နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အိမ်ကွင်း ၆၈ ပွဲဆက် ရှုံးပွဲမရှိစံချိန် ကျိုးပျက်ခဲ့ပြီး ချန်ပီယံဘွဲ့ကိုပါ ကာကွယ်ဖို့ ခက်ခဲလာတဲ့ လစ်ဗာပူးလ် – ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်

လစ်ဗာပူးလ် ၀ – ၁ ဘန်လေ

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၈ ရဲ့ လက်ကျန်ပွဲတစ်ပွဲမှာတော့ လစ်ဗာပူးလ်တို့ အိမ်ကွင်း အန်ဖီးလ်မှာ ၁ ဂိုးဂိုးမရှိ ရလဒ်နဲ့ ဘန်လေကို ရှုံးနိမ့်သွားပါတယ်။ အက်ရှ်လေဘန်းစ်ရဲ့ ပင်နယ်တီသွင်းဂိုး ၁ ဂိုးတည်းနဲ့ ဘန်လေကို ရှုံးနိမ့်ခဲ့ရတဲ့ လစ်ဗာပူးလ်တို့ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၅ ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့ပြီး အိမ်ကွင်း ၆၈ ပွဲဆက် ရှုံးပွဲမရှိတဲ့ စံချိန်လည်းကျိုးပျက်ခဲ့ရပါတယ်။
 

 
လစ်ဗာပူးလ် နည်းပြ ဂျာဂျင်ကလော့ပ်အနေနဲ့ ပွဲကြပ်ကာလ ဖြတ်သန်းရမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အခုပွဲမှာတော့ မာနေးတစ်ဦးတည်းကို ပွဲထွက်ကစားခိုင်း အိုရီဂီ၊ ချိန်ဘာလိန်တို့နဲ့ တွဲဖက်စေခဲ့ပါတယ်။ ကွင်းလယ်မှာတော့ အလ်ကန်တာရာ တောင်ပံနှစ်ဖက်မှာ ပြီးခဲ့တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ပွဲတုန်းက ခြေစွမ်းပြခဲ့တဲ့ ရှကီရီ၊ ဝိုင်ဂျ်နယ်ဒမ်၊ နောက်တန်းမှာ ထရန့်အာနိုးလ်၊ ရော်ဘတ်ဆန်၊ ဗဟိုခံစစ်မှာ မက်တစ်ပ်နဲ့ ဖာဘင်ဟိုတို့ကို ပွဲထွက်ကစားခိုင်းခဲ့ပါတယ်။ လစ်ဗာပူးလ်တို့ ပြီးခဲ့တဲ့ ပွဲစဉ်တွေတုန်းက ရလဒ်တွေ ဆိုးရွားခဲ့လို့ အိမ်ကွင်း အန်ဖီးလ်မှာ ရလဒ်ကောင်းတစ်ခု ရှာဖွေဖို့အတွက် ကစားသမား အပြောင်းအလဲတချို့ ပြုလုပ်ခဲ့ပေမယ့် မှန်းချက်နဲ့ နှမ်းချက် မကိုက်ခဲ့ဘူလို့ပဲ ဆိုရမှာပါ။ တိုက်စစ်မှူး အိုရီဂီ အနေနဲ့လည်း နည်းပြ ကလော့ပ်ပေးခဲ့တဲ့ အခွင့်အရေးကို အသုံးမချနိုင်ခဲ့ပြန်ပါဘူး။ ပထမပိုင်းပြီးခါနီးမှာ ဘန်လေနောက်တန်းက ဘန်မီး နောက်ပြန်ပေးရာကနေ အသင့်စောင့်နေတဲ့ အိုရီဂီက လွတ်လွတ်ကျွတ်ကျွတ် ဆွဲပြေးပြီး ဂိုးသမား နစ်ခ်ပုပ်နဲ့ တစ်ဦးချင်း ရင်ဆိုင်အတွေ့မှာ ဂိုးဘာတန်းထိအောင် ကန်ခဲ့လို့ လစ်ဗာပူးလ်တို့ အတွက် အခုပွဲရဲ့ အကြီးမားဆုံး နစ်နာစရာ တစ်ခုဖြစ်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း နည်းပြကလော့ပ်ဟာ ဆာလာ၊ ဖေမီနိုတို့ကို ဝင်ရောက်ကစားစေခဲ့ပြီး ဂိုးရဖို့အတွက် ကြိုးပမ်းခဲ့ပေမယ့် ဘန်လေဂိုးသမား နစ်ခ်ပုပ်ရဲ့ ကာကွယ်မှုတွေနဲ့ နောက်ခံလူတွေရဲ့ တားဆီးမှုတွေကြောင့် လစ်ဗာပူးလ် တို့ ဂိုးပေါက်ပျောက်ဆုံးခဲ့ရပါတယ်။ ပွဲချိန် ၈၃ မိနစ်မှာတော့ ဧည့်သည်တို့ အကောင်းဆုံး အခွင့်အရေးရရှိခဲ့ပြီး အယ်လီဆွန် ကြောင့်ရတဲ့ ပင်နယ်တီ ပြစ်ဒဏ်ဘောကို အက်ရှ်လေဘန်းက ကန်သွင်းယူသွားခဲ့လို့ ပွဲအပြီးမှာ ဘန်လေတို့ ၀-၁ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။

လစ်ဗာပူးလ်တို့ အခုပွဲအပြီးမှာ အမှတ်ပေးဇယား ထိပ်ဆုံးက မန်ချက်စတာယူနိုက်တက်နဲ့ ၆ မှတ်အထိ ကွာဟပြီး ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့ကို ကာကွယ်ဖို့တောင် အခက်အခဲရှိလာခဲ့ပါပြီ။

ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၄ နေရာမှာ ရပ်တည်နေဆဲ လစ်ဗာပူးလ်

 

ပွဲပြီးသုံးသပ်ချက်

ဒီပွဲမှာတော့ လစ်ဗာပူးလ်တို့ ဘန်လေဘက်ကို ဂိုးပေါက် ခြိမ်းခြောက်မှု ၂၇ ကြိမ်အထိ ရှိခဲ့ပြီး ဂိုးပေါက်တည့်မှုကတော့ ၆ ကြိမ်ပဲ ရှိခဲ့ပါတယ်။ ဒါဟာ အသင်းကြီးတစ်သင်းအနေနဲ့ ဆိုးရွားတဲ့ အခြေအနေ တစ်ခုလို့ လက်ခံလို့ရပြီး ဆာလာ၊ မာနေး၊ ဖေမီနိုတို့ စွမ်းဆောင်ရည် ကျဆင်းနေချိန်မှာ အရန်ကစားသမားတွေ ဖြစ်တဲ့ အိုရီဂီ၊ ရှကီရီတို့ကလည်း အကောင်းဆုံး ပုံစံကို ပြသနိုင်ခြင်းမရှိခဲ့ပါဘူး။ အိုရီဂီကလည်း အသင်းရုန်းကန်နေရချိန်မှာ သူကိုယ်တိုင်လည်း ရုန်းကန်နေရလို့ ကလော့ပ်ရဲ့ နောက်တစ်ကြိမ် မျက်နှာသာပေးခံရဖို့ ရာခိုင်နှုန်း နည်းသွားခဲ့ပါတယ်။ ဘန်လေ နောက်ခံလူတွေနဲ့ နစ်ခ်ပုပ်ကတော့ လေးစားစရာကောင်းတဲ့ ခြေစွမ်းကို ပြသသွားနိုင်ခဲ့ပြီး နစ်ခ်ပုပ်ဆိုရင် တစ်ပွဲလုံး ဂိုးပေါက်ကာကွယ်မှု ၆ ကြိမ်အထိ ရှိခဲ့တာတွေ့ရပါတယ်။ လစ်ဗာပူးလ်တို့ အခုပွဲအပြီးမှာ အမှတ်ပေးဇယား ထိပ်ဆုံးက မန်ချက်စတာယူနိုက်တက်နဲ့ ၆ မှတ်အထိ ကွာဟပြီး ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့ကို ကာကွယ်ဖို့တောင် အခက်အခဲရှိလာခဲ့ပါပြီ။ ဘန်လေကတော့ ပရီးမီးယားလိဂ်မှာ နိုင်ပွဲ ၅ ပွဲအထိ ရှိလာခဲ့ပြီး ရမှတ် ၁၉ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၁၆ နေရာကို ရောက်ရှိလာခဲ့ပြီဖြစ်သလို တန်းဆင်းဇုန်ကနေ အန္တရာယ်ကနေ လွတ်မြောက်ဖို့ အခြေအနေကောင်းသွားခဲ့ပါတယ်။
 

လာမယ့်ပွဲစဉ်များ

လာမယ့် ဇန်နဝါရီလ ၂၄ ရက်နေ့မှာတော့ လစ်ဗာပူးလ်တို့ မန်ချက်စတာယူနိုက်တက်နဲ့ အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲစဉ် ကစားဖို့ ရှိနေပြီး ဘန်လေကတော့ ဖူလ်ဟမ်နဲ့ ကစားဖို့ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ်, တွစ်တာ, အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်