နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စတုဂတ်ကို တစ်ယောက်လျော့နဲ့ ဂိုးပြတ်သိပ်တဲ့ ဘေယန်မြူးနစ် – ဘွန်ဒက်လီဂါ ပွဲပြီးသုံးသပ်ချက်

ဘေယန်မြူးနစ် ၄ – ၀ စတုဂတ်

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဉ် ၂၆ မှာ ဘေယန်မြူးနစ်တို့ စတုဂတ်ကို ပွဲချိန် မိနစ် ၇၀ နီးပါး တစ်ယောက်လျော့နဲ့ ကစားပြီး ၄ ဂိုးပြတ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဘေယန်မြူးနစ်တို့ အခုနိုင်ပွဲကြောင့် ဘွန်ဒက်စ်လီဂါ အပါအဝင် ၆ ပွဲဆက် နိုင်ပွဲ ရရှိခဲ့ပြီး ပုံစံကောင်းတစ်ခုနဲ့ ဆုဖလား မျှော်လင့်ချက်ကို ဆက်လက် အကောင်အထည် ဖော်နိုင်ခဲ့ပါတယ်။

ဘေယန်မြူးနစ် အခုပွဲမှာ ၄-၂-၃-၁ ကစားပုံနဲ့ ပွဲထွက်လာခဲ့ပြီး တိုက်စစ်မှာ ရောဘတ်လီဝန်ဒေါစကီး ကို ဦးဆောင်စေပြီး ဆာနေး၊ သောမက်စ်မူလာ၊ ဂနာဘရီ၊ ဂိုရက်ဇ်ကာ၊ အလာဘာ တို့ကို ကွင်းလယ်မှာ ထားပြီး နောက်တန်းမှာ ပါဗက်၊ ဘိုတန်း၊ ဆူလီ၊ အဲလ်ဖွန်ဆို ဒေးဗီးစ်၊ ဂိုးမှာ နော်အာ တို့ပါဝင်လာခဲ့ပါတယ်။ စတုဂတ်ဘက်မှာလည်း ကူလီဘာလီ၊ ဆိုဆာ၊ ကတ်စ်ထရို၊ အန်ဒို၊ အန်ဘရိုပါးနို့စ် တို့လို ကစားသမားကောင်းတွေ ပါဝင်ခဲ့ပါတယ်။ ဘေယန်မြူးနစ်တို့ ပွဲချိန် ၁၈ မိနစ်မှာ အဓိကနောက်ခံလူ အဲလ်ဖွန်ဆို ဒေးဗီးစ် တိုက်ရိုက် အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပြီး နောက်တန်းက အားနည်းခဲ့ပါတယ်။ ဒါပေမယ့်လည်း ၆ မိနစ် အကြာမှာတင် ဘေယန်မြူးနစ်တို့ ဆာ့ဂျ် ဂနာဘရီရဲ့ ပေးပို့မှုကနေ ရောဘတ်လီဝန်ဒေါစကီးက အဖွင့်ဂိုး သွင်းယူပေးခဲ့ပါတယ်။ အဲ့နောက် ပွဲချိန် ၂၂ မိနစ်မှာ လီရွိုင်းဆာနေးရဲ့ ပေးပို့မှုကနေ ဂနာဘရီ၊ ၂၃ မိနစ်မှာ သောမက်စ်မူလာရဲ့ ပံ့ပိုးပေးမှုကနေ ရောဘတ်လီဝန်ဒေါစကီးက တတိယဂိုး၊ ၃၉ မိနစ်မှာ လီဝန်ဒေါစကီးက တစ်ကိုယ်တော်စွမ်းရည်နဲ့ သူ့ရဲ့ ဟက်ထရစ်ဂိုးတို့ကို သွင်းယူပေးခဲ့လို့ ပထမပိုင်း အပြီးမှာတင် ၄ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ဘေယန်မြူးနစ်တို့ လူစား အပြောင်းလဲ တချို့ပြုလုပ်ခဲ့ပြီး အနိုင်ရလဒ်ကို ဆက်ပြီး ထိန်းကစားသွားခဲ့လို့ ပွဲအပြီးမှာ ဘာဗေးရီးယန်းတို့ ၄ ဂိုးပြတ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။
 

ပွဲပြီးသုံးသပ်ချက်

စတုဂတ်ကတော့ အခုရှုံးပွဲကြောင့် ဘွန်ဒက်စ်လီဂါ အဆင့် ၈ နေရာမှာ ဆက်လက် ရပ်တည်ခဲ့ပါတယ်။
ပြိုင်ပွဲစုံ ၅ ပွဲဆက် ရှုံးပွဲမရှိစံချိန် ရပ်တန့်ခဲ့ရတဲ့ စတုဂတ်

ဘေယန်မြူးနစ်တို့ရဲ့ ခြေစွမ်းကတော့ တကယ့်ကို အားရကျေနပ်စရာပါပဲ။ ပွဲအစ ၁၈ မိနစ်မှာတင် ဘေယန်မြူးနစ်တို့ အနီကတ် ထိခဲ့ပေမယ့် အကောင်းဆုံးပုံစံနဲ့ အတူ နိုင်ပွဲ တစ်ပွဲကို ရှာဖွေနိုင်ခဲ့ပါတယ်။ တိုက်စစ်မှူး ရောဘတ်လီဝန်ဒေါစကီး အနေနဲ့ ၂၅ ပွဲကစားပြီး ဘွန်ဒက်စ်လီဂါ သွင်းဂိုး ၃၅ ဂိုး ပြည့်ခဲ့ပြီ ဖြစ်သလို ဒီရာသီအတွက် သွင်းဂိုး ၄၀ အထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ စတုဂတ်ကတော့ အခုရှုံးပွဲကြောင့် ဘွန်ဒက်စ်လီဂါ အဆင့် ၈ နေရာမှာ ဆက်လက် ရပ်တည်ခဲ့ပါတယ်။

 

လာမယ့်ပွဲစဉ်များ

ဘေယန်မြူးနစ်ကတော့ လာမယ့် ဧပြီလ ၃ ရက်နေ့မှာ အာဘီလိုက်ပ်ဇစ် အသင်းနဲ့ အရေးပါတဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဉ် ဆက်လက်ကစားရဖို့ ရှိပြီး စတုဂတ်ကတော့ ဝါဒါဘရီမင်နဲ့ ကစားရမှာ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်