နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ခြေစွမ်းပိုင်း အားရစရာမရှိပေမယ့် အာဘီလိုက်ပ်ဇစ်ကို အနိုင်ရခဲ့တဲ့ ပီအက်စ်ဂျီ – ချန်ပီယံလိဂ် ပွဲပြီးသုံးသပ်ချက်

ပီအက်စ်ဂျီ ၁-၀ အာဘီလိုက်ပ်ဇစ်

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာတော့ ပီအက်စ်ဂျီက ၁-ဝနဲ့ အနိုင်ရခဲ့တာကြောင့် ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ဖို့ မျှော်လင့်ချက် ရှင်သန်သွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရာသီက ချန်ပီယံလိဂ် ဖိုင်နယ်အဆင့်ထိ တက်ရောက်နိုင်ခဲ့တဲ့ ပီအက်စ်ဂျီတို့ အခုနှစ်မှာ မန်ချက်စတာယူနိုက်တက်၊ လိုက်ပ်ဇစ်၊ အစ္စတန်ဘူလ် ဘဆက်ခ်ရှီးယားတို့နဲ့ တစ်အုပ်စုတည်း ကျရောက်ခဲ့ပြီး ရုံးကန်နေရပါတယ်။
 

ပွဲစဉ် အကျဉ်းချုပ်

လိုက်ပ်ဇစ်တို့က မနေ့ညက ပွဲစဉ် မှာ ပွဲအချိန် အများစုအသာစီးရခဲ့ပေမယ့် နေမာရဲ့ ပင်နယ်တီ သွင်းဂိုးတစ်ဂိုးတည်းနဲ့ ပီအက်စ်ဂျီတို့ အနိုင် ၃ မှတ် အပြည့်ရခဲ့ပြီး ချန်ပီယံလိဂ် နောက်တစ်ဆင့် တက်ရောက်ဖို့ အခြေအနေ ကောင်းသွားခဲ့ပါတယ်။ ပထမအကျော့ လိုက်ပ်ဇစ် အိမ်ကွင်းမှာ ကစားခဲ့ချိန်တုန်းက ပီအက်စ်ဂျီမှာ အဓိက ကစားသမားတွေ ပါဝင်နိုင်ခဲ့ခြင်း မရှိပေမယ့် အခုပွဲမှာတော့ တိုက်စစ်မှာ အန်ဘာပေး၊ နေမာ၊ ဒီမာရီယာ၊ ကွင်းလယ်မှာ ပယ်ရီဒက်စ်၊ ပရဲရား၊ အန်ဒရီဟာရဲရား၊ နောက်တန်းမှာ ဖလော်ရန်ဇီ၊ မာကွင်ဟို၊ အဘ်ဒူလ် ဒိုင်ယာလို၊ မစ်ချယ် ဘက်ကာတို့နဲ့ လူစုံတက်စုံ ပွဲထွက်လာခဲ့ပါတယ်။ ပီအက်စ်ဂျီတို့ နောက်ဆုံးကစားခဲ့တဲ့ လီဂူးပွဲစဉ်နှစ်ပွဲမှာ ရန်းစ်ကို ၃ ဂိုးပြတ် အနိုင်ရပြီး မိုနာကို နဲ့ ပွဲစဉ်မှာ ၃-၂ နဲ့ ရှုံးနိမ့်ခဲ့လို့ ဒီပွဲစဉ်မှာတော့ နိုင်ပွဲပြန်ရှာဖို့ သောမက်စ်တူချယ်ရဲ့ အသင်းသားတွေ အာရုံစိုက်လာခဲ့ပါတယ်။ တူချယ်နဲ့ ဂျူလီယန်နေဂဲလ်စ်မန်းတို့ ဆရာတပည့် နှစ်ယောက်ရဲ့ တစ်နှစ်အတွင်း တတိယအကြိမ် မြောက် အားပြိုင်ပွဲမှာ ဆရာဖြစ်တဲ့ တူချယ်တို့ ၁ကြိမ်ပိုပြီး အသာရနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ထူးခြားချက်က ဒီပွဲမှာ အဝေးကွင်းမှာ လာရောက်ကစားတဲ့ လိုက်ပ်ဇစ်တို့ ခြေစွမ်းပိုင်း ပိုသာခဲ့ပြီး ဂိုးပေါက် ခြိမ်းခြောက်မှာ စုစုပေါင်း ၁၅ ကြိမ်အထိ ရှိခဲ့သလို ပီအက်စ်ဂျီကတော့ ၈ ကြိမ်ပဲ ရှိခဲ့ပါတယ်။ ဂိုးပေါက်တည့်မှု အကြိမ် အရေအတွက် ကတော့ ၃ ကြိမ်စီနဲ့ အတူတူပဲ ဖြစ်ပါတယ်။ ဒီပွဲမှာ လိုက်ဇစ်ကွင်းလယ်က ဟိုက်ဒါရာ၊ နောက်တန်း ကိုနိတ်၊ အူပါမီကာနိုတို့ တော်တောလေး ခြေစွမ်းကောင်းခဲ့တာ တွေ့ရပြီး ဂိုးသမား ဂူလပ်ဆီဟာလည်း ထိရောက်တဲ့ ကာကွယ်မှု ၂ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပီအက်စ်ဂျီ က ဒီမာရီယာ၊ နေမာ၊ မာကွင်ဟို၊ ဖလော်ရန်ဇီနဲ့ ဘက်ကာတို့ အပြင် ဂိုးသမား နားဗက်စ်ရဲ့ စွမ်းဆောင်ရည်ပိုကောင်းခဲ့လို့ အနိုင်ရလဒ်နဲ့ ထိုက်တန်ခဲ့တာ ဖြစ်ပါတယ်။
 

ပွဲပြီး သုံးသပ်ချက်

လိုက်ပ်ဇစ်အတွက် ကတော့ ချန်ပီယံလိဂ်မှာ နောက်တစ်ဆင့် တက်ဖို့ မျှော်လင့်ချက်‌တွေ ပြန်ပြီး မှေးမှိန်လာခဲ့ပြီး လာမယ့်ပွဲစဉ်တွေ မှာ အာရုံစိုက်ကစားဖို့ လိုအပ်နေပါတယ်။
ချန်ပီယံလိဂ် အုပ်စု (H) အောက်ဆုံးနေရာမှာ ရပ်တည်နေတဲ့ လိုက်ပ်ဇစ်

ဒီပွဲ အပြီးမှာ ပီအက်စ်ဂျီရဲ့ အသက်က အန်ဘာပေးနဲ့ နေမာတို့ ဖြစ်တယ်ဆိုတာ ကို ထပ်ပြီး သက်သေပြခဲ့ပြန်ပါတယ်။ နေမာ၊ အန်ဘာပေးတို့ မပါတဲ့ ပွဲစဉ်မှာ ဘယ်လောက်ထိ ရုံးကန်ရပြီး ပါတဲ့ ပွဲစဉ်တွေမှာ ဆိုရင် ဘယ်လောက်ထိ ပုံစံကောင်းကို ပြသနိုင်သလဲဆိုတာ မျက်မြင်ပါပဲ။ ပီအက်စ်ဂျီတို့ ဒီနှစ်ကစားပုံက မနှစ်ကထက် ပိုကောင်းတယ် ထင်ရပေမယ့် မထင်မှတ်ပဲ ခြေစွမ်းမတည်ငြိမ်မှုတွေ ကြောင့် ရလဒ်တွေ လည်း မကောင်းဖြစ်နေရတာပါ။ ပီအက်စ်ဂျီ တို့ လာမယ့် ဆောင်းရာသီ အပြောင်းအရွှေ့ကာလမှာ ကစားသမားသစ်တွေ မဖြစ်မနေ ဝယ်ယူသင့်နေပါပြီ။ လိုက်ပ်ဇစ်အတွက် ကတော့ ချန်ပီယံလိဂ်မှာ နောက်တစ်ဆင့် တက်ဖို့ မျှော်လင့်ချက်‌တွေ ပြန်ပြီး မှေးမှိန်လာခဲ့ပြီး လာမယ့်ပွဲစဉ်တွေ မှာ အာရုံစိုက်ကစားဖို့ လိုအပ်နေပါတယ်။
 

လာမယ့်ပွဲစဉ်များ

ပီအက်စ်ဂျီတို့ လာမယ့် နိုဝင်ဘာလ ၂၉ ရက်နေ့မှာ ဘော့ဒိုးအသင်းနဲ့ လီဂူးဝမ်းပွဲစဉ် ကစားဖို့ ရှိနေပြီး ချန်ပီယံလိဂ်မှာတော့ မန်ချက်စတာယူနိုက်တက်နဲ့ ဒုတိယ အကျော့ ကစားဖို့ ရှိနေပါတယ်။ အာဘီ လိုက်ပ်ဇစ်ကတော့ ဘွန်ဒက်စ်လီဂါမှာ အာမီးနီးယားဘိုင်လီဖဲလ်နဲ့ ကစားဖို့ ရှိပြီး ချန်ပီယံလိဂ်မှာတော့ အစ္စတန်ဘူလ် ဘဆက်ခ်ရှီးယားနဲ့ ကစားဖို့ ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်