နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ခြေစွမ်းမကောင်းပေမယ့် လာဇီယိုကို ထပ်ပြီး အနိုင်ရတဲ့ ဘေယန်မြူးနစ် – ချန်ပီယံလိဂ် ပွဲပြီးသုံးသပ်ချက်

ဘေယန်မြူးနစ် ၂ – ၁ လာဇီယို

ယနေ့ မနက်အစောပိုင်းက ဆက်လက် ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက် ဒုတိယအကျော့ ပွဲစဉ်တွေ နောက်ထပ်တစ်ပွဲမှာတော့ ဘေယန်မြူးနစ်တို့ လာဇီယိုကို အိမ်ကွင်းမှာ ၂-၁ နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒီနေ့ပွဲမှာတော့ ဘေယန်မြူးနစ်တို့ရဲ့ ခြေစွမ်းက သိပ်ပြီး အားရစရာ မရှိခဲ့ပေမယ့် ခြေပျက်နေတဲ့ လာဇီယိုကြောင့် သက်တောင့်သက်သာ ကစားပြီး အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ဘေယန်မြူးနစ်တို့ အခုပွဲမှာ တိုက်စစ်က ရောဘတ်လီဝန်ဒေါစကီးကို အထောင်ထားပြီး ကွင်းလယ်မှာ ဆာနေး၊ မူလာ၊ ဂနာဘရီတို့နဲ့ ပွဲထွက်လာခဲ့သလို နောက်တန်းမှာတော့ ပါဗက်၊ ဘိုတန်း၊ အလာဘာ၊ သီယိုဟာနန်ဒက်ဇ်၊ ဂိုးမှာ နူဘယ်တို့ ပါဝင်လာပါတယ်။ လာဇီယို ဘက်မှာတော့ တိုက်စစ်က အင်မိုဘီလီ ကြံ့ခိုင်မှု မပြည့်ဝတာကြောင့် ပါဝင်လာခြင်းမရှိပဲ ကော်ရီရာ၊ မူရီကီ၊ ဆာဗစ်၊ အဲလ်ဘတ်တို၊ လက်ဇာရီ၊ အကာဘီ၊ ရိန်နာ တို့လို အဓိက ကစားသမားတွေတော့ ပါဝင်လာခဲ့ပါတယ်။ ဘေယန်မြူးနစ်တို့ကတော့ ထုံးစံအတိုင်း အိမ်ကွင်းအားသာချက်နဲ့ အတူ လာဇီယို ဘက်ကို ဖိကစားနိုင်ခဲ့ပြီး ပွဲချိန် ၃၃ မိနစ်မှာ ဦးဆောင်ဂိုး စတင်ရရှိခဲ့ပါတယ်။ ဒီဂိုးကိုတော့ ရောဘတ်လီဝန်ဒေါစကီးက ပင်နယ်တီကနေ တစ်ဆင့် သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက်မှာတော့ နှစ်သင်းစလုံး သွင်းဂိုးတွေ ရရှိဖို့ အတွက် အစွမ်းကုန်ကြိုးပမ်းခဲ့ပေမယ့် ဘောလုံး က ကွင်းလယ်မှာပဲ အပျက်များနေခဲ့ပါတယ်။ ဒုတိယပိုင်း ၇၂ မိနစ် အကျော်မှာတော့ ဘေယန်မြူးနစ်တို့ ဒုတိယဂိုး ထပ်မံရရှိခဲ့ပြီး ချောင်ပိုမော့တင်းက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ လာဇီယို အတွက် တစ်လုံးသော ချေပဂိုးကိုတော့ လူစာရင်းဝင် ကွင်းလယ် ကစားသမား ပါရိုလို က သွင်းယူပေးခဲ့ပါတယ်။

လာဇီယို ကတော့ ကာလအတန်ကြာ ဝေးကွာနေတဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲ အိမ်မက်ကတော့ ဒီအဆင့် မှာတင်ပဲ ရပ်တန့်ခဲ့ရပြီလို့ ဆိုရပါမယ်။
ပြိုင်ပွဲစုံနောက်ဆုံး ၅ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရခဲ့တဲ့ လာဇီယို

 

ပွဲပြီးသုံးသပ်ချက်

ဒီနေ့ပွဲမှာ ဂျာမန်ထိပ်သီးတို့ ပုံမှန် ခြေစွမ်း မရရှိခဲ့ပေမယ့်လည်း နိုင်ပွဲရအောင်တော့ ကစားနိုင်ခဲ့ပြီး ချန်ပီယံလိဂ် ရှုံးပွဲမရှိတဲ့ စံချိန်ကို ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ နောက်ပြီးတော့ ပြိုင်ပွဲစုံ ၅ ပွဲဆက် နိုင်ပွဲ ပြန်လည်ရရှိခဲ့ပါတယ်။ တိုက်စစ်မှူး ရောဘတ်လီဝန်ဒေါစကီးကတော့ ဒီရာသီအတွက် ချန်ပီယံလိဂ် အပါအဝင် ပြိုင်ပွဲစုံမှာ သွင်းဂိုး ၃၉ ဂိုးအထိ ရရှိခဲ့ပြီး ၁၃ ဂိုးမြောက် ပင်နယ်တီကိုလည်း လွဲချော်ခြင်း မရှိခဲ့ပါဘူး။ လာဇီယို ကတော့ ကာလအတန်ကြာ ဝေးကွာနေတဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲ အိမ်မက်ကတော့ ဒီအဆင့် မှာတင်ပဲ ရပ်တန့်ခဲ့ရပြီလို့ ဆိုရပါမယ်။

 

လာမယ့်ပွဲစဉ်များ

ဘေယန်မြူးနစ်တို့ လာမယ့် မတ်လ ၂၀ ရက်နေ့မှာ စတုဂတ် အသင်းနဲ့ လာလီဂါ ပွဲစဉ် ကစားဖို့ ရှိသလို လာဇီယိုကတော့ အူးဒီးနီးစ် နဲ့ စီးရီးအေ ပွဲစဉ် ကစားရမှာ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်