နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မက်ဆီနဲ့ ရော်နယ်ဒို အားပြိုင်မှုနဲ့ အကြိတ်အနယ် ရှိလာဦးမယ့် ဂျူဗီ-ဘာကာ ထိပ်တိုက်တွေ့ဆုံမှု – ချန်ပီယံလိဂ် ပွဲကြိုသုံးသပ်ချက်

ဘာစီလိုနာ နှင့် ဂျူဗင်တပ်စ်

အခုတစ်ပတ် ချန်ပီယံလိဂ် အုပ်စုနောက်ဆုံး ပွဲစဉ်တွေရဲ့ ပထမနေ့မှာတော့ ဘာစီလိုနာတို့ ဂျုဗင်တပ်စ်ကို အိမ်ကွင်း ကမ့်ပ်နူး မှာ ဧည့်ခံကစားရဖို့ ရှိပြီး အကြိတ်အနယ်ရှိမယ့် ပွဲကောင်းတစ်ပွဲ ဖြစ်လာဖို့ ရှိနေပါတယ်။ ဒီပွဲစဉ်ကတော့ ရမှတ်လိုအပ်ချက် အတွက်မဟုတ်ပဲ ဥရောပထိပ်သီး အသင်းနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှု ဖြစ်တဲ့အပြင် မက်ဆီ-ရော်နယ်ဒို တကျော့ပြန် ထိပ်တိုက်တွေ့ဆုံမှုလည်း ဖြစ်ပြီး ပရိသတ်တွေ တော်တော်များများ မျှော်လင့်ခဲ့ရတဲ့ ပွဲစဉ်ဖြစ်လို့ ကျိန်းသေပေါက် လက်မလွှတ်သင့်တဲ့ ပွဲတစ်ပွဲဆိုရင် ပိုမှန်ပါလိမ့်မယ်။

ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ မက်ဆီတို့ ၂၀၁၀-၂၀၁၁ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့ပြီး နောက် ပထမဦးဆုံး အကြိမ် ပြန်လည်တွေ့ဆုံဖို့ အကြောင်းဖန်လာခဲ့ပါပြီ။ ၁၀ စုနှစ် နှစ်ခု အကြာလောက် ဘောလုံးလောက ကို လွှမ်းမိုးထားနိုင်ခဲ့သူ နှစ်ဦးရဲ့ ကစားသမားဘဝက အနားမယူခင် နောက်ဆုံးအကြိမ်တွေ့ဆုံမှုတောင် ဖြစ်သွားနိုင်ပါတယ်။ နောက်ဆုံး တစ်ကြိမ် ထိပ်တိုက်တွေ့ဆုံမှုမှာတော့ မက်ဆီရဲ့ ဘာစီလိုနာက ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ ရော်နယ်ဒိုရဲ့ ရီးရဲယ်မက်ဒရစ်ကို ၂-၀ အနိုင်ယူထားခဲ့ပါတယ်။ လက်ရှိမှာ အိမ်ရှင်ဘာစီလိုနာ အနေနဲ့ ဂျူဗင်တပ်စ်ကို အုပ်စုတွင်း ပထမအကျော့ ပွဲစဉ်မှာ ၂-၀ ရလဒ်နဲ့ပဲ တူရင်မြေမှာ အနိုင်ရထားပါတယ်။ အဲဒီပွဲစဉ်တုန်းက ရော်နယ်ဒို ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရတာကြောင့် ပါဝင်ကစားနိုင်ခဲ့ခြင်း မရှိပဲ မက်ဆီ၊ ဒမ်ဘီလီတို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရခဲ့ပါတယ်။ ဘာစီလိုနာရဲ့ လက်တလော ခြေစွမ်းပိုင်းကို ကြည့်မယ်ဆိုရင် ဒီရာသီမှာ အတက်အကျ သိပ်မမှန်လို့ နည်းပြ ရော်နယ်ကိုမန်း အနေနဲ့ နိုင်ပွဲ တစ်ပွဲ ရဖို့ တော်တော်လေး ရုန်းကန်နေရတာပါ။ နောက်ဆုံးကစားခဲ့တဲ့ ကာဒစ်ဇ်နဲ့ လာလီဂါ ပွဲစဉ်မှာ ဘာစီလိုနာ တို့ ၂-၁ နဲ့ ရှုံးနိမ့်ထားပါတယ်။ ၅ ပွဲကစားပြီး ၅ ပွဲစလုံး အနိုင်ရထားသလို ရဂိုး ၁၆ ဂိုး ပေးဂိုး ၂ ဂိုးပဲရှိထားတဲ့ ဘာစီလိုနာ တို့ရဲ့ အခုနှစ် ချန်ပီယံလိဂ် ခြေစွမ်းကတော့ အားရစရာ သိပ်ကောင်းပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၅ ပွဲမှာ ၃ ပွဲနိုင်၊ ၂ ပွဲရှုံးနိမ့်ထားပြီး တိုက်စစ်က ရဂိုး ၁၂ ဂိုးရှိထားပေမယ့် ခံစစ်ကတော့ ပေးဂိုး ၂ ဂိုးသာရှိထားတာတွေ့ရပါတယ်။

 
ဘာစီလိုနာတို့ ဒီနှစ်မှာ ခြေစွမ်းကျဆင်းနေတယ်ဆိုပေမယ့် ဂျူဗင်တပ်စ် လောက်တော့ ကစားပုံ မဆိုးရွားသေးပါဘူး။ ဂျူဗင်တပ်စ်တို့ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၅ ပွဲမှာ ရှုံးပွဲလုံးဝ မရှိပဲ နိုင်ပွဲ ၄ ပွဲ၊ သရေ ၁ ပွဲပဲ ရှိထားပေမယ့် ခြေစွမ်းပိုင်းအရတော့ လုံးဝကို အားရစရာမရှိပါဘူး။ လက်ရှိ ကလပ်အတွင်း မှာ ပြဿနာ တချို့ရှိနေပြီး နည်းပြ ပီယာလို အနေနဲ့ ရော်နယ်ဒိုကို အလွန်အမင်း မှီခိုနေတာရယ် မျက်နှာသာ ပေးထားတာရယ်ကြောင့် အဓိက ကစားသမားတချို့ရဲ့ ဝေဖန်ပြစ်တင်မှုတွေ ခံနေရပါတယ်။ လက်ရှိမှာ ဂျူဗင်တပ်စ်တို့ ရမှတ် ၁၂ မှတ်နဲ့ အုပ်စု G ရဲ့ ဒုတိယနေရာမှာ ရပ်တည်နေခဲ့ပြီး ရှုံးထွက်အဆင့် တက်ရောက်သွားပြီ ဖြစ်လို့ အခုပွဲ ရလဒ်က နှစ်သင်းစလုံး အတွက် သက်ရောက်မှုတော့ ရှိလာနိုင်မှာ မဟုတ်ပါဘူး။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ မက်ဆီတို့ ၂၀၁၀-၂၀၁၁ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့ပြီးနောက် ပထမဦးဆုံး အကြိမ် ပြန်လည်တွေ့ဆုံဖို့ အကြောင်းဖန်လာခဲ့ပါပြီ။
၂၀၁၀-၂၀၁၁ ခုနှစ်နောက်ပိုင်း ချန်ပီယံလိဂ်မှာ ပြန်လည်တွေ့ဆုံမယ့် မက်ဆီနဲ့ ရော်နယ်ဒို

ဘာစီလိုနာနဲ့ ဂျူဗင်တပ်စ်တို့ ဥရောပအဆင့် ပွဲစဉ်တွေမှာ ၁၂ ကြိမ် ထိပ်တိုက်တွေ့ဆုံခဲ့ပြီး ဘာစီလိုနာက ၅ ကြိမ်အနိုင်ရပြီး ဂျူဗင်တပ်စ်တို့ကတော့ ၃ ကြိမ်အနိုင်ရထားပါတယ်။ ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ထိပ်တိုက်တွေ့ဆုံမှုမှာတော့ ဘာစီလိုနာက မက်ဆီ၊ ဒမ်ဘီလီတို့ရဲ့ သွင်းဂိုးတွေကြောင့် ၂ ဂိုးပြတ်နဲ့ အနိုင်ရထားပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ဘာစီလိုနာ vs ဂျူဗင်တပ်စ် အချိန်ပြည့် 1X2 သရေ @ 3.40
ဒီဇင်ဘာလ ၉ ရက်, ည ၂:၃၀ နာရီ (GMT + ၆:၃၀

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၂.၁၃ ဆ နဲ့ ဧည့်သည်အသင်းအတွက် ၃.၃၅ ဆနဲ့ သရေအတွက်ကို တော့ ၃.၃၅ ဆကြေးဖွင့်ပေးထားတာ တွေ့ရပါတယ်။ ပထမအကျော့တုန်းက ဘာစီလိုနာတို့ အဝေးကွင်းမှာ ကစားခဲ့ရပေမယ့် ၂ ဂိုးပြတ်နဲ့ အနိုင်ရထားခဲ့လို့ အခုပွဲမှာလည်း အိမ်ကွင်းအားသာချက်နဲ့ အတူ ဂျူဗင်တပ်စ်ကို အသာရဖို့ ကြိုးပမ်းလာဦးမှာပါ။ ဒါပေမယ့် အခုပွဲ ဂျူဗင်တပ်စ် ဘက်မှာ ရော်နယ်ဒို ပါဝင်လာပြီး မိုရာတာလည်း ခြေစွမ်းပြနေလို့ ဘာစီလိုနာ လွယ်လွယ်ကူကူ အနိုင်ရသွားဖို့တော့ မရှိပါဘူး။ ပြီးခဲ့တဲ့ ကာဒစ်ဇ်နဲ့ ပွဲမှာ ဘာစီလိုနာရဲ့ ကစားပုံ ဆိုးရွားခဲ့လို့ အခုပွဲမှာ ဂျူဗင်တပ်စ်လို အသင်းကို သရေလောက်ပဲ ကစားနိုင်မယ်ထင်ပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်