နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

တစ်နှစ်အတွင်း ၆ လုံးမြောက် ဆုဖလားကိုင်မြှောက်နိုင်ခဲ့တဲ့ ဘေယန်မြူးနစ် – ဖီဖာကလပ်ကမ္ဘာ့ဖလား ဖိုင်နယ် ပွဲပြီးသုံးသပ်ချက်

ဘေယန်မြူးနစ်၁ – ၀တိုက်ဂရက်စ်

ယနေ့မနက် အစောပိုင်းမှာတော့ ဥရောပချန်ပီယံလိဂ် ချန်ပီယံ ဘေယန်မြူးနစ်နဲ့ ကွန်ကာကပ်ဖ် ချန်ပီယံလိဂ် ချန်ပီယံ တိုက်ဂရက်စ်တို့ ဖီဖာကလပ်ကမ္ဘာ့ဖလား ဗိုလ်လုပွဲကစားခဲ့ပါတယ်။ ဒီပွဲမှာတော့ ဂျာမန်ထိပ်သီးတို့ မက်ဆီကို ကလပ်ကို သက်တောင့်သက်သာ ကစားပြီး ဒီရာသီ အတွက် ၆ လုံးမြောက် ဆုဖလားကို ကိုင်မြှောက်နိုင်ခဲ့သလို လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကလပ်ဖြစ်တယ်ဆိုတာ သက်သေပြနိုင်ခဲ့ပါတယ်။

 
ဘေယန်မြူးနစ်မှာ အဓိက ကစားသမားတွေ ဖြစ်တဲ့ သောမက်စ်မူလာ အပါအဝင် ဂိုရက်ဇ်ကာ၊ မာတီနက်ဇ် တို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတာကြောင့် ပါဝင်လာခြင်းမရှိပဲ နောက်ခံလူ ဂျရုမ်း ဘိုတန်ကလည်း လူမှုရေး ကိစ္စကြောင့် ဂျာမန်ကို ပြန်သွားရပြီး ပါဝင်ကစားနိုင်ခြင်း မရှိပါဘူး။ ဘိုတန်အနေနဲ့ သူ့ရဲ့ ရည်းစားဟောင်း ဖြစ်သူ ပိုလန်နွယ်ဖွား မော်ဒယ်လန်းဟတ်ဒ် အဆုံးစီရင်ခဲ့တာကြောင့် နေရပ်ပြန်သွားခဲ့တာလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် တိုက်စစ်မှာ လီဝန်ဒေါစကီး ဦးဆောင်ပြီး ကွင်းလယ်မှာ ဂနာဘရီ၊ ဆာနေး၊ ကိုမန်၊ ကင်မစ်ချ်၊ အလာဘာ၊ နောက်တန်းမှာ ပါဗက်၊ နစ်ကလပ်စ် ဆူလီ၊ ဟာနန်ဒက်စ်၊ အဲလ်ဖွန်ဆိုဒေးဗီးစ်၊ နော်အာတို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ တိုက်ဂရက်စ် ဘက်မှာတော့ ဂစ်နက်၊ ဂွန်ဇာလက်စ်တို့ ဦးဆောင်ပြီး ကွီနိုနက်စ်၊ ရီယက်စ်၊ ရိုဒရီဂတ်စ်၊ ဂတ်ဇ်မန်းတို့လို ကစားသမားကောင်းတွေ ပါဝင်လာခဲ့ပါတယ်။ ဘေယန်မြူးနစ်တို့ ဒီနေ့ပွဲမှာ ပွဲစတာနဲ့ တိုက်ဂရက်စ် ဘက်ကို တစ်ဖက်သတ် ဖိအားပေး ကစားနိုင်ခဲ့ပြီး ပွဲအစ ၁၈ မိနစ်မှာတင် ကင်မစ်ချ်ကြောင့် ဂိုးရမလို ဖြစ်ခဲ့ပြီး လီဝန်ဒေါစကီး လူကျွံနေလို့ ဂိုးအဖြစ် သတ်မှတ်ပေးခြင်း မခံခဲ့ရပါဘူး။ ဒါပေမယ့် ဒုတိယပိုင်း မိနစ် ၆၀ လောက်မှာ နောက်ခံလူ ဘင်ဂျမင် ပါဗက်က အနိုင်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ဂိုးရပြီး နောက်ပိုင်းမှာ ဘေယန်မြူးနစ်တို့ ဂနာဘရီအစား တိုလစ်ဆို၊ ဆာနေးအစား မူဆီယာလာ၊ ကိုမန်အစား ဒေါက်ကလပ်စ် ကော်စတာ၊ လီဝန်ဒေါစကီးအစား ချောင်ပိုမော့တင်းတို့ ဝင်လာခဲ့ပြီး ပွဲကို ထိန်းကစားခဲ့လို့ ဘေယန်မြူးနစ်တို့ ၁-၀ ရလဒ်နဲ့ အနိုင်ရပြီး ဖီဖာကလပ်ကမ္ဘာ့ဖလား ချန်ပီယံဆုကို သမိုင်းတစ်လျှောက် ဒုတိယအကြိမ် ကိုင်မြှောက်နိုင်ခဲ့ပါတယ်။

ဘေယန်မြူးနစ်တို့၁-၀ရလဒ်နဲ့အနိုင်ရပြီးဖီဖာကလပ်ကမ္ဘာ့ဖလားချန်ပီယံဆုကိုသမိုင်းတစ်လျှောက်ဒုတိယအကြိမ်ကိုင်မြှောက်နိုင်ခဲ့ပါတယ်။
တစ်နှစ်တည်းဆုဖလား ၆ လုံးကိုင်မြှောက်နိုင်ခဲ့တဲ့ ဘေယန်မြူးနစ်

 

ပွဲပြီးသုံးသပ်ချက်

အခုပွဲရဲ့ ပွဲပြီး အချက်အလက်တွေ ပြန်ကြည့်မယ်ဆိုရင် ဘေယန်မြူးနစ်တို့ တစ်ပွဲလုံး ဂိုးပေါက် ခြိမ်းခြောက်မှု ၁၇ ကြိမ် အထိ ရှိခဲ့ပြီး ဂိုးပေါက်တည့်မှုကတော့ ၈ ကြိမ်အထိ ရှိခဲ့ပါတယ်။တိုက်ဂရက်စ် ကတော့ ဂိုးပေါက်တည့်မှု ၁ ကြိမ်ပဲ ရှိခဲ့ပါတယ်။ အနိုင်ရခဲ့တဲ့ ဘေယန်မြူးနစ်တို့ကတော့ ၂၀၁၃ ခုနှစ်က တစ်ကြိမ် မော်ရိုကိုမှာ ဖီဖာကလပ်ကမ္ဘာ့ဖလား တစ်ကြိမ် ရရှိခဲ့ဖူးပြီး အခုတစ်ကြိမ်နဲ့ဆို ဒုတိယအကြိမ်မြောက် ရရှိခဲ့တာ ဖြစ်ပါတယ်။ နောက်ပြီး ချန်ပီယံလိဂ် ချန်ပီယံ အသင်းတွေ အနေနဲ့ဖီဖာကလပ်ကမ္ဘာ့ဖလားမှာ ၈ နှစ်ဆက် ချန်ပီယံဖြစ်တဲ့ အစဉ်အလာကောင်း တစ်ခုကိုလည်း ဆက်လက် ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဘေယန်မြူးနစ်တို့ ၂၀၀၉ ခုနှစ်က ဘာစီလိုနာ အသင်းလိုပဲ တစ်နှစ်အတွင်း ဖလား ၆ လုံး ကိုင်မြှောက်နိုင်ခဲ့တဲ့ အသင်းတစ်သင်း ဖြစ်လာခဲ့ပါတယ်။
 

လာမယ့်ပွဲစဉ်များ

ဘေယန်မြူးနစ်တို့ လာမယ့်ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ အာမီးနီးယား ဘိုင်လီဖဲလ်နဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဉ် ကစားဖို့ ရှိနေခဲ့ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်