နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘေယန်မြူးနစ်တို့ ပြတ်ပြတ်သားသား အနိုင်ရလိမ့်မယ် – ဘွန်ဒက်လီဂါ ပွဲကြိုသုံးသပ်ချက်

ရှော်ကီ vs ဘေယန်မြူးနစ်

ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေတဲ့ ဘေယန်မြူးနစ်တို့ လာမယ့် တနဂ်နွေနေ့မှာ အဆင့် ၂၀ နေရာက ရှော်ကီနဲ့ ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။ လက်တလောမှာတော့ တန်းဆင်းဇုန် ဖိအားတွေ ရောက်မှာ ရုန်းကန်နေရတဲ့ ရှော်ကီတို့ ဘေယန်မြူးနစ်လို ချန်ပီယံဘွဲ့ကာကွယ်ဖို့ ကြိုးပမ်းနေတဲ့ အသင်းနဲ့ ထိပ်တိုက်တွေ့ဆုံနေလို့ ပထမအကျော့တုန်းကလို ဂိုးပြတ်အရေးနိမ့်သွားမလားဆိုတဲ့ စိုးရိမ်စရာတော့ ရှိနေပါတယ်။

ရှော်ကီတို့ အခုနှစ် ဘောလုံးရာသီမှာ ရလဒ်ကောင်းဖို့ တော်တော်လေး ရုန်းကန်နေရပြီး ရှုံးပွဲနွံထဲမှာ နစ်လို့ ကောင်းနေဆဲ ဖြစ်နေဆဲ ဖြစ်ပါတယ်။ ဘွန်ဒက်စ်လီဂါ မှာ ၁၇ ပွဲကစားထားပြီး ၁ ပွဲသာ အနိုင်ရထားသလို ၄ ပွဲသရေ၊ ၁၂ ပွဲအထိ ရှုံးနိမ့်ထားလို့ ရမှတ် ၇ မှတ်သာရရှိထားပါတယ်။ တန်းဆင်းဇုန် အထက်က အသင်းနဲ့ ၁၀ မှတ်တိတိ ကွာဟနေပြီး ရာသီကုန်ရင် တန်းဆင်းသွားနိုင်တယ်ဆိုပြီး အားလုံးက ခန့်မှန်းထားခြင်းကို ခံနေရတာလည်း ဖြစ်ပါတယ်။ ကစားသမားဟောင်း ဖြစ်ခဲ့တဲ့ ဟန်တယ်လာအနေနဲ့ ရှော်ကီကို အခြေအနေဆိုးတွေကနေ ကယ်တင်ဖို့ ရောက်ရှိနေလို့ စိတ်ဓာတ်ပိုင်း ဆိုင်ရာ ပြန်တက်လာနိုင်ပေမယ့် အသင်းလိုက် ကစားပုံတော့ ချက်ချင်းကြီး ပြန်ကောင်းလာဖို့ဆိုတာ မလွယ်ပါဘူး။ လက်ရှိ အသင်းမှာ ပက်စီရန်စီရာ၊ လုဒ်ဝစ်ဂ်၊ ဆာနေး၊ ဘန်တယ်လဘ်၊ ဘူဂျယ်လဘ်တို့လို ကစားသမားတွေ ဒဏ်ရာရနေလို့ အားနည်းချက်တွေကတော့ နေရာအသီးသီးမှာ ရှိနေဦးမှာ သေချာပါတယ်။ ရှော်ကီရဲ့ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲရလဒ် ကို ကြည့်မယ်ဆိုရင် ၂ ပွဲနိုင်ပြီး ၃ ပွဲရှုံးထားပါတယ်။

ဘွန်ဒက်စ်လီဂါ မှာ ၁၇ ပွဲကစားထားပြီး ၁ ပွဲသာ အနိုင်ရထားသလို ၄ ပွဲသရေ၊ ၁၂ ပွဲအထိ ရှုံးနိမ့်ထားလို့ ရမှတ် ၇ မှတ်သာရရှိထားပါတယ်။
လက်ရှိ ဘွန်ဒက်စ်လီဂါမှာ နိုင်ပွဲ ၁ ပွဲသာရရှိထားတဲ့ ရှော်ကီ

ဘေယန်မြူးနစ်ကတော့ ဘွန်ဒက်စ်လီဂါ ပွဲစဉ် ၁၅ မှာ မိုချင်ဂလတ်ဘတ်ကို ရှုံးနိမ့်ခဲ့ပြီး ပိုကယ်ဖလား ဒုတိယအဆင့်မှာ ဟောလ်စတိန်းကီရယ်ကို ဆက်ပြီး ရှုံးခဲ့လို့ ပြိုင်ပွဲကနေ စောစောစီးစီး လက်ပြနှုတ်ဆက်ထားခဲ့ရပါတယ်။ ဒါပေမယ့် ဖရိုင်းဘတ်၊ အော့စ်ဘတ်တို့နဲ့ ကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါ ၂ ပွဲဆက် နိုင်ပွဲပြန်ရှာထားနိုင်လို့ လက်တလော အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ဒုတိယနေရာက လိုက်ပ်ဇစ် အသင်းကို အမှတ်ဖြတ်ပြီး ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ လက်ရှိ ဘေယန်မြူးနစ်မှာ အဓိကကစားသမားတွေ အားလုံး ဒဏ်ရာရ/ပွဲပယ် ကင်းရှင်းနေလို့ ပထမအကျော့တုန်းကလို ဂိုးမြူးသွားနိုင်ပါတယ်။ ဘေယန်မြူးနစ်ရဲ့ ဒီရာသီ ဘွန်ဒက်စ်လီဂါ စွမ်းဆောင်ရည်ကို ကြည့်မယ်ဆိုရင်တော့ ၁၇ ပွဲ ကစားရာမှာ ၁၂ ပွဲနိုင်၊ ၃ ပွဲသရေ၊ ၂ ပွဲ ရှုံးနိမ့်ထားပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ရှော်ကီနဲ့ ဘေယန်မြူးနစ်တို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှု ၃၄ ကြိမ်မှာ ဘေယန်မြူးနစ်တို့ ၂၆ ကြိမ် အထိ အနိုင်ရထားပြီး ရှော်ကီကို အပြတ်အသတ် အသာရထားတာတွေ့ရပါတယ်။ ရှော်ကီကတော့ ရှားရှားပါးပါး ၃ ပွဲသာ ပြန်လည် အနိုင်ရထားပြီး သရေပွဲကတော့ ၅ ပွဲရှိထားပါတယ်။ ဒီရာသီအတွက် ပထမအကျော့ တွေ့ဆုံမှုမှာတော့ ဘေယန်မြူးနစ်က ဂနာဘရီ၊ ရော်ဘတ်လီဝန်ဒေါစကီး၊ သောမက်စ်မူလာ၊ ဆာနေး၊ မူဆီယာလာ တို့ရဲ့ သွင်းဂိုးတွေနဲ့ ၈-၀ ရလဒ်နဲ့ အနိုင်ရထားပါတယ်။

 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
‌ရှော်ကေး vs ဘိုင်ယန်မြူးနစ် 1X2 ဘိုင်ယန်မြူးနစ် @ 1.17
ဇန်နဝါရီ ၂၄ ရက်, ည ၉:၀၀ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက်   ၁၆.၀၀ ဆ၊ သရေအတွက် ၈.၅၀ ဆနဲ့ ဧည့်သည် အသင်း အတွက် ၁.၁၄ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ လက်ရှိအဆင့် ရပ်တည်မှုအရရော ခြေစွမ်းပိုင်းအရပါ ရှော်ကီတို့ အိမ်ကွင်းမှာ ကစားရပေမယ့် ဧည့်သည်အသင်းကို ဘယ်လိုမှ ယှဉ်ကစားဖို့ မဖြစ်နိုင်ပါဘူး။ ဘေယန်မြူးနစ်တို့ အနိုင်သေချာပါတယ်။ ခန့်မှန်းရလဒ် ၀-၃ နဲ့ ဘေယန်မြူးနစ်တို့ အနိုင်ရသွားပါလိမ့်မယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်