နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အဲဗာတန်ကို အနိုင်ရပြီး ရှုံးပွဲမရှိ စံချိန် ဆက်လက်ထိန်းနိုင်ခဲ့တဲ့ ချဲလ်ဆီး – ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်

ချဲလ်ဆီး ၂ – ၀ အဲဗာတန်

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ချဲလ်ဆီးတို့ အဲဗာတန်ကို အိမ်ကွင်းမှာ ၂-၀ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ချဲလ်ဆီးတို့ အခုနိုင်ပွဲကြောင့် သောမက်စ် တူဟယ်လက်ထက် ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ ၁၁ ပွဲဆက် ရှုံးပွဲမရှိ စံချိန်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပြီး ရလဒ်တွေ ကောင်းနေတဲ့ အဲဗာတန်ကို ခြေစွမ်းပြကာ ထိုက်ထိုက်တန်တန် အနိုင် ၃ မှတ် ရရှိသွားခဲ့တာလည်း ဖြစ်ပါတယ်။

အဲဗာတန်ကတော့ ပရီးမီးယားလိဂ် ၃ ပွဲဆက် နိုင်ပွဲဆက်မှု ရပ်တန့်ခဲ့ပြီး အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ဆက်လက် ရပ်တည်ခဲ့ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ဆက်လက်ရပ်တည်နေတဲ့ အဲဗာတန်

ချဲလ်ဆီးတို့ အခုပွဲမှာ တိုက်စစ်က တီမိုဗာနာကို အထောင်ထားပြီး ဟက်ဒ်ဆန်အိုဒွိုင်းလ်၊ ကိုင်ဟာဗက်ဇ်တို့နဲ့ ဝန်းရံ ကစားစေခဲ့သလို ကွင်းလယ်မှာ ရိစ်ဂျိမ်းစ်၊ ဂျော်ဂျင်ဟို၊ ကိုဗာချစ်၊ မားကို့စ် အလွန်ဆို၊ နောက်တန်းမှာ အက်ဇ်ပီလီကျူအာတာ၊ ခရစ္စတင်ဆင်၊ ဇူးမား၊ ဂိုးမှာ မန်ဒီတို့နဲ့ ပွဲထွက်လာတာ တွေ့ရပါတယ်။ အဲဗာတန် ဘက်မှာတော့ ထုံးစံအတိုင်း ရစ်ချာလီဆင်၊ ဒေါမနစ် ကလဲဗက်လီဝင်း၊ ဆီဂတ်ဆန်၊ အဲလန်၊ ဂိုမက်စ်၊ ကိန်း၊ ပစ်ခ်ဖို့ဒ် တို့လို အဓိက ကစားသမားတွေနဲ့ ပွဲထွက်လာတာ တွေ့ရပါတယ်။ ချဲလ်ဆီး အတွက် ဦးဆောင်ဂိုးကို ပွဲချိန် ၃၁ မိနစ်မှာ အလွန်ဆိုရဲ့ ပေးပို့မှုကနေ ကိုင်ဟာဗက်ဇ် ပိတ်သွင်းရာမှာ အဲဗာတန်နောက်ခံလူ ဂေါ့ဖရေးနဲ့ထိပြီး ဂိုးဝင်သွားရာကနေ ရရှိခဲ့တာ ဖြစ်ပါတယ်။ ပွဲချိန် ၅၃ မိနစ်မှာတော့ ချဲလ်ဆီးတို့ နောက်ထပ်သွင်းဂိုး တစ်ဂိုး ရရှိခဲ့ပေမယ့် ချဲလ်ဆီး ကွင်းလယ်က ကိုင်ဟာဗက်ဇ် ဘောလုံး ရယူချိန်မှာ လက်ထိခဲ့တာကြောင့် ဂိုးအဖြစ် သတ်မှတ်ပေးခြင်း မခံခဲ့ရပါဘူး။ အဲ့နောက် ပွဲချိန် ၆၅ မိနစ်မှာ ကိုင်ဟာဗက်ဇ်ကြောင့် ရတဲ့ ပင်နယ်တီကို ဂျော်ဂျင်ဟိုက အမှားအယွင်းမရှိ အဆုံးသတ်ပေးခဲ့လို့ ပွဲအပြီး မှာ ချဲလ်ဆီးတို့  ၂-၀ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။
 

 

ပွဲပြီးသုံးသပ်ချက်

ချယ်ဆီးအသင်းကို သောမတ်စ်တူဟယ် စတင်တာဝန်ယူကိုင်တွယ်ချိန်ကနေစပြီး ဥရောပရဲ့ ထိပ်သီးလိဂ် ၅ခုမှာ ချယ်ဆီး ဂိုးသမားမန်ဒီဟာ ၇ကြိမ်ထက် Clean-sheet ပိုမိုရယူထားတဲ့ ဂိုးသမား ဖြစ်လာခဲ့ပါတယ်။ သောမတ်စ်တူချယ်ဟာ ပရီးမီးယားလိဂ် သမိုင်းမှာ ပထမဆုံးကိုင်တွယ်တဲ့ အိမ်ကွင်း၅ပွဲဆက် ဂိုးမပေးရအောင် စွမ်းဆောင်နိုင်တဲ့ ပထမဆုံး နည်းပြ ဖြစ်လာခဲ့ပါတယ်။ အဲဗာတန်အသင်း အနေနဲ့ ပြိုင်ပွဲသမိုင်းမှာ ကိုယ့်ဂိုးကိုယ်သွင်းယူမှု အရေအတွက် ၅၃ ဂိုးအထိရှိလာပြီး ဒါဟာအခြားသော အသင်းတွေထက် ၇ကြိမ် အထိသာလွန်နေတာ ဖြစ်ပါတယ်။ ဂျော်ဂျင်ဟိုအနေနဲ့ ၂၀၀၉-၁၀ ဘောလုံးရာသီက ဖရန့်လမ်းပတ်ရဲ့ တစ်ရာသီအတွင်း ပင်နယ်တီ၁၀ကြိမ် ကန်သွင်းနိုင်မှုပြီးနောက် တစ်ရာသီအတွင်း ပြိုင်ပွဲစုံ ပင်နယ်တီသွင်းဂိုး အများဆုံး ၇ကြိမ် ရှိခဲ့ပါတယ်။ ချဲလ်ဆီးတို့ အခုနိုင်ပွဲကြောင့် ၂၈ ပွဲကစား ရမှတ် ၅၀ နဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၄ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။ အဲဗာတန်ကတော့ ပရီးမီးယားလိဂ် ၃ ပွဲဆက် နိုင်ပွဲဆက်မှု ရပ်တန့်ခဲ့ပြီး အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ဆက်လက် ရပ်တည်ခဲ့ပါတယ်။
 

လာမယ့်ပွဲစဉ်များ

ချဲလ်ဆီးတို့ လာမယ့် မတ်လ ၁၃ ရက်နေ့မှာ လိဒ်စ်ယူနိုက်တက်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ကစားဖို့ ရှိနေပြီး အဲဗာတန် ကတော့ ဘန်လေနဲ့  ကစားဖို့ ရှိနေပါတယ်။

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်