လက်စတာစီးတီး vs ဆောက်သမ်တန်
အခုတစ်ပတ် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ပွဲစဉ်တွေထဲက တစ်ပွဲ ဖြစ်ပြီး ခြေတက်နေတဲ့ လက်စတာစီးတီးနဲ့ ဆောက်သမ်တန်တို့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ လက်ရှိ အမှတ်ပေးဇယား အဆင့် ၄ နေရာမှာ ရပ်တည်နေတဲ့ လက်စတာစီးတီးတို့ ကစားသမားကောင်းတွေ များစွာရှိနေတဲ့ ဆောက်သမ်တန်နဲ့ ကစားရမှာ ဖြစ်လို့ လွယ်ကူတဲ့ ပွဲစဉ် တစ်ပွဲ ဖြစ်လာမှာတော့ မဟုတ်ပါဘူး။
လက်စတာစီးတီးတို့ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ ၉ ပွဲမှာ ရှုံးပွဲ ၁ ပွဲပဲ ရှိထားပြီး ၆ ပွဲအနိုင်ရပြီး ၂ ပွဲသရေကျထားပါတယ်။ နယူးကာဆယ်နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၇ မှာ ၁-၂ နဲ့ အနိုင်ရပြီး နှစ်ပွဲဆက် သရေကျခဲ့တာကို အဆုံးသတ်ထားနိုင်ခဲ့ပါတယ်။ လက်ရှိမှာ အသင်းလိုက် ကစားပုံ ကောင်းနေပြီး ကစားသမားတွေလည်း ယုံကြည်မှု အပြည့်ရှိနေသလို ရလဒ်တွေ ကောင်းနေခဲ့တာကြောင့် အမှတ်ပေးဇယား အဆင့် ၄ နေရာမှာ ရပ်တည်နေခဲ့တာ ဖြစ်ပါတယ်။ ဂျိမ်းစ်မက်ဒီဆင်၊ တိုင်လီမန့်စ်၊ ဗာဒီတို့ ခြေစွမ်းပြနေပြီး ဂိုးတွေ ဖန်တီးပေးနေ သလို သွင်းဂိုးတွေလည်း ရယူပေးနေပါတယ်။ လက်စတာတို့ လက်ရှိ ပရီးမီးယားလိဂ် မှာ ၁၇ ပွဲကစားပြီး ၁၀ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၅ ပွဲရှုံးနိမ့်ထားပါတယ်။ တစ်ချက်ရှိတာက လက်စတာစီးတီးတို့ အဝေးကွင်း ရလဒ်တွေ ကောင်းနေသလောက် အိမ်ကွင်းစွမ်းဆောင်ရည်ပိုင်းမှာတော့ အားရစရာ သိပ်မရှိပဲ ၈ ပွဲကစားရာမှာ ၃ ပွဲအနိုင်ရပြီး ၁ ပွဲသရေကျကာ ၄ ပွဲရှုံးထားပါတယ်။
ဆောက်သမ်တန်တို့ကတော့ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ လက်ရှိ ချန်ပီယံ လစ်ဗာပူးလ်ကို အနိုင်ရထားပြီး ၄ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးနေမှုကို ရပ်တန့်နိုင်ခဲ့ပါတယ်။ ဆောက်သမ်တန်တို့ ပရီးမီးယားလိဂ် မှာ ၁၇ ပွဲကစားရာမှာ ၈ ပွဲနိုင်၊ ၅ ပွဲသရေ၊ ၄ ပွဲရှုံးနိမ့်ထားပြီး ရမှတ် ၂၉ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၇ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။ ဆောက်သမ်တန်ရဲ့ ဒီရာသီ အဝေးကွင်း စွမ်းဆောင်ရည်ကို ကြည့်မယ်ဆိုရင် ၈ ပွဲကစားရာမှာ ၃ ပွဲနိုင် ၄ ပွဲသရေကျပြီး ၁ ပွဲသာ ရှုံးနိမ့်ထားလို့ မဆိုဘူးလို့ ပြောလို့ရပါတယ်။ ဒါပေမယ့် ဒန်နီအင့်ဂ်၊ ဗက်စတာဂတ်၊ ဒီဂျန်ပို၊ ရက်ဒ်မွန်၊ အိုဘာဖီမီတို့ ဒဏ်ရာပြသနာတွေကြောင့် ပါဝင်လာနိုင်ဖွယ်မရှိလို့ အဝေးကွင်းပွဲစဉ်မှာ ရုန်းကန်ရဖို့ ရှိနေပါတယ်။
ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း
လက်စတာစီးတီးနဲ့ ဆောက်သမ်တန်တို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှု ၉၁ ကြိမ်မှာ ဆောက်သမ်တန်က ၃၄ ကြိမ်အထိ အနိုင်ရပြီး လက်စတာစီးတီးကတော့ ၂၉ ကြိမ်အထိ အနိုင်ရထားပါတယ်။ သရေပွဲကတော့ ၂၈ ပွဲအထိ ရှိထားပါတယ်။ ပြီးခဲ့တဲ့ ရာသီက ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ ပထမအကျော့ပွဲစဉ်မှာ လက်စတာစီးတီးက စိန့်မေရီကွင်းမှာ ၉ ဂိုးပြတ်နဲ့ အကြီးအကျယ် နိုင်ပွဲရခဲ့ပြီး ကင်းပါဝါမှာတော့ ဆောင်သမ်တန်က ၁-၂ နဲ့ ပြန်လည် အနိုင်ရခဲ့ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်များ
လက်စတာ စီးတီး vs ဆောက်သမ်တမ် | 1X2 လက်စတာ စီးတီ @ 1.80 | |
ဇန်နဝါရီလ ၁၇ ရက်, ည ၂:၃၀ နာရီ (GMT + ၆:၃၀) |
1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၁.၈၀ ဆ နဲ့ ဧည့်သည်အသင်းအတွက် ၄.၅၀ဆ ကြေးဖွင့် ပြီး သရေအတွက် ၃.၇၅ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ ထိပ်တိုက်တွေ့ဆုံမှုတွေမှာ ဆောက်သမ်တန်တို့ ပိုပြီး အသာရခဲ့ပေမယ့် လက်ရှိ ခြေစွမ်းအရတော့ လက်စတာစီးတီးကို ယှဉ်ဖို့ခက်ပါလိမ့်မယ်။ အပြန်အလှန်သွင်းဂိုးတွေနဲ့ လက်စတာတို့ ကပ်နိုင်သွားဖို့များပါတယ်။ ခန့်မှန်းရလဒ်ကတော့ ၂-၁ ပါ။
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.