နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လန်ဒန်ကွင်းမှာ တိုက်စစ် အစွမ်းပြပြီး ဂိုးပြတ်အနိုင်ရသွားတဲ့ မန်ချက်စတာယူနိုက်တက် – ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်

ဝက်စ်ဟမ်းယူနိုက်တက် ၁-၃ မန်ချက်စတာယူနိုက်တက်

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်တို့ ဝက်စ်ဟမ်းကို အဝေးကွင်းမှာ သွားရောက်ကစားပြီး တိုက်စစ်မှူးတွေ ဖြစ်တဲ့ ရက်ရှ်ဖို့ဒ်၊ ဂရင်းဝုဒ်တို့ ခြေစွမ်းပြမှုနဲ့ အတူ ဂိုးပြတ်နိုင်ပွဲ တစ်ပွဲ ရရှိခဲ့ပါတယ်။ ယူနိုက်တက်တို့ရဲ့ ခြေစွမ်းက လက်ရှိမှာ တစ်နေ့ရွှေ၊တစ်နေ့ငွေ ဖြစ်နေတယ်လို့ ဆိုရမှာ ဖြစ်ပြီး ကင်ဆာလို့တောင် ဝေဖန်ခံနေရတဲ့ ကွင်းလယ်လူ ပေါ့ဘာလည်း ခြေစွမ်းပြခဲ့လို့ နည်းပြ အိုလီဂန်နာဆိုးလ်ရှားအတွက် ကတော့ ဝမ်းသာစရာ ကောင်းတဲ့ ပရီးမီးယားလိဂ် နိုင်ပွဲ တစ်ပွဲ ဖြစ်ခဲ့ရပါတယ်။

ယူနိုက်တက်တို့ ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ ပီအက်စ်ဂျီကို အိမ်ကွင်းမှာ ဂိုးပြတ် ရှုံးနိမ့်ခဲ့လို့ ဒီပွဲမှာ ရလဒ်ကောင်းပြန်ရဖို့အတွက် တိုက်စစ်မှာ ကာဗာနီ၊ မာစီရယ်၊ ဂရင်းဝုဒ်၊ ကွင်းလယ်မှာ ပေါ့ဘာ၊ တော်မီနေး၊ ဗန်ဒီဘိခ်၊ နောက်တန်းမှာ အဲလက်စ်တဲလက်စ်၊ မက်ဂွိုင်းယား၊ လင်ဒီအော့ဖ်၊ အာရွန်ဝမ်ဘစ်ဆာခါတို့နဲ့ ပွဲထွက်လာခဲ့တာ တွေ့ရပါတယ်။ ဝက်စ်ဟမ်းမှာကတော့ ယာမိုလန်ကို၊ အန်တိုနီယို၊ ဖက်ဒရစ်ခ် တို့ကလွဲလို့ ကျန်အဓိကကစားသမားတွေ တော်တော်များများ ပါဝင်လာခဲ့ပြီး ယူနိုက်တက်ကို ခပ်မာမာ တုန့်ပြန်ကစားဖို့ ပြင်ဆင်ခဲ့ပါတယ်။ ယူနိုက်တက်တို့ ဒီနေ့ပွဲစဉ်မှာ အိမ်ရှင် အသင်းလောက် ဂိုးပေါက်ခြိမ်းခြောက်မှု မပြုလုပ်နိုင်ခဲ့ပေမယ့် ဘောလုံး ပိုင်ဆိုင်မှုနဲ့ ဂိုးပေါက် တည့်မှု အပိုင်းမှာ ပိုသာခဲ့ပါတယ်။ ဒီနေ့ပွဲမှာ ကွင်းလယ်က ဗန်ဒီဘိခ်နဲ့ တိုက်စစ်က မာစီရယ်၊ ကာဗာနီတို့ ခြေစွမ်းမပြနိုင်ခဲ့လို့ ဒုတိယပိုင်းအစမှာ မာတာ၊ ရက်ရှ်ဖို့ဒ်၊ ဘရူနိုဖာနန်ဒက်စ်တို့ကို ထည့်သွင်းကစားစေခဲ့ပါတယ်။ ဆိုးလ်ရှားလ် ရဲ့ လူစားလဲမှု မှန်ကန်ခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပြီး ပထမပိုင်း ၃၈ မိနစ်မှာ ပေးခဲ့ရတဲ့ အိမ်ရှင်အသင်းရဲ့ ဦးဆောင်ဂိုးကိုလည်း ပြန်လည်ချေပနိုင်ဖို့ အင်အားတောင့်တင်းသွားခဲ့ပါတယ်။ ပွဲချိန် မိနစ် ၆၀ ကျော်မှာ ယူနိုက်တက်တို့ရဲ့ အကောင်းဆုံး ပုံစံကို တွေ့မြင်လာရပြီး ဖာနန်ဒက်စ်ရဲ့ ဖန်တီးပေးပို့မှုကနေ တစ်ဆင့် ပေါ့ဘာက ၁၈ ကိုက်စည်း အပြင်ကနေ အပြင်းကန်သွင်း ချေပပေးခဲ့ပါတယ်။ အဲ့နောက် ပွဲချိန် ၆၈ မိနစ်မှာ နောက်ခံလူ အဲလက်တဲလက်စ်ရဲ့ တောင်ပံကနေ ချိုးပေးတဲ့ ဘောလုံးကို ရက်ရှ်ဖို့ဒ်က အပြင်းကန်သွင်းပြီး ဦးဆောင်ဂိုး ရယူပေးခဲ့ပြန်ပါတယ်။ မန်ချက်စတာယူနိုက်တက် အတွက် တတိယဂိုးကိုတော့ ကွင်းလယ်လူ ဟွမ်မာတာရဲ့ အကွက်မြင်မြင် ဖန်တီး ပေးပို့မှုကနေတစ်ဆင့် ရက်ရှ်ဖို့ဒ် တောက်လျောက်ဆွဲပြေးပြီး သွင်းယူပေးသွားခဲ့တာ ဖြစ်ပါတယ်။ အခုပွဲအပြီး မှာ မန်ချက်စတာယူနိုက်တက်တို့ အမှတ်ပေးဇယား အဆင့် ၄ နေရာအထိ တက်လှမ်းနိုင်ခဲ့ပြီး ပရီးမီးယားလိဂ် မှာလည်း ၄ ပွဲဆက် အနိုင်ရရှိခဲ့ပါတယ်။ ဒေးဗစ် မိုယက်စ်ရဲ့ ဝက်စ်ဟမ်းကတော့ ပရီးမီးယားလိဂ် နိုင်ပွဲဆက်မှု ရပ်တန့်ခဲ့ရပြီး အမှတ်ပေးဇယား အဆင့် ၇ နေရာ အထိ ကျဆင်းသွားခဲ့ပါတယ်။

ဒေးဗစ် မိုယက်စ်ရဲ့ ဝက်စ်ဟမ်းကတော့ ပရီးမီးယားလိဂ် နိုင်ပွဲဆက်မှု ရပ်တန့်ခဲ့ရပြီး အမှတ်ပေးဇယား အဆင့် ၇ နေရာ အထိ ကျဆင်းသွားခဲ့ပါတယ်။
အိမ်ကွင်းမှာ ကစားရပေမယ့် မန်ချက်စတာယူနိုက်တက် ကို ဂိုးပြတ် ရှုံးနိမ့်ခဲ့တဲ့ ဝက်စ်ဟမ်း

ပွဲပြီးသုံးသပ်ချက်

ဒီပွဲရဲ့ အကောင်းဆုံးကို ပြောပါဆိုရင် နည်းပြ အိုလီဂန်နာဆိုးလ်ရှားကို အရင်ဆုံးချီးကျူးရမှာပါ။ ပြီးခဲ့တဲ့ ပွဲစဉ် ၂ ပွဲမှာ ခြေစွမ်းပျောက်ဆုံးနေခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ်ကို ပထမပိုင်းတစ်ပိုင်းလုံး အနားပေးခဲ့ပြီး ဒုတိယပိုင်းမှာ ကွင်းလယ်က ပေါ့ဘာက တွဲဖက်ကစားစေခဲ့တာကြောင့် နိုင်ပွဲရခဲ့တယ်ဆိုရင်လည်း မမှားပါဘူး။ နောက်ပြီးတော့ ပီအက်စ်ဂျီနဲ့ ပွဲမှာ လူစားလဲမှု မှားယွင်းခဲ့လို့ ရှုံးပွဲတွေ့ခဲ့ရတဲ့ ဆိုးလ်ရှား အနေနဲ့ ဒီနေ့ပွဲမှာတော့ အချိန်ကိုက် နေရာကိုက်  လူစားလဲမှု မှန်မှန်ကန်ကန် ပြုလုပ်နိုင်ခဲ့တာ တွေ့ရပါတယ်။ ကင်ဆာ ဆိုပြီး ဝေဖန်ခံနေရတဲ့ ပေါ့ဘာဟာလည်း သူ့ရဲ့ လုပ်ကွက် တချို့ ထုတ်ပြနိုင်ခဲ့ပြီး လှပတဲ့ သွင်းဂိုး တစ်ဂိုးနဲ့အတူ ပရိသတ်တွေကို ပြန်ပြီး နှစ်သိမ့်နိုင်ခဲ့ပါတယ်။ ဒီနေ့ပွဲမှာလည်း မာစီရယ် မစွံပါဘူး။ ဆိုးလ်ရှားအနေနဲ့ မာစီရယ်ရဲ့ အနာဂတ်ကို စဉ်းစားသင့်နေပြီလို့ ထင်ပါတယ်။ ကာဗာနီကလည်း ခြေစွမ်း ပြလိုက် မပြလိုက် ဖြစ်နေလို့ လာမယ့် ဆောင်းရာသီ အပြောင်းအရွှေ့ကာလမှာ ယူနိုက်တက်တို့ တိုက်စစ်ပိုင်း ဖြည့်တင်းဖို့တော့ လိုအပ်နေပါတယ်။ ရှုံးနိမ့်ခဲ့တဲ့ ဝက်စ်ဟမ်းနဲ့ ပတ်သတ်ပြီးတော့ အများကြီး ပြောစရာမရှိပါဘူး။ ယူနိုက်တက်လည်း အနိုင်နဲ့ ထိုက်တန်ခဲ့သလို ဝက်စ်ဟမ်းလည်း အရှုံးနဲ့ ထိုက်တန်ခဲ့ပါတယ်။

 

လာမယ့်ပွဲစဉ်များ

မန်ချက်စတာယူနိုက်တက်တို့ လာမယ့်ကြားရက်မှာ အာဘီလိုက်ပ်ဇစ်ကွင်းမှာ ချန်ပီယံလိဂ် ပွဲစဉ် သွားရောက်ကစားဖို့ရှိနေပြီးတော့ ဝက်စ်ဟမ်းကတော့ လာမယ့် စနေနေ့မှာ ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် လိဒ်စ်ယူနိုက်တက်ရဲ့ အိမ်ကွင်းမှာ သွားရောက်ကစားဖို့ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်