နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

တက်ဖ်မောမှာ ရလဒ်ဆိုးတွေက ရုန်းထမယ့် အဲဗာတန်ဘက်မှာ ရပ်တည်ကြရအောင်- ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်

ဘန်လေ vs အဲဗာတန်

အခုတစ်ပတ် စနေနေ့မှာ ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ်တွေထဲက ဘန်လေနဲ့ အဲဗာတန်တို့ရဲ့ ပွဲစဉ်ကိုတော့ SBOTOP ပရီးမီးယားလိဂ် ပရိသတ်တွေ အတွက် ပွဲကြို ခန့်မှန်းသုံးသပ် ပေးချင်ပါတယ်။ ဒီရာသီမှာ ရလဒ် ဆိုးရွားနေတဲ့ ဘန်လေတို့ အိမ်ကွင်း တက်ဖ်မော မှာ နောက်ပွဲ ပွဲစဉ်တွေမှာ ခြေပျက်နေတဲ့ အဲဗာတန်ကို လက်ခံကစားရမှာ ဖြစ်လို့ မထင်မှတ်ပဲ ကြည့်ကောင်းမယ့် ပွဲစဉ်တစ်ပွဲ ဖြစ်လာဖို့ရှိနေပါတယ်။

 
ဘန်လေကတော့ ဒီရာသီ ပရီးမီးယားလိဂ်မှာ ရလဒ်အဆိုးရွားဆုံး အသင်းတွေထဲက တစ်သင်း ဖြစ်ပြီးတော့ လက်ရှိမှာ တန်းဆင်းဇုန် အဆင့် ၁၉ နေရာမှာ ရပ်တည်နေပါတယ်။ ဘန်လေတို့ အိမ်ကွင်းမှာရော အဝေးကွင်းမှာပါ ရလဒ်တွေ ဆိုးရွားနေတာ တွေ့ရပြီး အရင်တစ်ချိန်က ကစားပုံ မာကျောလှတဲ့ ရှောင်ဒိုက်ချ် ရဲ့ အသင်းပုံစံပျောက်ဆုံးနေခဲ့တာ ကြာခဲ့ပါပြီ။ ဘန်လေတို့ နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ် ၅ ပွဲမှာ ၁ ပွဲသာ အနိုင်ရထားပြီး ၁ ပွဲသရေ၊ ၃ ပွဲရှုံးထားပါတယ်။ တစ်ချက်ရှိတာက ဘန်လေတို့ ဒီရာသီမှာ အသင်းကြီးတော်တော်များများနဲ့ တွေ့ဆုံထားပြီး ရလဒ်တွေ ဆိုးရွားနေခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံး ၅ ပွဲမှာ ဆိုရင် စပါး၊ ချဲလ်ဆီး၊ မန်ချက်စတာစီးတီးတို့နဲ့ ကစားထားရပြီး အရေးနိမ့်ထားရပါတယ်။ ပြီးခဲ့တဲ့ ပွဲစဉ်မှာတော့ မန်ချက်စတာစီးတီး ကို ၅ ဂိုးပြတ်နဲ့ အရေးနိမ့်ပြီး အဆင့် ၁၉ နေရာ မှာ ဆက်လက် ရပ်တည်နေခဲ့ တာ ဖြစ်ပါတယ်။

အဲဗာတန်တို့အခုနှစ်ပရီးမီးယားလိဂ်ရာသီအစမှာအကောင်းဆုံးပုံစံနဲ့တာထွက်ကောင်းခဲ့ကြပေမယ့်နောက်ပိုင်းပွဲစဉ်တွေမှာတော့တောက်လျောက်ခြေပျက်လာပါတယ်။
ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ်မှာ လိဒ်စ်ယူနိုက်တက်ကို ရှုံးနိမ့်ထားတဲ့ အဲဗာတန်

နာမည်ကျော် နည်းပြကြီး အန်ဆယ်လော့တီရဲ့ အဲဗာတန်တို့ အခုနှစ် ပရီးမီးယားလိဂ် ရာသီအစမှာ အကောင်းဆုံး ပုံစံနဲ့ တာထွက်ကောင်းခဲ့ကြပေမယ့် နောက်ပိုင်းပွဲစဉ်တွေမှာတော့ တောက်လျောက် ခြေပျက်လာပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ် ၅ ပွဲမှာ နိုင်ပွဲ ၁ ပွဲပဲ ရထားတာ ကလည်း အဲဗာတန်တို့ ကစားပုံ ဘယ်လောက်အထိ ဆိုးရွားနေတယ် ဆိုတာ သိသာပါတယ်။ တော်ဖီတို့ နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ် ၅ ပွဲမှာ တစ်ပွဲပျမ်းမျှ ၂ ဂိုးနှုန်း ပေးထားခဲ့ရလို့ ခံစစ်က ယိုပေါက်တွေ များနေတယ်လို့ ဆိုနိုင်ပါတယ်။ နောက်ပြီး ရာသီအစက တဟုန်းဟုန်း တောက်ပပြခဲ့တဲ့ ဒေါမနစ်ကလဲဗက် လီဝင်းလည်း နောက်ပိုင်းပွဲစဉ်တွေမှာ ဂိုးသွင်းခြေ ကျဆင်းလာခဲ့သလို ဂျိမ်းစ် ရိုဒရီဂွက်ဇ်၊ ရစ်ချာလီဆင်၊ လူးကပ်စ် ဒစ်ဂနေး၊ ဒူကိုရေး၊ အဲလန်တို့လည်း အဲဗာတန်တို့ နိုင်ပွဲ ရှာတွေ့ နိုင်လောက်တဲ့ အထိ မစွမ်းဆောင်နိုင်တော့တာ တွေ့ရပါတယ်။ အဆိုးဆုံးက အဲဗာတန်တို့ နိုင်ပွဲဆာလောင်တဲ့ စိတ်ဓာတ် ပျောက်ဆုံးနေတာ ဖြစ်ပြီးတော့ လစ်ဗာပူးလ်ကို သရေကျပြီး မန်ချက်စတာယူနိုက်တက်ကို ရှုံးနိမ့်ခဲ့တာ လက်ခံလို့ ရပေမယ့် ဆောက်သမ်တန်၊ နယူးကာဆယ်၊ လိဒ်စ်ယူနိုက်တက်တို့လို အသင်းတွေကို ရှုံးနိမ့်ခဲ့တာ ကတော့ လက်ခံနိုင်စရာ မရှိပါဘူး။ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဦးဆောင်နိုင်ခဲ့တဲ့ အဲဗာတန်တို့ လက်ရှိမှာ ၁၀ ပွဲကစား၊ ၅ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၄ ပွဲရှုံးထားလို့ ရမှတ် ၁၆ မှတ်နဲ့ အဆင့် ၈ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့သမိုင်းကြောင်း

ထိပ်တိုက်တွေ့ဆုံမှုအရ ကြည့်မယ်ဆိုရင်တော့ အိမ်ရှင်ဘန်လေတို့ အဲဗာတန်ကို ယှဉ်နိုင်ခြင်း မရှိခဲ့ပဲ ကစားခဲ့တဲ့ ၁၂ ကြိမ်မှာ အဲဗာတန်က ၇ ကြိမ် အနိုင်ရပြီး ဘန်လေကတော့ ၅ ကြိမ်အနိုင်ရထားပါတယ်။ မနှစ်က ပရီးမီးယားလိဂ် တွေ့ဆုံမှု နှစ်ကြိမ်မှာတော့ အဲဗာတန် တို့ အိမ်ကွင်းမှာ ၁-၀ နဲ့ အနိုင်ရပြီး ဘန်လေကတော့ အိမ်ကွင်းမှာ ၁-၀ နဲ့ ပြန်လည် အနိုင်ရထားခဲ့ပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ဘန်လေ vs အဲဗာတန် 1X2 အဲဗာတန် @ ၁.၉၆ဆ
ဒီဇင်ဘာလ၅ ရက်, ည ၇:၀၀ နာရီ (GMT + ၆:၃၀)

1×2 ရဲ့ပေါက်ကြေးအရအိမ်ရှင်အသင်းအတွက်၃.၇၅ဆနဲ့ဧည့်သည်အသင်းအတွက် ၁.၉၆ဆနဲ့သရေအတွက်ကိုတော့၃.၄၀ဆကြေးဖွင့်ထားတာတွေ့ရပါတယ်။ဘန်လေတို့ ဒီရာသီမှာ ဂိုးမပေးရတဲ့ပွဲဟာ ၃ ပွဲပဲ ရှိခဲ့ပြီးတော့ အသင်းကြီးတွေနဲ့ တွေ့ရင် ခံစစ်က သိသိသာသာ ပေးဂိုးတွေ များလေ့ရှိတာ တွေ့ရပါတယ်။ အဲဗာတန်တို့ နောက်ပိုင်းပွဲတွေမှာ တပ်ပျက်နေတယ်ဆိုပေမယ့် လူစာရင်းအရ ကြည့်မယ်ဆိုရင် ဘန်လေလို အသင်းကို ကောင်းကောင်းချေမှုန်း နိုင်စွမ်း ရှိနေပါတယ်။ အဲဗာတန်တို့ အဝေးကွင်းမှာ ဂိုးပြတ်နိုင်ပွဲ ရသွားနိုင်တဲ့ ပွဲစဉ် ဖြစ်ပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှု

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်