နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လီဝန်ဒေါစကီး သွင်းဂိုး ၅၀၀ ပြည့်ပြီး ရှော်ကီကို ဂိုးပြတ် အနိုင်ရခဲ့တဲ့ ဘေယန်မြူးနစ် – ဘွန်ဒက်လီဂါ ပွဲကြိုသုံးသပ်ချက်

ရှော်ကီ ၀ – ၄ ဘေယန်မြူးနစ်

ယနေ့ည အစောပိုင်းမှာ ကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဉ်မှာတော့ ဘေယန်မြူးနစ်တို့ ရှော်ကီကို အဝေးကွင်းမှာ ၀-၄ ရလဒ်နဲ့ အနိုင်ကစားပြီး အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။ ဘေယန်မြူးနစ်တို့ အခုပွဲမှာတော့  ကွင်းလယ်က ဂျော်ရွှာ ကင်မစ်ချ်ရဲ့ ခြေစွမ်းပြမှုနဲ့အတူ ဒီရာသီမှာ ရလဒ်တွေ တောက်လျောက်ဆိုးရွားပြီး အသင်းလိုက် ကစားပုံ ပျက်စီးနေတဲ့ ရှော်ကီကို ဒုတိယအကျော့မှာလည်း ဂိုးပြတ်အနိုင်ရခဲ့ပြန်တာလည်း ဖြစ်ပါတယ်။

ဒီပွဲမှာတော့ ဘေယန်မြူးနစ်ဘက်မှာ တိုက်စစ်က လီဝန်ဒေါစကီး ဦးဆောင်ပြီး ဆာနေး၊ မူလာ၊ ဂနာဘရီ၊ ကွင်းလယ်မှာ ဂိုရက်ဇ်ကာ၊ ဂျော်ရွှာ ကင်မစ်ချ်၊ နောက်တန်းမှာ အလ်ဖွန်ဆိုဒေးဗီးစ်၊ အလာဘာ၊ ဘိုတန်း၊ ဆူလီ၊ ဂိုးမှာ နူအာနဲ့ ပွဲထွက်လာခဲ့ပါတယ်။ ရှော်ကီ အနေနဲ့ကလည်း အဓိကကစားသမား အစုံအလင်နဲ့ ပွဲထွက်လာခဲ့ပေမယ့် ဘေယန်မြူးနစ်ရဲ့ ပွဲချိန်ပြည့် ဖိအားပေးမှုဒဏ်ကို မခံနိုင်ခဲ့တာကြောင့် ပွဲချိန်ပြည့် ဘယ်လိုမှ ခံကစားနိုင်ခဲ့ခြင်း မရှိတာ တွေ့ရပါတယ်။ အစောပိုင်း ပွဲကစားချိန်တွေမှာ ဘေယန်မြူးနစ်တို့ ဂိုးရဖို့ ရုန်းကန်ခဲ့ရပေမယ့် ပွဲချိန် မိနစ် ၃၀ လောက်ကစပြီး ကွင်းလယ်နဲ့ တိုက်စစ်က အချိတ်အဆက် မိလာခဲ့ပါတယ်။ အဲ့နောက် ၃၃ မိနစ်မှာ ဘေယန်မြူးနစ်တို့ ဦးဆောင်ဂိုး စတင်ရရှိခဲ့ပြီး ကွင်းလယ်က ဂျော်ရွှာကင်မစ်ချ်ရဲ့ ဖန်တီးပေးပို့မှုကနေ သောမက်စ် မူလာက အဆုံးသတ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒုတိယပိုင်း ပွဲစချိန်မှာတော့ ဘေယန်မြူးနစ်တို့ တိုက်စစ်က ပိုမိုထက်မြတ်လာခဲ့ပြီး ၅၄ မိနစ်မှာတော့ ရောဘတ်လီဝန်ဒေါစကီးက ကင်မစ်ချ်ရဲ့ ဖန်တီးပေးမှုကနေပဲ ဒုတိယဂိုး ထပ်မံသွင်းယူခဲ့ပါတယ်။ ပွဲချိန် မိနစ် ၆၀ ကျော်မှာတော့ ဂနာဘရီအစား မူဆီယာလာ၊ ဆာနေးအစားကိုမန်၊ အလ်ဖွန်ဆိုဒေးဗီးစ်အစား လူးကပ်စ်ဟာနန်ဒက်စ်တို့ ဝင်ရောက်လာခဲ့ပြီး ကစားပုံ ပိုသွက်လာခဲ့ပါတယ်။ ပွဲချိန် မိနစ် ၈၀ မှာတော့ လီဝန်ဒေါစကီးအစား ချူပိုမော့တင်း ဝင်ရောက်လာခဲ့ပြီး ၈၈ မိနစ်မှာ သောမက်စ်မူလာ၊ မိနစ် ၉၀ မှာ ဒေးဗစ်အလာဘာတို့က တတိယဂိုးနဲ့ စတုတ္ထဂိုးတို့ကို သွင်းယူပေးခဲ့တာကြောင့် ဘေယန်မြူးနစ်တို့ ပွဲအပြီးမှာ ၀-၄ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။

 

ပွဲပြီးသုံးသပ်ချက်

ရှော်ကီကတော့ အရှုံးသံသရာထဲမှ တဝဲလည်လည် ဖြစ်ကောင်းနေဆဲ ဖြစ်ပြီး လက်ရှိအချိန်ထိ ဘွန်ဒက်စ်လီဂါ ၁၈ ပွဲကစားပြီးချိန်မှာ နိုင်ပွဲ ၁ ပွဲသာရထားပြီး ရှုံးပွဲကတော့ ၁၃ ပွဲအထိ ရှိလာခဲ့ပါတယ်။
လက်ရှိ ဘွန်ဒက်စ်လီဂါမှာ နိုင်ပွဲ ၁ ပွဲသာရရှိထားတဲ့ ရှော်ကီ

ဒီပွဲအပြီးမှာတော့ တိုက်စစ်မှူး ရောဘတ်လီဝန်ဒေါစကီး အနေနဲ့ ကစားသမားဘဝ ဂိုး ၅၀၀ ပြည့်ခဲ့ပြီး ဘောလုံးသမိုင်းတစ်လျှောက် သွင်းဂိုး အများဆုံး ကစားသမား စာရင်းဝင်ဖြစ်လာခဲ့ပါတယ်။ ဘေယန်မြူးနစ်ကတော့ ဘွန်ဒက်စ်လီဂါမှာ အဝေးကွင်း ၂ ပွဲဆက် နိုင်ပွဲပြန်ရခဲ့ပြီး ၁၈ ပွဲကစားပြီးချိန်မှာ ရမှတ် ၄၂ မှတ်နဲ့ အဆင့် ၂ နေရာက အာဘီလိုက်ပ်ဇစ် အသင်းကို ၇ မှတ်ဖြတ်ပြီး အမှတ်ပေးဇယားကို ဆက်လက် ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ကွင်းလယ်က ဂျော်ရွှာ ကင်မစ်ချ်ရဲ့ လုပ်အားနှုန်း တော်တော်လေး ကောင်းခဲ့ပြီး ၃ ဂိုးဖန်တီးပေးခဲ့လို့ ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ ရှော်ကီကတော့ အရှုံးသံသရာထဲမှ တဝဲလည်လည် ဖြစ်ကောင်းနေဆဲ ဖြစ်ပြီး လက်ရှိအချိန်ထိ ဘွန်ဒက်စ်လီဂါ ၁၈ ပွဲကစားပြီးချိန်မှာ နိုင်ပွဲ ၁ ပွဲသာရထားပြီး ရှုံးပွဲကတော့ ၁၃ ပွဲအထိ ရှိလာခဲ့ပါတယ်။ အမှတ်ပေးဇယား အဆင့် ၂၀ နေရာမှာ ရပ်တည်နေပြီး ရမှတ် ၇ မှတ်နဲ့ တန်းဆင်းဇုန် အထက်က အသင်းနဲ့ ၁၀ မှတ်ထိ ကွာဟနေဆဲ ဖြစ်ပါတယ်။

 

လာမယ့်ပွဲစဉ်များ

လာမယ့်ပွဲစဉ် အဖြစ် ရှော်ကီတို့ ဝါဒါဘရီမင်အသင်းရဲ့ အိမ်ကွင်းမှာ သွားရောက်ကစားဖို့ ရှိပြီး ဘေယန်မြူးနစ်ကတော့ ဟော့ဖန်ဟိမ်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်