နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အစဉ်အလာအရ ဂျူဗင်တပ်စ်ကို ဘိုလော့ဂ်နာတို့ မယှဉ်နိုင်ခဲ့ဘူး – စီးရီးအေ ပွဲကြိုသုံးသပ်ချက်

ဂျူဗင်တပ်စ် vs ဘိုလော့ဂ်နာ

လာမယ့် ဇန်နဝါရီလ ၂၄ ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီမှာ ဂျူဗင်တပ်စ်နဲ့ ဘိုလော့ဂ်နာတို့ရဲ့ စီးရီးအေ ပွဲစဉ် ၁၉ ကစားဖို့ရှိနေပါတယ်။ လက်တလော အီတလီစူပါဖလားကို ပူပူနွေးနွေး ရရှိထားတဲ့ ဂျူဗင်တပ်စ်တို့ ဘိုလော့ဂ်နာကို လက်ရှိခြေစွမ်းအရရော အစဉ်အလာအရပါ အသာရခဲ့လို့ အခုပွဲမှာရော အနိုင်ရရှိအောင် စွမ်းဆောင်နိုင်မလားဆိုတာ စောင့်ကြည့်ရပါမယ်။

ဂျူဗင်တပ်စ်တို့ နောက်ဆုံးကစားခဲ့တဲ့ စီးရီးအေ ပွဲစဉ်မှာ အင်တာမီလန် အသင်းကို ၂ ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ပေမယ့် အီတလီစူပါဖလား ပွဲစဉ်မှာတော့ ၂-၀ ရလဒ်နဲ့ နာပိုလီကို ပြန်လည် အနိုင်ရပြီး ဒီရာသီအတွက် ပထမဦးဆုံး ဆုဖလားကို ရရှိထားခဲ့ပါတယ်။ ဘောလုံးသမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံး သွင်းယူနိုင်သူ ဖြစ်လာတဲ့ ခရစ္စတီယာနို ရော်နယ်ဒို အနေနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ အမြင့်ဆုံးမှာ ရှိနေခဲ့ပြီး သူ့ရဲ့ ဦးဆောင်မှုနောက်မှာ လူငယ်ကစားသမားတွေရဲ့ ခြေစွမ်းပြနေပါတယ်။ လက်တလော ထိပ်ဆုံးက ဦးဆောင်နေတဲ့ အေစီမီလန်ထက် တစ်ပွဲလျော့ကစားပြီး ၁၀ မှတ် မှတ်အကွာ စီးရီးအေ အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည်နေခဲ့တာကြောင့် ၃ မှတ်အပြည့် ရနိုင်မယ့် ပွဲတွေမှာ ဂျူဗင်တပ်စ်တို့ ဘယ်လိုမှတော့ အမှားခံမယ် မထင်ပါဘူး။ ဂျူဗင်တပ်စ်တို့ရဲ့ ဒီရာသီ အိမ်ကွင်းစွမ်းဆောင်ရည်ကို ကြည့်မယ်ဆိုရင်တော့ ၈ ပွဲကစားရာမှာ ၅ ပွဲနိုင်၊ ၂ ပွဲသရေကျပြီး ၁ ပွဲရှုံးထားပါတယ်။ လက်ရှိမှာတော့ ဖရာဘော့တာ၊ အဲလက်စ်ဆန်ဒရို၊ ဒီလစ်ဂျ်၊ ဒီဘားလားတို့ ဒဏ်ရာရရှိနေလို့ ပါဝင်လာနိုင်ဖို့ မသေချာပါဘူး။

ဘိုလော့ဂ်နာတို့ စီးရီးအေ မှာ ၈ ပွဲဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးခဲ့ပြီး နောက်ဆုံးကစားခဲ့တဲ့ ဟဲလက်စ်ဗီရိုနာနဲ့ ပွဲစဉ်မှာတော့ နိုင်ပွဲ ပြန်လည် ရှာတွေ့ခဲ့ပါတယ်။ တစ်ချက်ရှိတာက ဘိုလော့ဂ်နာတို့ နိုင်ပွဲပျောက်ဆုံးခဲ့တယ်ဆိုပေမယ့် ရှုံးပွဲ ၃ ပွဲသာ ရှိခဲ့ပြီး ပွဲစဉ် ၁၂ ကစလို့ ၁၆ အထိ ၅ ပွဲဆက်တိုက် သရေထားခဲ့တာ တွေ့ရပါတယ်။ လက်ရှိ စီးရီးအေ မှာ ၁၈ ပွဲကစား ၅ ပွဲနိုင်၊ ၅ ပွဲသရေ၊ ၈ ပွဲအထိ ရှုံးနိမ့်ထားတာကြောင့် အမှတ်ပေးဇယား အဆင့် ၁၃ နေရာမှာ ရပ်တည်နေပါတယ်။ အဝေးကွင်းစွမ်းဆောင်ရည်ကတော့ ၉ ပွဲကစားရာမှာ ၁ ပွဲသာ အနိုင်ရပြီး၊ ၃ ပွဲသရေ၊ ၅ ပွဲအထိ ရှုံးနိမ့်ထားလို့ အခုပွဲမှာ ဂျူဗင်တပ်စ်လို အသင်းကို ယှဉ်ကစားနိုင်ဖို့ မရှိပါဘူး။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ထိပ်တိုက်တွေ့ဆုံခဲ့မှု ၃၈ ကြိမ်မှာ ဂျူဗင်တပ်စ်က ၂၉ ကြိမ် အထိ အနိုင်ရပြီး အပြတ်အသတ် အသာရခဲ့တာ တွေ့ရပါတယ်။ ၁၀ စုနှစ် တစ်ခုအတွင်း ပြိုင်ပွဲစုံ အရပ်ရပ် ထိပ်တိုက်တွေ့ဆုံမှု ၂၁ ကြိမ်မှာတော့ ဂျူဗင်တပ်စ်က ၁၅ ကြိမ် အနိုင်ရကာ ၄ ပွဲသရေကျပြီး ၁ ပွဲသာ ရှုံးနိမ့်ထားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရာသီက တွေ့ဆုံမှု ၂ ကြိမ်မှာလည်း ဂျူဗင်တပ်စ်ကပဲ ၂ ကျော့စလုံးမှာ အနိုင်ရထားပါတယ်။

 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ဂျူဗင်တပ်စ် vs ဘိုလော့နာ 1X2 ဂျူဗင်တပ်စ် @ 1.39
ဇန်နဝါရီလ ၂၄ ရက်, ည ၆:၀၀ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၁.၃၆ ဆ နဲ့ ဧည့်သည်အသင်းအတွက် ၅.၂၅ ဆ ကြေးဖွင့် ပြီး သရေအတွက် ၇.၅၀ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ လက်ရှိ ခြေစွမ်းအရရော၊ အစဉ်အလာအရပါ ဘိုလော့ဂ်နာသည် ဂျူဗင်တပ်စ်တို့ရဲ့ ပြိုင်ဘက် လုံးဝမဟုတ်ပါဘူး။ ပေါက်ကြေးအရ ဂျူဗင်တပ်စ်ဘက်က အဆပေါင်းများစွာ အကျောပေးထားလို့ အရနည်းပေမယ့် ဆတင်ထိုးကြပါ။ ဂျူဗင်တပ်စ် အနိုင်သေချာပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်