုလ်ဆင်၊ ဟော့ဂျ်ဘဂျ်၊ ဒီလာနေး၊ ဆိုင်မွန်ချား၊ ဝက်စ်၊ ဂျိုအာကင်မ်၊ ဗက်စတာဂတ်၊ ခရစ္စတင်ဆင်၊ ကတ်စပါရှမိုက်ကယ် တို့လို ကစားသမားကောင်းတွေ တပုံတပင် ရှိနေပါတယ်။ ဒိန်းမတ်တို့ နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၈ ပွဲမှာ ဘယ်ဂျီယံတစ်သင်းတည်းကို နှစ်ကျော့စလုံး ရှုံးနိမ့်ထားတာတွေ့ရပြီး ကျန်ပွဲစဉ်တွေ အားလုံးနီးပါးမှာ ရလဒ်ကောင်းထားပါတယ်။ အဂ်လန်၊ ဆွီဒင်၊ အိုက်စ်လန်တို့လို အသင်းတွေကို အနိုင်ရထားတဲ့ ဒိန်းမတ်တို့ လက်ရှိမှာ ခြေစွမ်း အတက်အကျ မှန်ကန်နေလို့ ပြိုင်ဘက်တိုင်းကို ခက်ခဲစေနိုင်တဲ့ အသင်းအဖြစ် သတ်မှတ်ခံထားရပါတယ်။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့သမိုင်းကြောင်း

အစ္စရေးနဲ့ ဒိန်းမတ်တို့ဟာ သမိုင်းတစ်လျှောက် ၈ ကြိမ်တွေ့ဆုံ ကစားခဲ့ဖူးပြီး ဒိန်းမတ်က ၇ ကြိမ်နိုင်ပြီး အစ္စရေးတို့ကတော့ ၁ ကြိမ်ပဲ ပြန်လည် အနိုင်ရထားပါတယ်။ ဒီနှစ်သင်းဟာ ၂၀၀၆ ခုနှစ်က ခြေစမ်းပွဲအဖြစ် နောက်ဆုံး တစ်ကြိမ် ကစားထားခဲ့ပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
အစ္စရေး – ဒိန်းမတ် 1X2 ဒိန်းမတ် @ ၁.၇၅ ဆ
မတ်လ ၂၅ရက်, ည၁၁:၃၀ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ပေါက်ကြေးအရအိမ်ရှင်အသင်းအတွက်၅.၀၀ ဆနဲ့ဧည့်သည်အသင်းအတွက်၁.၇၅ ဆကြေးဖွင့်ပြီးသရေအတွက် ၃.၄၀ ဆကြေးဖွင့်ထားတာတွေ့ရပါတယ်။အစ္စရေးတို့ ခြေစွမ်းမာကျောတယ်ဆိုပေမယ့် ဒိန်းမတ်မှာ ပွဲအဖြေထုတ်ပေးနိုင်မယ့် ကစားသမားတွေ အများအပြားရှိနေလို့ နိုင်ပွဲရဖို့ ခက်မှာတော့ မဟုတ်ပါဘူး။ ခန့်မှန်းရလဒ် ၁-၂ လောက်နဲ့ပဲ ဒိန်းမတ်တို့ အနိုင်ရသွားမယ် ထင်ပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှု

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်