နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဂူဒီဆင်ပါ့ခ်မှာ အဲဗာတန်ကို အလဲထိုးဖို့ အာဆင်နယ်တို့မှာ အားမရှိသေးပါဘူး – ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်

အဲဗာတန် vs အာဆင်နယ်

အခုတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ် တွေထဲက အဲဗာတန်နဲ့ အာဆင်နယ် တို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုကတော့ SBOTOP ပရိသတ်တွေအတွက် စိတ်ဝင်စား အကောင်းဆုံး ပွဲတစ်ပွဲ ဖြစ်လာဖို့ရှိနေပါတယ်။ အစဉ်အလာအရ အဲဗာတန်နဲ့ တွေ့ဆုံချိန်တိုင်း အမြဲတမ်းနီးပါး အသာရခဲ့တဲ့ အာဆင်နယ်တို့ လက်ရှိမှာ ခြေစွမ်းယိမ်းယိုင်နေလို့ အဲဗာတန်ကို သဘောကျတဲ့သူ ပိုများနေပြီး တော်ဖီတို့ အမှန်တကယ်ပဲ ဂန်းနားတွေကို အနိုင်ရသွားမလားဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

 
အဲဗာတန်တို့ အခုနှစ် ပရီးမီးယားလိဂ်ရာသီအစမှာ ခြေစွမ်းတော်တော်လေး ကောင်းခဲ့ပါတယ်။ အဲ့နောက် ခြေပြန်ကျသွားပြီး လက်ရှိမှာတော့ ရစ်ချာလီဆင်၊ ကလဲဗက်လီဝင်းတို့ ခြေစွမ်းပြမှုနဲ့ အတူ ရလဒ်ကောင်းတွေ ပြန်ရနေပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ် ၂ ပွဲမှာ အသင်းကြီး ၂ သင်း ဖြစ်တဲ့ ချဲလ်ဆီးနဲ့ လက်စတာစီးတီးတို့ကို အနိုင်ရထားလို့ အဲဗာတန်တို့ စိတ်ဓာတ်က အမြင့်ဆုံးမှာ ရှိနေပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ် ၅ ပွဲမှာ ၃ ပွဲနိုင်ပြီး ၁ ပွဲသရေ၊ ၁ ပွဲရှုံးထားတဲ့ အဲဗာတန်တို့ ရလဒ်ပိုင်းအရတော့ မဆိုးဘူးလို့ ပြောလို့ရပါတယ်။ အိမ်ကွင်းစွမ်းဆောင်ရည်အပိုင်း မှာတော့ ၆ ပွဲကစား ၃ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၂ ပွဲရှုံးပြီး ရမှတ် ၁၀ မှတ်အထိ စုဆောင်းထားနိုင်ပါတယ်။ အဲဗာတန်တို့ နောက်ဆုံး ၅ ပွဲမှာ တိုက်စစ်က သွင်းဂိုး ၁.၃ ဂိုးနှုန်း ရရှိထားပြီး ခံစစ်ကတော့ ၁.၂ဂိုး နှုန်း ပြန်ပေးထားရပါတယ်။ အခုပွဲမှာ အဲဗာတန် တိုက်စစ်မှူး ဒေါမနစ်ကလဲဗက်လီဝင်းကို စောင့်ကြည့်သွားရဖို့ ရှိနေပြီး ကလဲဗက်လီဝင်း အနေနဲ့ ၁၃ ပွဲကစားပေးထားရာ မှာ ၁၁ ဂိုးအထိ သွင်းယူပေးထားခဲ့ပါတယ်။

လက်ရှိမှာပရီးမီးယားလိဂ်မှာ၆ပွဲဆက်နိုင်ပွဲပျောက်ဆုံးနေဆဲဖြစ်ပြီးနည်းပြမီခယ်အာတေးတားလည်းဖိအားတွေအောက်ကနေရုန်းမထွက်နိုင်သေးတာတွေ့ရပါတယ်။
နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၆ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့ အာဆင်နယ်

အာဆင်နယ်ရဲ့ လက်ရှိခြေစွမ်းကတော့ သုံးသပ်ရတာ တော်တော်လေး ခက်ခဲပါတယ်။ လက်ရှိမှာ ပရီးမီးယားလိဂ်မှာ ၆ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးနေဆဲ ဖြစ်ပြီး နည်းပြ မီခယ်အာတေးတားလည်း ဖိအားတွေ အောက်ကနေ ရုန်းမထွက်နိုင်သေး တာ တွေ့ရပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ်မှာ အာဆင်နယ်တိုက်စစ်က အော်ဘာမီးယန်း ဂိုးပေါက် ပြန်တွေ့ခဲ့ပြီး ကျန်ကစားသမားတွေလည်း စိတ်ဓာတ်ပြန်တက်သွားပုံ ပေါ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ပွဲစဉ်တွေမှာ ကွင်းလယ်က ဂရန်းနစ် ရှာကာနဲ့ ခံစစ်က ဂါဘရီရယ်တို့လို ကစားသမားတွေ အနီကတ်ပြစ်ဒဏ်ကြောင့် ပါဝင်လာနိုင်မှာ မဟုတ်လို့ အာဆင်နယ်ရဲ့ ကစားပုံကို အားပျော့စေနိုင်ပါတယ်။ ဒါ့ကြောင့် အာတေးတားအနေနဲ့ ဒေးဗစ်လုဇ်၊ တီယာနီ၊ ဟိုးလ်ဒင်းတို့ကို ခံစစ်မှာထားပြီး ပွဲထွက်လာနိုင်ပါတယ်။ ကွင်းလယ်နဲ့တောင်ပံမှာတော့ ဆာကာ၊ ဆယ်ဘာလော့စ်၊ မိုဟာမက်အယ်နီနီ၊ မစ်လန်းနိုင်းလ်စ်၊ တိုက်စစ်မှာတော့ အော်ဘာမီယန်း၊ လာကာဇက်၊ ပေပေတို့ကို အသုံးပြုလာမယ့် သဘောမှာ ရှိနေပါတယ်။ အာဆင်နယ် ဘက်ကတော့ ပြီးခဲ့ပွဲမှာ သွင်းဂိုးပြန်ရခဲ့တဲ့ အော်ဘာမီယန်းကို အဓိကထား စောင့်ကြည့်ရဖို့ ရှိနေပါတယ်။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့သမိုင်းကြောင်း

၁၉၀၅ ခုနှစ်နောက်ပိုင်း အဲဗာတန်နဲ့ အာဆင်နယ်တို့ အကြိမ် ၂၀၀ အထိ ထိပ်တိုက်တွေ့ဆုံထားခဲ့ပါတယ်။ အာဆင်နယ်က ၁၀၈ ကြိမ်အထိ အနိုင်ရပြီး အဲဗာတန်ကတော့ ၆၁ ကြိမ်အထိအနိုင်ရကာ ကျန်ပွဲစဉ်တွေမှာတော့ သရေကျထားပါတယ်။ ပြီးခဲ့တဲ့ ရာသီက ထိပ်တိုက်တွေ့ဆုံမှု ၂ ကြိမ်မှာ အာဆင်နယ်က ၁ ကြိမ် အနိုင်ရပြီး ၁ ကြိမ် သရေကျထားပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
အဲဗာတန် vs အာဆင်နယ် 1X2 အဲဗာတန် @ ၂.၃၆ဆ
ဒီဇင်ဘာလ၂၀ရက်, ည၁၂:၀၀နာရီ (GMT + ၆:၃၀)

1X2 ရဲ့ပေါက်ကြေးအရအိမ်ရှင်အသင်းအတွက်၂.၃၆ဆနဲ့ဧည့်သည်အသင်းအတွက်၂.၈၈ဆကြေးဖွင့်ပြီးသရေအတွက်၃.၃၅ဆကြေးဖွင့်ထားတာတွေ့ရပါတယ်။အာဆင်နယ်တို့ အစဉ်အလာအရ အသာရခဲ့ပေမယ့် အခုလက်ရှိမှာတော့ အဝေးကွင်းမှာ ကစားရမှာ အပြင် ခြေစွမ်းလည်း မကောင်းလို့ အဲဗာတန်ကို ယှဉ်နိုင်ဖို့ ခက်ခဲဦးမှာပါ။ ဘောလုံးသုံးသပ်သူ တော်တော်များများကတော့ အဲဗာတန်ကိုပဲ ရွေးချယ်ပေးထားကြပြီး ကိုယ်တိုင်လည်း ခြေစွမ်းပိုင်းနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ သာနေတဲ့ အဲဗာတန်ကိုပိုပြီး သဘောကျပါတယ်။ အဲဗာတန်တို့ ကပ်နိုင်သွားဖို့ များပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှု

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်