နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဆိုစီဒက်-မန်ယူနိုက်တက်၊ ဘင်ဖီကာ-အာဆင်နယ် ထိပ်တိုက်တွေ့ဆုံမှုတွေ အပါအဝင် ပြိုင်ဆိုင်မှု ပြင်းထန်လာဦးမယ့် ယူရိုပါလိဂ် ၃၂ သင်းအဆင့် ပွဲစဉ်များ

၂၀၂၀-၂၁ ဘောလုံးရာသီ အတွက် ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ရှုံးထွက် ပွဲစဉ်တွေ အတွက် မဲခွဲပွဲကို ကျင်းပပြီးနောက် တစ်ဆက်တည်းမှာပဲ ယူရိုပါလိဂ် ၃၂ သင်းအဆင့်မဲခွဲပွဲကို ဆက်လက် ကျင်းပပြုလုပ်ခဲ့ပါတယ်။ မဲခွဲပွဲ ရလဒ်တွေအရ ကြည့်မယ် ဆိုရင် လက်ရှိမှာ ခြေစွမ်းပြနေတဲ့ ဥရောပထိပ်သီး အသင်းကြီး တစ်ချို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေ ပါဝင်နေလို့ SBOTOP ပရိသတ်တွေ အတွက်ကတော့ အခုအဆင့်ကစလို့ ယူရိုပါလိဂ် ပွဲစဉ်ကောင်းတွေကို ခံစားကြည့်ရှုရဖို့ ရှိနေပါတယ်။
 

မဲခွဲဆုံးဖြတ်တဲ့ပုံစံ

ယူအီးအက်ဖ်အေရဲ့ လက်ထောက် အထွေထွေ အတွင်းရေးမှူး ဂျော်ဂျီယို မာချယ်တီ ကိုယ်တိုင်ပဲ ပေါ်တူဂီ နာမည်ကြီး ကစားသမားဟောင်း မန်းနက်ချ်နဲ့အတူ ၃၂ သင်းအဆင့် မဲခွဲပွဲကို ကျင်းပပေးခဲ့တာပါ။ ပြီးခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုအဆင့် ကနေ ပြုတ်လာခဲ့တဲ့ အသင်း ၈ သင်း၊ ယူရိုပါလိဂ် အုပ်စု အဆင့်ကို ကျော်ဖြတ်လာခဲ့တဲ့ အသင်းပေါင်း ၂၄ သင်းကို ဆီဒင် သတ်မှတ်ချက်အလိုက် ပြန်ပြီး မဲနှိုက်စေခဲ့တာ ဖြစ်ပါတယ်။ မဲနှိုက်ရာမှာ ချန်ပီယံလိဂ် စည်းမျဉ်းတွေနဲ့ သိပ်မကွာပဲ နိုင်ငံတူ အသင်းချင်း၊ တစ်အုပ်စုတည်း ကစားခဲ့တဲ့ အသင်းချင်း ပြန်မကစားရစေဖို့ အတွက် ရည်ရွယ်ပြီး ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
 

မဲခွဲပွဲရလဒ်များ

ယူရိုပါလိဂ် ၃၂ သင်းအဆင့် မဲခွဲမှုအပြီးမှာ ထွက်ပေါ်လာတဲ့ ရလဒ်တွေအရ စိတ်ဝင်စားစရာ ပွဲကောင်းတွေရှိလာခဲ့ပြီး အဲ့ထဲကမှာ ပရီးမီးယားလိဂ် ထိပ်သီးတွေဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်တို့ အနေနဲ့ ရီးရဲယ်ဆိုစီဒက်နဲ့ ဘင်ဖီကာ တို့လို နာမည်ကြီး အသင်းတွေကို ထိပ်တိုက်တွေ့ဆုံကစားရမှာ ဖြစ်လို့ ယူရိုပါလိဂ် ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ပိုပြီး မြင့်တက်လာစေပါတယ်။ ပထမအကျော့ ပွဲစဉ်တွေကိုတော့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့နဲ့ ဒုတိယ အကျော့ ပွဲစဉ်တွေ ကိုတော့ မတ်လ ၂၅ ရက်နေ့မှာ ကစားသွားမှာ ဖြစ်ပါတယ်။ ယူရိုပါလိဂ် ၃၂ သင်းအဆင့် ပွဲစဉ်တွေ အားလုံးကိုတော့ အောက်မှာ ဆက်လက် ဖော်ပြထားပါတယ်။

ဝုဖ်ဘာဂါ(ဩစတြီးယား) – တော့တင်ဟမ်ဟော့စပါး(အင်္ဂလန်)

ဒိုင်နမိုကိဗ်(ယူကရိန်း) – ဘရုဂျက်(ဘယ်ဂျီယံ)

ယူရိုပါလိဂ် ၃၂ သင်းအဆင့် မဲခွဲမှုအပြီးမှာ ထွက်ပေါ်လာတဲ့ ရလဒ်တွေအရ စိတ်ဝင်စားစရာ ပွဲကောင်းတွေရှိလာခဲ့ပြီး
ယူရိုပါလိဂ်မှာ ရလဒ်ကောင်းတွေ ရရှိထားခဲ့တဲ့ အဂ်လန်ကလပ်များ

ရီးရဲယ်ဆိုစီဒက်(စပိန်) – မန်ချက်စတာယူနိုက်တက်(အင်္ဂလန်)

ဘင်ဖီကာ(ပေါ်တူဂီ) – အာဆင်နယ်(အင်္ဂလန်)

ရက်စတားဘဲလ်ဂရိတ်(ဆားဘီးယား) – အေစီမီလန်(အီတလီ)

ရွိုင်ရယ် အန့်တတ်ဝပ်(ဘယ်ဂျီယံ) – ရိန်းဂျားစ်(စကော့တ်လန်)

ဆလားဗီးယားပရက်ဂ်(ချက်) – လက်စတာစီးတီး(အင်္ဂလန်)

ရက်ဘူးလ်ဆဲလ်ဘတ်(ဩစတြီးယား) – ဗီလာရီးရဲယ်(စပိန်)

ဘရာဂါ(ပေါ်တူဂီ) – ရိုးမား(အီတလီ)

ခရက်စနိုဒါ(ရုရှား) – ဒိုင်နမိုဇာဂရက်(ခရိုအေးရှား)

ယန်းဘွိုင်းစ်(ဆွစ်ဇာလန်) – လေဗာကူဆင်(ဂျာမနီ)

မိုလ်ဒီ(နော်ဝေ) – ဟော့ဖန်ဟိမ်း(ဂျာမနီ)

ဂရန်နာဒါ(စပိန်) – နာပိုလီ(အီတလီ)

မက္ကာဘီတဲလ်အဗစ်(အစ္စရေး) – ရှက်တာဒိုးနက်စ်(ယူကရိန်း)

လိုင်လီ(ပြင်သစ်) – အေဂျက်စ်(နယ်သာလန်)

အိုလံပီယာကော့စ်(ဂရိ) – ပီအက်စ်ဗွီ(နယ်သာလန်)
 

ပွဲစဉ်များအပေါ်သုံးသပ်ကြည့်ခြင်း

မဲခွဲဆုံးဖြတ်မှုအပြီး ထွက်ပေါ်လာတဲ့ ပွဲစဉ်တွေထဲမှာ လာလီဂါ အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ ရီးရဲယ်ဆိုစီဒက်နဲ့ ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာယူနိုက်တက်တို့ရဲ့ ပွဲစဉ်၊ အာဆင်နယ်နဲ့ ဘင်ဖီကာတို့ရဲ့ ပွဲစဉ်၊ လိုင်လီနဲ့ အေဂျက်စ်တို့ရဲ့ ပွဲစဉ် တွေကတော့ ပရိသတ် စိတ်ဝင်စားမှု အရှိဆုံး ပွဲစဉ်တွေ ဖြစ်လာပါတယ်။ အင်္ဂလန်ကလပ်တွေ ဖြစ်တဲ့ လက်စတာစီးတီးရဲ့ ချက်ကလပ် ဆလားဗီးယားပရက်ဂ်နဲ့ကစားမယ့်ပွဲစဉ်၊ စပါးနဲ့ ဝုဖ်ဘာဂါရဲ့ပွဲ၊ ချန်ပီယံလိဂ်က ဆင်းလာတဲ့ ဆဲလ်ဘတ်နဲ့ လာလီဂါ နာမည်ကြီး ဗီလာရီးရဲယ်တို့ရဲ့ ပွဲစဉ်တွေကလည်း ပြိုင်ဆိုင်မှု ပြင်းထန်ပြီး ကြည့်ကောင်း လာဖို့ ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်