နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အကြိတ်အနယ်ရှိပြီး ပွဲကောင်းတစ်ပွဲ ဖြစ်လာဦးမယ့် ဘာလင်ဒါဘီ – ဘွန်ဒက်စ်လီဂါ ပွဲကြိုသုံးသပ်ချက်

ဟာသာဘာလင် vs ယူနီယံဘာလင်

အခုတစ်ပတ်မှာကစားမယ့် ဘွန်ဒက်စ်လီဂါ ပွဲစဉ်တွေထဲက အစောဆုံး ပွဲတစ်ပွဲဖြစ်တဲ့ ဟာသာဘာလင်နဲ့ ယူနီယံဘာလင် တို့ရဲ့ ဘာလင် ဒါဘီပွဲစဉ်ကို SBOTOP ဘောလုံး ပရိသတ်တွေ အတွက် ပွဲကြိုခန့်မှန်း သုံးသပ်ပေးချင်ပါတယ်။ လက်ရှိရာသီမှာ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ ယူနီယံဘာလင်တို့ ဟာသာဘာလင် အိမ်ကွင်းမှာ သွားရောက်ကစားရမှာ ဖြစ်လို့ ကျိန်းသေပေါက် ကြည့်ကောင်းမယ့် ဘွန်ဒက်စ်လီဂါ ပွဲစဉ်တစ်ပွဲ ဖြစ်လာဖို့ ရှိနပါတယ်။

ဟာသာဘာလင်ကတော့ မနှစ်က ဘွန်ဒက်စ်လီဂါ မှာ ခြေစွမ်းမဆိုးလှဘူး ဆိုပေမယ့် ဒီရာသီမှာတော့ ရလဒ်က သိပ်အားရစရာ  မရှိတာတွေ့ရပါတယ်။ ဟာသာဘာလင်တို့ လက်ရှိ ဘွန်ဒက်စ်လီဂါ ပွဲစဉ် ၉ ပွဲကစားပြီးချိန်မှာ ၂ ပွဲသာ အနိုင်ရပြီး ၂ ပွဲရှုံးထားသလို ၅ ပွဲအထိ ရှုံးနိမ့်ထားပါတယ်။ ဟာသာဘာလင်ရဲ့ အိမ်ကွင်း စွမ်းဆောင်ရည်ကတော့ ဒီရာသီမှာ အဆိုးဆုံး ဖြစ်နေပြီး ၄ ပွဲကစားရာမှာ ၁ ပွဲသရေ၊ ၃ ပွဲရှုံးနိမ့်ပြီး သွင်းဂိုး ကလည်း ၄ ဂိုးပဲ ရှိထားသလို ပေးဂိုးကလည်း ၁၁ ဂိုးအထိ ရှိနေခဲ့ပါတယ်။ ဟာသာဘာလင်တို့ နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ် ၅ ပွဲမှာ ၁ပွဲသာ အနိုင်ရထားပြီး ၂ ပွဲသရေကျပြီး ၂ ပွဲရှုံးနိမ့်ထားပါတယ်။ ဒါကလည်း ဟာသာဘာလင်တို့ တွေ့ဆုံခဲ့တဲ့ အသင်းတွေကြောင့်လို့ ပြောရမှာ ဖြစ်ပြီး ဟာသာတို့ အနေနဲ့ ဘေယန်မြူးနစ်၊ လိုက်ပ်ဇစ်၊ ဒေါ့မန်၊ လေဗာကူဆင်တို့နဲ့ တွေ့ဆုံထားခဲ့တာကြောင့်လို့ ဆိုနိုင်ပါတယ်။ ဟာသာ ဘာလင် တို့ တိုက်စစ်က မက်စ်ကွန်ဟာ ခြေစွမ်းပြနေပြီး ကော်ဒိုဘာ၊ လုခ်ဘက်ကီယို၊ မစ်တဲလ်စတဒ်တို့ ရှိနေပေမယ့် အိမ်ကွင်း ရလဒ်မကောင်းလို့ အဝေးကွင်း ခြေစွမ်းကောင်းတဲ့ ယူနီယံဘာလင်တို့ကို ခံကစားနိုင်ပါ့မလားဆိုတဲ့ အချက်ကို ထည့်တွေးရဖို့ ရှိနေပါတယ်။

ဟာသာဘာလင်ကတော့ မနှစ်က ဘွန်ဒက်စ်လီဂါမှာ ခြေစွမ်းမဆိုးလှဘူး ဆိုပေမယ့် ဒီရာသီမှာတော့ ရလဒ်က သိပ်အားရစရာ မရှိတာတွေ့ရပါတယ်။
ဘွန်ဒက်စ်လီဂါ နောက်ဆုံးပွဲစဉ်မှာ လေဗာကူဆင်နဲ့ သရေကျထားတဲ့ ဟာသာဘာလင်

ယူနီယံဘာလင်တို့ ပြီးခဲ့တဲ့ ရာသီက ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယား အလယ်အလတ်မှာ ရပ်တည်နိုင်ခဲ့ပေမယ့် လက်ရှိ ရာသီမှာတော့ ခြေစွမ်းကောင်းတွေ ပြသနေပြီး ၉ ပွဲကစားရာမှာ ၄ ပွဲနိုင်၊ ၄ ပွဲသရေကျပြီး၊ ၁ ပွဲပဲ ရှုံးနိမ့်ထားလို့ အဆင့် ၆ နေရာမှာတောင် ရပ်တည်နေခဲ့ပါတယ်။ ယူနီယံဘာလင်တို့ နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ် ၅ ပွဲမှာ ၃ ပွဲနိုင်၊ ၂ ပွဲသရေကျပြီး ရှုံးပွဲလုံးဝ မရရှိထားတာတွေ့ရပါတယ်။ ဖရိုင်းဘတ်နဲ့ ၁-၁ သရေကျပြီး ခြေစွမ်းတက်နေတဲ့ ဟော့ဖန်ဟိမ်းကို အဝေးကွင်းမှာ ၁-၃ နဲ့ အနိုင်ရထားပါတယ်။ အဲ့နောက် အာမီးနီးယား ဘိုင်လီဖဲလ်ကို ၅ ဂိုးပြတ်နဲ့ အနိုင်ရပြီး နောက်ပွဲစဉ်မှာလည်း ကိုလုံးရဲ့ အိမ်ကွင်းမှာ ၁-၂ နဲ့ ထပ်မံအနိုင်ရခဲ့ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်မှာတော့ ဖရန့်ဖတ်ကို ၃-၃ နဲ့ သရေကျထားပါတယ်။ ဟော့ဖန်ဟိမ်းတို့ ဒီရာသီမှာ အော့စ်ဘာဂ် တစ်သင်းတည်းကို ရှုံးနိမ့်ထားပြီး ကျန်ပွဲစဉ်တွေ အားလုံးနီးပါးမှာ ရလဒ်ကောင်း တွေ ရရှိအောင် စွမ်းဆောင်ထားနိုင်ပါတယ်။ လက်ရှိ ယူနီယံဘာလင် အသင်းမှာ မက်စ်ခရုစ်၊ ခရစ္စတိုဖာ ထရင်မဲလ်၊ ရောဘတ်အန်းဒရစ်ချ်တို့ ခြေစွမ်းပြနေပြီးတော့ မက်စ်ခရုစ် ဦးဆောင်တဲ့ တိုက်စစ်က သွင်းဂိုး ၂၁ ဂိုးအထိ ရရှိထားပြီး ဒီရာသီ ဘွန်ဒက်စ်လီဂါမှာ ဘေယန်မြူးနစ် ပြီးရင် သွင်းဂိုး အများဆုံး ရရှိတဲ့ အသင်းတစ်သင်း အဖြစ် ရပ်တည်နေပါတယ်။ ခံစစ် ကလည်း သွင်းဂိုး အနည်းဆုံး အသင်းတွေ ထဲမှာ ပါဝင်နေပါတယ်။ နောက်ပြီးတော့ ယူနီယံဘာလင်တို့ လက်ရှိအချိန်မှာ အဝေးကွင်း ရှုံးပွဲလုံးဝ မရှိသေးပဲ ၄ ပွဲကစားရာမှာ ၂ပွဲနိုင်ပြီး ၂ ပွဲသရေကျထားပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ဟာသာဘာလင်နဲ့ ယူနီယံဘာလင်တို့ ၂၀၁၀ ခုနှစ် နောက်ပိုင်း ဘွန်ဒက်စ်လီဂါနဲ့ ဘွန်ဒက်စ်လီဂါ ၂ မှာ စုစုပေါင်း ၆ ကြိမ်တွေ့ဆုံထားပြီး ဟာသာဘာလင်က ၂ ကြိမ်အနိုင်ရပြီး ယူနီယံဘာလင်က ၂ ကြိမ် အနိုင်ရထားသလို သရေ ပွဲကတော့ ၂ ပွဲ ဖြစ်ထားပါတယ်။ ပြီးခဲ့တဲ့ ရာသီက ၂ ကြိမ် တွေ့ဆုံမှုမှာတော့ ယူနီယံဘာလင် တို့ အိမ်ကွင်းမှာ ၁-၀ နဲ့ အနိုင်ရပြီး ဟာသာဘာလင်ကတော့ အိမ်ကွင်းမှာတော့ ၄-၀ နဲ့ ပြန်လည် အနိုင်ရထားပါတယ်။

 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ဟာသာဘာလင် vs ယူနီယံ ဘာလင် 1X2 ဟာသာဘာလင် @ 2.36
ဒီဇင်ဘာလ ၅ ရက်, မနက် ၂:၀၀ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေး အရ အိမ်ရှင်အသင်းအတွက် ၂.၃၈ ဆ၊ ဧည့်သည်အသင်းအတွက် ၂.၈၄ ဆနဲ့ သရေ အတွက်ကိုတော့ ၃.၃၅ ဆ ကြေးဖွင့်ပေးထားပါတယ်။ ဒီနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှု အပိုင်းကို ပြန်ကြည့်မယ်ဆိုရင် တစ်သင်းနဲ့ တစ်သင်း အပြန်အလှန်ရှိခဲ့တာ တွေ့ရပါတယ်။ လက်ရှိ ခြေစွမ်းပိုင်း အရဆိုရင်တော့ ယူနီယံဘာလင်တို့ အသင်းလိုက်ကစားပုံ ကောင်းနေပြီး တိုက်စစ်ကလည်း အားရစရာ ကောင်းနေပါတယ်။ ဟာသာဘာလင်ကတော့ အိမ်ကွင်း ရလဒ်ဆိုးရွားနေပြီး ယူနီယံဘာလင်တို့ကတော့ အဝေးကွင်းရလဒ် ကောင်းနေတယ်ဆိုတဲ့ အချက်ကို ထည့်စဉ်းစားရဖို့ ရှိနေပေမယ့် ဘာလင်ဒါဘီ မှာတော့ အိမ်ကွင်းရလဒ်ဆိုးကနေ ရုန်းထွက်မယ့် ဟာသာဘာလင် ဘက်မှာပဲ ရပ်တည်ချင်ပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်