ခရစ္စတယ်ပဲလေ့စ် ၀ – ၇ လစ်ဗာပူးလ်
မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာတော့ လစ်ဗာပူးလ်က အဝေးကွင်းမှာ ခရစ္စတယ် ပဲလေ့စ်ကို ၇ ဂိုးပြတ်နဲ့ အနိုင်ယူပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁ နေရာမှာ ဆက်လက် ရပ်တည်သွားခဲ့ပါတယ်။ ဒီပွဲမှာတော့ လစ်ဗာပူးလ် တိုက်စစ်က ခြေစွမ်းပြပြီး မိုဟာမက်ဆာလာ၊ မာနေး၊ ဖေမီနို၊ မီနာမီနို၊ ကွင်းလယ်က ဟန်ဒါဆင်တို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
လစ်ဗာပူးလ်တို့ နောက်ပိုင်း ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာဆိုရင် အတွဲအဖက် ပြန်မိနေတဲ့ မိုဟာမက်ဆာလာ၊ ဆာဒီယိုမာနေး၊ ရောဘတ်တို ဖေမီနို တိုက်စစ် ၃ ယောက်တွဲကို အသုံးပြုပြီး အိမ်ရှင် ခရစ္စတယ်ပဲလေ့စ်ကို ရင်ဆိုင်လာ ခဲ့ပါတယ်။ ခရစ္စတယ်ပဲလ့စ်ကလည်း တိုက်စစ်မှာ ဝေလ်ဖရိုင်းဇာဟာ၊ ဂျော်ဒန်အေရူး၊ ကွင်းလယ်မှာ မီလိုဗိုဂျီဗစ်၊ မက်အာသာ၊ ကလိုင်း၊ ကာဟေးလ်၊ ဗန်အန်းဟော့တ်တို့လို ကစားသမားကောင်းတွေနဲ့ လစ်ဗာပူးလ်ကို ရင်ဆိုင်ခဲ့ပါတယ်။ ဒါပေမယ့် အိမ်ရှင်တို့ လစ်ဗာပူးလ် ကွင်းလယ်နဲ့ တိုက်စစ် ရဲ့ အတွဲအဖက်မိမှုနဲ့ ထိုးဖောက်မှုတွေကို ပွဲစချိန်ကတည်း တောင့်မခံနိုင်ခဲ့ပဲ ပွဲချိန် ၃ မိနစ်မှာတင် မီနာမီနိုက အဖွင့်ဂိုးသွင်းယူပေးခဲ့ပါတယ်။ အဲ့နောက် ပွဲချိန် ၃၅ မိနစ်မှာ ဆာဒီယိုမာနေးက ဖေမီနိုရဲ့ ပေးပို့မှုကနေ တစ်ဆင့် ဒုတိယဂိုးသွင်းယူပေးခဲ့ပါတယ်။ ပထမပိုင်းပွဲပြီးခါနီးမှာ ရော်ဘတ်တို ဖေမီနိုကိုယ်တိုင် ရောဘတ်ဆန်ရဲ့ ဖန်တီးပေးပို့မှုကို အဆုံးသတ်ပြီး တတိယဂိုးသွင်းပေးခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း လစ်ဗာပူးလ် တိုက်စစ်ရဲ့ ခြေစွမ်းထက်မြတ်မှုကို ဆက်လက် မြင်တွေ့ခဲ့ရပြီး ပွဲချိန် ၆၈ မိနစ်မှာ ဆာလာရဲ့ ပေးပို့မှု ကတစ်ဆင့် ဖေမီနိုက ပဥ္စမဂိုး၊ ပွဲချိန် ၈၁ မိနစ်မှာ ဂျိုဝဲလ် မက်တစ်ပ်ရဲ့ ပေးပို့မှုက တစ်ဆင့် ဆာလာက ဆဌမမြောက်ဂိုးနဲ့ ပွဲချိန် ၈၄ မိနစ်မှာ ချိန်ဘာလိန်ရဲ့ ဖန်တီးမှုကတစ်ဆင့် ဆာလာက သတ္တမမြောက် သွင်းဂိုးသွင်းယူခဲ့လို့ လစ်ဗာပူးလ်တို့ ပွဲအပြီးမှာ ၇ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။
ပွဲပြီးသုံးသပ်ချက်
လစ်ဗာပူးလ်တို့အတွက် အခုပွဲစဉ် ရလဒ်ကတော့ နောက်ထပ် အားရကျေနပ်စရာကောင်းတဲ့ ရလဒ်တစ်ခုဖြစ်ပြီး လူငယ်တိုက်စစ်မှူးလေး ဒီယိုဂိုဂျော့တာ ဒဏ်ရာရစဉ်မှာ ဆာလာ၊ မာနေး၊ ဖေမီနိုတို့ရဲ့ အကောင်းဆုံးပုံစံကို ပြန်လည် မြင်တွေ့ခဲ့ရတာကလည်း နည်းပြ ဂျာဂင်ကလော့ပ်အတွက် စိတ်အေးစရာပါ။ လစ်ဗာပူးလ် ဒီနေ့ပွဲမှာ တစ်သင်းလုံး စွမ်းဆောင်ရည်ကောင်းမွန်ခဲ့ပြီး ကွင်းလယ်က ဝိုင်ဂျ်နယ်ဒမ်ကလွဲလို့ ကျန်တဲ့ ကစားသမားတွေ အားလုံးနီးပါး ခြေစွမ်းပြခဲ့ ကြပါတယ်။ ခံစစ်က ဗန်ဒိုက်ချ် ဒဏ်ရာကြောင့် မကစားနိုင်သေးပေမယ့် ဖာဘင်ဟို၊ မက်တစ်ပ် အတွဲရဲ့ လုံခြုံစိတ်ချရမှုကို မြင်တွေ့နေရပြီး စီနီယာကစားသမား ဟန်ဒါဆန်နဲ့ နာဘီကိုင်တာ တို့ရဲ့ ကွင်းလယ် ဟန်ချက်ညီမှုကလည်း အားရစရာ ကောင်းခဲ့ပါတယ်။ ရွိုင်းဟော့ဆန်ရဲ့ ခရစ္စတယ်ပဲလေ့စ်ကတော့ ကစားသမားကောင်းတွေ ပါဝင်ခဲ့ပေမယ့် နည်းပြ ကလော့ပ်ရဲ့ နည်းစနစ်ပိုင်း ကျွမ်းကျင်မှုကို မယှဉ်နိုင်ခဲ့ပါဘူး။ လစ်ဗာပူးလ်တို့ရဲ့ အခုနိုင်ပွဲဟာ ၁၉၉၁ ခုနှစ်မှာ ဒါဘီ ကောင်တီကို ၇ ဂိုးပြတ်နဲ့ အနိုင်ရပြီး နောက်ပိုင်း ပထမဦးဆုံးအကြိမ် ဂိုးအပြတ်ဆုံး အဝေးကွင်းနိုင်ပွဲ ပြန်လည်ရရှိခဲ့တာ ဖြစ်ပါတယ်။ နောက်ပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယား ဒုတိယနေရာက အသင်းကို ၅ မှတ်ဖြတ် ဦးဆောင်နိုင်ခဲ့ပြီး အမှတ်ပေးချန်ပီယံဘွဲ့ကို ဆက်လက်ကာကွယ်နိုင်ဖို့ အခြေအနေ ကောင်းလာခဲ့ပါတယ်။
လာမယ့်ပွဲစဉ်များ
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.