နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပဲလေ့စ်အိမ်ကွင်းမှာ အနိမ့်ဆုံးသရေကစားမယ့် ဆောက်သမ်တန်

ခရစ္စတယ်ပဲလေ့စ် – ဆောက်သမ်တန်

လာမယ့် စက်တင်ဘာလ ၁၂ရက်နေ့ စနေနေ့ည ၈နာရီခွဲအချိန်မှာတော့ ခရစ္စတယ်ပဲလေ့စ်အသင်းဟာ အိမ်ကွင်းဆဲလ်ဟာ့စ်ပါ့ခ်မှာ ဆောက်သမ်တန်အသင်းကို ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ် ဧည့်ခံကစားရဖို့ရှိနေပါတယ်။ နှစ်စဉ် ပရီးမီးယားလိဂ် အမှတ်ပေးဇယားအလည်လောက်မှာ အထက်အောက်ရပ်တည်လေ့ရှိတဲ့ အသင်းနှစ်သင်းရဲ့ထိပ်တိုက်တွေ့ဆုံမှုဖြစ်ပြီး တွေ့ဆုံချိန်တိုင်းမှာ ပြိုင်ဆိုင်မှုပြင်းထန်လေ့ရှိတာကြောင့် SBOTOP ရဲ့ ပရီးမီးယားလိဂ် ပရိသတ်တွေ အကြိုက်ပွဲကောင်းတစ်ပွဲ
 

ဖြစ်လာဖို့ရှိနေပါတယ်။

ပြီးခဲ့တဲ့ရာသီက ဆောက်သမ်တန်အသင်းဟာ ပရီးမီးယားလိဂ် မှာ အဆင့် ၁၁ နေရာရပ်တည်နိုင်ခဲ့ပြီး ခရစ္စတယ်ပဲလေ့စ်ကတော့ ဆောက်သမ်တန်နဲ့ ၉ မှတ်အကွာ အဆင့် ၁၄ နေရာနဲ့ ရာသီသိမ်းခဲ့ပါတယ်။ အင်္ဂလန်နည်းပြရိုင်းဟော့ဆန်ရဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ၂၀၁၆ ခုနှစ်က ပရီးမီးယားလိဂ်ကို တန်းပြန်တက်လာခဲ့ပြီး နှစ်တိုင်း အဆင့် ၁၄ နေရာပတ်လည်မှာပဲ ကျင်လည်ခဲ့တာကိုတွေ့ရပါတယ်။ ပဲလေစ့်တို့အနေနဲ့ နှစ်စဉ်နှစ်တိုင်း ရာသီအစပိုင်းလောက်မှာ အကောင်းဆုံးပုံစံကို ပြသနိုင်ခဲ့ပေမယ့် ရာသီကုန်ချိန်မှာတော့ အဆင့် ၁၀ ကျော်နေရာတွေမှာပဲ ရပ်တည်နိုင်ခဲ့ပါတယ်။ ပဲလေ့စ်လိုပဲ ဆောက်သမ်တန်ဟာ ၂၀၁၆-၂၀၁၇ ဘောလုံးရာသီက ပရီးမီးယားလိဂ်ကို ပြန်လည်တက်လှမ်းလာခဲ့တဲ့ အသင်းဖြစ်ပြီး ရာသီကုန်ချိန်တိုင်းမှာလည်း အဆင့် ၁၀ ကျော်နေရာတွေမှာပဲ ရပ်တည်ထားနိုင်ပါတယ်။

ပြီးခဲ့တဲ့ ရာသီအကုန်လောက်မှာ ခရစ္စတယ်ပဲလေ့စ်အသင်းတော်တော်လေး ရုံးကန်ခဲ့ရပြီး နောက်ဆုံးစပါးကို သရေကျခဲ့တဲ့ ပွဲစဉ်မတိုင်မီ ၇ ပွဲဆက်တိုက်ရှုံးပွဲတွေ့ခဲ့လို့ ရာသီသိမ်းချိန်မှာ အဆင့် ၁၄ နေရာထိရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ ရှုံးပွဲ ၇ ပွဲမှာ ၆ ပွဲက ဂိုးလုံးဝသွင်းယူနိုင်ခြင်းမရှိခဲ့လို့ ပဲလေစ့်တို့ရဲ့ တိုက်စစ်ပိုင်းဟာ အသင်းအတွက် အဓိကအားနည်းချက်ဖြစ်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ တန်းဆင်းသွားခဲ့တဲ့ နော့ဝှစ်ချ်စီးတီးပြီးရင် ရဂိုးအနည်းဆုံးအသင်း ဖြစ်ခဲ့ပြီး သွင်းဂိုးစုစုပေါင်း ၃၁ ဂိုးပဲရခဲ့သလို ပေးဂိုးကလည်း ၅၀ထိရှိခဲ့ပါတယ်။ ဒါ့ကြောင့် နည်းပြ ရွိင်းဟော့ဆန် အနေနဲ့ ချဲလ်ဆီးက ဘတ်ရှူဝါရီကို အငှားနဲ့ ခေါ်ယူထားပြီး ဘယ်နောက်ခံကစားသမား နေသန်ဖာဂူဆန်နဲ့ ဘယ်တောင်ပံ ကစားသမား အီဇီတို့ကို ခေါ်ယူအားဖြည့်ထားပါတယ်။ ဘတ်ရှူဝါရီကတော့ ၂၀၁၈-၂၀၁၉ ဘောလုံးရာသီက ရာသီဝက် အငှားနဲ့ လာကစားခဲ့ဖူးပြီး ၁၃ပွဲကစားပြီး ၆ ဂိုးသွင်းယူနိုင်ခဲ့လို့ ပဲလေ့စ်တို့အတွက် အကျိုးရှိတဲ့ ခေါ်ယူမှုတစ်ခုလို့ ဆိုရမှာ ဖြစ်ပါတယ်။

ပြိုင်ဘက်ဆောက်သမ်တန်အသင်းရဲ့ ပြီးခဲ့တဲ့ရာသီစွမ်းဆောင်ရည်ကိုကြည့်မယ်ဆိုရင် အခြေအနေ မဆိုးဘူးလို့ ပြောရမှာ ဖြစ်ပါတယ်။ အိမ်ကွင်းစွမ်းဆောင်ရည် ညံ့ခဲ့ပေမယ့် အဝေးကွင်း စွမ်းဆောင်ရည်ပိုင်းမှာတော့ လစ်ဗာပူးလ်၊ မန်ချက်စတာစီးတီးတို့ပြီးရင် တတိယအကောင်းဆုံး အသင်းဖြစ်ခဲ့ပါတယ်။ အဝေးကွင်း ၁၉ ပွဲကစားပြီး ၉ ပွဲထိအနိုင်ရခဲ့သလို သရေ ၄ပွဲ ရှုံးပွဲ ၆ ပွဲပဲ ရှိခဲ့ပါတယ်။ ရက်ဖ်ဟာဆန်ဟက်တဲလ် ရဲ့ စိန့်တို့ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်နောက်ဆုံးနှစ်ပွဲမှာ ဘုန်းမောက်နဲ့ ရှက်ဖီးယူနိုက်တက်ကို အနိုင်ယူပြီး ၇ ပွဲဆက်ရှုံးပွဲမရှိပဲ ရာသီသိမ်းထားနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီက ဆောက်သမ်တန်အသင်းဟာ ပရီးမီးယားလိဂ်မှာ အဆင့် ၁၁ နေရာရပ်တည်နိုင်ခဲ့ပြီး
ပရီးမီးယားလိဂ် နောက်ဆုံး ၇ ပွဲဆက်ရှုံးပွဲမရှိသေးတဲ့ ဆောက်သမ်တန်

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်းအစဥ်အလာ

ထိပ်တိုက်တွေ့ဆုံမှုအရကြည့်မယ်ဆိုရင် ပရီးမီးယားလိဂ် နောက်ဆုံးတွေ့ဆုံမှု ၅ကြိမ်မှာ သရေနှစ်ပွဲကျထားပြီး ဆောက်သမ်တတန်အသင်းက ၂ပွဲနိုင်၊ ခရစ္စတယ်ပဲလေ့စ်က ၁ပွဲအနိုင်ရထားခဲ့ပါတယ်။ တွေ့ဆုံချိန်တိုင်းမှာ ဆောက်သမ်တန်အသင်းအသာရခဲ့တာများပြီး ခရစ္စတယ်ပဲလေ့စ်ကတော့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်တိုင်းမှာ ရုံးကန်ရလေ့ရှိတဲ့ အစဉ်အလာရှိနေပါတယ်။ လက်ရှိခြေစွမ်းပိုင်းအရဆိုရင်တော့ ရွိုင်းဟော့ဆန်အနေနဲ့ အသင်းအတွက် ကစားသမားသစ်တွေနဲ့ အင်အား

ဖြည့်တင်းမှုတွေ ပြုလုပ်ထားလို့ အိမ်ကွင်းမှာ ရလဒ်ကောင်းရှာတွေ့ဖို့ ကြိုးပမ်းလာမှာပါ။ ဆောက်သမ်တန်ကတော့ အသင်းမှာ ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူး ဒန်နီအင့်ဂ်ကို စာချုပ်သက်တမ်းတိုးထားနိုင်ခဲ့ပြီး စပါးက ညာနောက်ခံလူ ကိုင်လီဝေါ်လ်ကာပီတာနဲ့ ရီးရဲဗယ်လာဒိုးလစ်က ဗဟိုခံစစ်မှူး မိုဟာမက်ဆယ်လီဆူ ကိုခေါ်ယူထားနိုင်ပါတယ်။ လက်ရှိကစားသမားစုဖွဲ့မှုအနေအထားအရ ကြည့်မယ်ဆိုရင် တစ်သင်းနဲ့တစ်သင်း မတိမ်းမယိမ်းအနေအထားမှာ ရှိနေတယ်လို့ ပြောနိုင်ပါတယ်။ ဒီပွဲမှာ ဆောက်သမ်တန်က ဒန်နီအင့်ဂ်ဦးဆောင်လာမယ့်တိုက်စစ်နဲ့ ပဲလေ့စ်က ဇာဟာ၊ ဂျော်ဒန် အော်ရူး တို့ပါဝင်လာမယ့် တိုက်စစ်အားပြိုင်ရမယ့် ပွဲဖြစ်ပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ခရစ္စတယ်ပဲလေ့စ် – ဆောက်သမ်တန် အချိန်ပြည့် သရေ@ ၁.၅၄ ဆ
စက်တင်ဘာ ၁၂ ရက် , ည ၈:၃၀ နာရီ(GMT + ၆:၃၀)

1×2ရဲ့ ပေါက်ကြေးအရ အိမ်ရှင် အနိုင်ရမယ်ဆိုရင် ၂.၉၆ဆရရှိမှာဖြစ်ပြီးတော့ ဧည့်သည်အသင်းအတွက်ဆိုရင်တော့ ၂.၃၇ ဆ ရရှိမှာ ဖြစ်ပါတယ်။ သရေ အတွက် ကိုတော့ ၄.၂၀ဆဖြစ်ပါတယ်။ ခြေစွမ်းပိုင်းသိပ်မကွာတဲ့ အသင်းနှစ်သင်းရဲ့ထိပ်တိုက်တွေ့ဆုံမှုဖြစ်တဲ့အပြင် အဖွင့်ပွဲစဉ် ဖြစ်နေလို့ ခန့်မှန်းရတော့ခက်ပါတယ်။ နောက်ပြီးတော့ ဒီနှစ်သင်းရဲ့ အနိုင်အရှုံးဟာ အိမ်ကွင်းအဝေးကွင်း အားသာချက် အပေါ်မူတည်ခြင်းမရှိခဲ့တာကိုလည်း တွေ့ထားရပါတယ်။ လက်ရှိလူစုဖွဲ့မှုအရဆိုရင်တော့ ဆောက်သမ်တန်ကို ပိုသဘောကျပေမယ့် ကစားသမားကောင်းတချို့ ခေါ်ယူအားဖြည့်ထားတဲ့ ပဲလေ့စ်ရဲ့ ကွင်းမှာကစားရမှာဖြစ်လို့ သရေရလဒ်ပဲ အမြင့်ဆုံးမျှော်လင့်ထားချင်ပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်