နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အဝေးကွင်းသွင်းဂိုးတွေနဲ့ နောက်တစ်ဆင့်တက်ဖို့ အခြေအနေ ကောင်းခဲ့တဲ့ အာဆင်နယ် – ယူရိုပါလိဂ် ပွဲပြီးသုံးသပ်ချက်

အိုလံပီယာကော့စ် ၁ – ၃ အာဆင်နယ်

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရိုပါလိဂ် ၃၂ သင်းအဆင့် ပထမအကျော့မှာ အာဆင်နယ်တို့ အဝေးကွင်းသွင်းဂိုးတွေနဲ့ အတူ အိုလံပီယာကော့စ်ကို အနိုင်ယူပြီး နောက်တစ်ဆင့် တက်ဖို့ အခြေအနေ ကောင်းသွားခဲ့ပါတယ်။ ဒီနေ့ပွဲမှာ အာဆင်နယ် တစ်သင်းလုံး ခြေစွမ်းပြကစားသွားနိုင်ခဲ့ပြီး မနှစ်ကလို အမှားမျိုး ဒုတိယအကျော့မှာ ထပ်မမှားဖို့ပဲ ကြိုးစားရတော့မှာ ဖြစ်ပါတယ်။
 

 
အာဆင်နယ်နဲ့ အိုလံပီယာကော့စ်တို့ဟာ မနှစ်က ယူရိုပါလိဂ် ရှုံးထွက်အဆင့်မှာ တွေ့ဆုံခဲ့ပြီး အာဆင်နယ်တို့ ပထမအကျော့ အဝေးကွင်းမှာ ၀-၁ နဲ့ အနိုင်ရခဲ့ပေမယ့် ဒုတိယအကျော့ အိမ်ကွင်းမှာ ၁-၂ နဲ့ ရှုံးနိမ့်ခဲ့လို့ ပြိုင်ပွဲကနေ လက်ပြနှုတ်ဆက်ခဲ့ရတဲ့ သာဓက ရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ အာဆင်နယ်ရဲ့ ယူရိုပါလိဂ် ကစားပုံက အရင်နှစ်တွေနဲ့မတူပဲ အသင်းလိုက် စုစည်းမှု အားကောင်းခဲ့သလို အဝေးကွင်းမှာ ကစားရပေမယ့်လည်း အိုလံပီယာကော့စ်ကို ပွဲချိန်အပြည့် ဂိုးပေါက် ခြိမ်းခြောက် ကစားသွားနိုင်တာ တွေ့ရပါတယ်။ တိုက်စစ်မှူး ပီယာအန်းမရစ်ခ် အော်ဘာမီယန်း ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ကွင်းလယ်နဲ့ နောက်တန်း ကစားသမားတွေ ဂိုးသွင်းနိုင်ခဲ့တာကြောင့် ထိုက်တန်တဲ့ နိုင်ပွဲ တစ်ပွဲ ရရှိခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်တို့ ပွဲချိန် ၃၄ မိနစ်မှာ ဦးဆောင်ဂိုး စတင်ရရှိခဲ့ပြီး ကွင်းလယ်ကစားသမားလေး အိုဒီဂတ်က ၁၈ ကိုက်စည်း အကျော် ခပ်လှမ်းလှမ်းကနေ မထင်မှတ်ပဲ လှလှပပသွင်းယူပေးသွားခဲ့တာ ဖြစ်ပါတယ်။ ပထမပိုင်းအပြီးမှာ အာဆင်နယ်တို့ ၀-၁ ရလဒ်နဲ့ ဦးဆောင်နေခဲ့ပြီး ဒုတိယပိုင်း ပြန်စပြီး ၁၃ မိနစ်မှာတော့ အိုလံပီယာကော့စ်ရဲ့ ချေပဂိုးကို ခွင့်ပြုပေးခဲ့ရပါတယ်။ ဒီဂိုးကိုတော့ တိုက်စစ်မှူး အာရာဘီက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ချေပဂိုးပြန်ပေးလိုက်ရပေမယ့် စိတ်ဓာတ်တက်ကြွနေတဲ့ အာဆင်နယ်တို့ပဲ ပွဲကို ပိုမိုစိုးမိုး ကစားနိုင်ခဲ့ပြီး ပွဲချိန် မိနစ် ၈၀ မှာ ဂါဘရီရယ်က လှလှပပခေါင်းတိုက်သွင်းယူပေးခဲ့သလို ဝီလျံအစား လူစားဝင်လာခဲ့တဲ့ မိုဟာမက် အဲလ်နီနီက ၈၅ မိနစ်မှာ အဝေးကန်ချက်နဲ့ တတိယဂိုးသွင်းယူပေးခဲ့လို့ အာဆင်နယ်တို့ ပွဲအပြီးမှာ ၁-၃ ရလဒ်နဲ့ နိုင်ပွဲရရှိခဲ့ပါတယ်။

အိုလံပီယာကော့စ် ကတော့ ယူရိုပါလိဂ် ဒုတိယအကျော့မှာ အာဆင်နယ်ကို ၃ ဂိုးပြတ်နဲ့ အနိုင်ရမှာပဲ နောက်တစ်ဆင့်တက်ဖို့ ဖြစ်နိုင်တော့မှာပါ။
မနှစ်က ယူရိုပါလိဂ် ရှုံးထွက်အဆင့်မှာ အာဆင်နယ်ကို ကျော်ဖြတ်ခဲ့တဲ့ အိုလံပီယာကော့စ်

 

ပွဲပြီးသုံးသပ်ချက်

ဒီပွဲမှာ အာဆင်နယ် နောက်တန်းက ဒါးဗစ်လူးဝစ်ဇ် တစ်ဦးတည်း ပုံမှန်ခြေစွမ်းအောက် ရောက်ရှိနေခဲ့ပြီး အမှားတွေလည်း မကြာခဏ ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။ ကျန်ကစားသမားတွေ အားလုံးကတော့ ပြောစရာမလိုအောင် ခြေစွမ်းကောင်းခဲ့ပြီး အထူးတလည် ချီးကျူးရမှာကတော့ ကွင်းလယ်က မာတင်အိုဒီဂတ်ပဲ ဖြစ်ပါတယ်။ မာတင်အိုဒီဂတ်အနေနဲ့ အရင်ပွဲတွေတုန်းက နောက်ပြန်ပေးလွန်းတာကြောင့် ဝေဖန်ခံခဲ့ရပေမယ့် အခုပွဲမှာတော့ ဘောလုံးရတာနဲ့ တပြိုင်နက် တိုက်စစ်အသွင်းပြောင်း ကစားနိုင်ခဲ့တာတွေ့ရပါတယ်။ ကိုယ်တိုင်လည်း လှပတဲ့ သွင်းဂိုး တစ်ဂိုး ရယူပေးခဲ့ပြီး အခွင့်အရေး ဖန်တီးမှုလည်း ၄ ကြိမ်အထိ ပြုလုပ်ပေးခဲ့တာ တွေ့ရပါတယ်။ နောက်တစ်ချက်က အိုလံပီယာကော့စ်ရဲ့ ခြေစွမ်းပါ။ အိုလံပီယာကော့စ်တို့ ပြည်တွင်းလိဂ်မှာ ဘယ်လောက်ပဲ ရလဒ်ကောင်းနေပါစေ အသင်းကြီးတွေနဲ့ ကစားရင် ဘယ်လောက်အထိ ရုန်းကန်ရတယ်ဆိုတာ မြင်သာခဲ့ပါတယ်။ အခုပွဲရလဒ်ကောင်း အာဆင်နယ်တို့ ယူရိုပါလိဂ် မှာ ကွာတားဖိုင်နယ် တက်ဖို့ အကောင်းဆုံး အခြေအနေကို ပိုင်ဆိုင်ခဲ့ပါတယ်။ အိုလံပီယာကော့စ် ကတော့ ယူရိုပါလိဂ် ဒုတိယအကျော့မှာ အာဆင်နယ်ကို ၃ ဂိုးပြတ်နဲ့ အနိုင်ရမှာပဲ နောက်တစ်ဆင့်တက်ဖို့ ဖြစ်နိုင်တော့မှာပါ။
 

လာမယ့်ပွဲစဉ်များ

အာဆင်နယ်တို့ လာမယ့် မတ်လ ၁၄ ရက်နေ့မှာ တော့တင်ဟမ်ဟော့စပါးနဲ့ လန်ဒန်ဒါဘီ ပရီးမီးယားလိဂ် ပွဲစဉ် ကစားရဖို့ ရှိနေသလို အိုလံပီယာကော့စ်ဟာလည်း အေအီး လာရစ်ဆာနဲ့ ဂရိစူပါလိဂ် ကစားဖို့ ရှိနေပါတယ်။ 
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်